Home သတင်း ‌မေတ္တာမြို့နယ်ခွဲရှိ ဆင်ဖြူတိုင် ရွာသားတစ်ဦးကို အစိုးရစစ်တပ် ရိုက်နှက်ဖမ်းဆီး

‌မေတ္တာမြို့နယ်ခွဲရှိ ဆင်ဖြူတိုင် ရွာသားတစ်ဦးကို အစိုးရစစ်တပ် ရိုက်နှက်ဖမ်းဆီး

2005
ဇန်နဝါရီလ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

နည်းဗျူဟာ-၃ ဗိုလ်မှူးကြီး ကြည်စိုး
တနသင်္ာရီတိုင်း၊ ‌မေတ္တာမြို့နယ်ခွဲရှိ ဆင်ဖြူတိုင်‌ကျေးရွာဂိတ်‌စောင့်သည့် ရွာသားတစ်ဦးကို အစိုးရစစ် တပ်မှ ဗိုလ်မှူးကြီးတစ်ဦးက ဖိနပ်ဖြင့် ရိုက်နှက်ကာ ပြန်မလွှတ်‌ပေး‌သေးဘဲ ၎င်းတို့စခန်းတွင် ယ‌နေ့ အထိ ဖမ်းဆီးချုပ်‌နှောင်ထားဖြစ်‌ကြောင်း သိရှိရသည်။

ယမန်‌နေ့(ဇန်နဝါရီ ၂ဝရက်‌နေ့) ည‌နေ ၃နာရီက ဆင်ဖြူတိုင်ရွာဂိတ်‌စောင့်‌နေသည့် အသက် ၃ဝ ‌ကျော်ရှိသူ ‌စောအ‌ပေ့သည် ယာဉ်အဝင်အထွက် စစ်‌ဆေး‌နေစဉ် ဆိုင်ကယ်‌မောင်းနှင်လာသူ တစ်ဦးက မရပ်တန့် ‌ပေးသဖြင့် ‌နောက်မှ လိုက်ပါသွားရင်း ဝါး‌တောရွာ အ‌ရောက်တွင် စစ်တပ်၏ ဖမ်းဆီးရိုက် နှက်ခြင်းကို ထိုသို့ ခံခဲ့ရခြင်းဖြစ်သည်ဟု ဆင်ဖြူတိုင်‌ဒေသခံတစ်ဦးက ‌ပြောသည်။

“‌မေတ္တာရွာက ‌စောရမ်ဘိုဆိုသူက ဆိုင်းကယ်နဲ့ ဂိတ်က‌နေဖြတ်သွား‌တော့ သူ့ကို‌စောအ‌ပေ့က စစ်‌ဆေးဖို့ ရပ်ခိုင်းတယ်။ မရပ်‌ပေးဘဲ ‌မောင်း‌တော့ ‌စောအ‌ပေ့က ဆိုင်ကယ်နဲ့ ‌နောက်က‌နေ လိုက်သွား တဲ့အခါ ဝါး‌တော‌ကျေးရွာလည်း ‌ရောက်‌ရော စစ်တပ်က ဖမ်းပြီး ‌စောအ‌ပေ့ မျက်နှာကို ဖိနပ်နဲ့ ၅ချက် ရိုက်ပြီး ဖမ်းထားလိုက်ကြတယ်”ဟု ‌ပြောသည်။

‌စောအ‌ပေ့ကို ရိုက်နှက်ဖမ်းဆီးခဲ့သူသည် လက်ရှိ ဝါး‌တော‌ကျေးရွာ၌ တာဝန်ထမ်း‌ဆောင်‌နေသည့် မြန်မာအစိုးရ စကခ(၈)လက်‌အောက်ခံ ‌ရှေ့တန်း နည်းဗျူဟာ (၃)မှ ဗိုလ်မှူးကြီး ကြည်စိုးက ဖြစ်သည် ဟု ‌ဒေသခံများက ဆိုသည်။

၎င်း‌ဒေသတွင် လှုပ်ရှား‌နေသည့် ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်/ထားဝယ်ခရိုင် ‌မေတ္တာ မြို့နယ်၊ ‌ချောင်းမကြီး(ထီးမူပွာ)နယ်‌မြေ ဥက္ကဌ ‌စောမူးက‌ပေါ်က ဝါး‌တော‌ကျေးရွာတွင် အ‌ခြေစိုက် သည့် မြန်မာအစိုးရ စစ်တပ်သည် ‌စောအ‌ပေ့အား ကြိုးဖြင့် ချုပ်‌နှောင်ထားပြီး ယ‌နေ့ည‌နေအချိန်ထိ ပြန်မလွတ်‌ပေး‌သေး‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောမူးက‌ပေါ်က “ကျ‌နော်တို့ စုံစမ်းသိရှိရသ‌လောက် ရွာသားမှာ အပြစ်မရှိဘူး။ သူ့ကို လွတ်‌ပေးဖို့ ကျ‌နော်လူ သုံး‌ယောက် လွှတ်လိုက်တယ်။ ဒါ‌ပေမယ့် ပြန်မလွတ်‌ပေး‌သေးဘူး။ အပစ်ရပ်အချိန် မဟုတ်ဘူးဆိုရင် ဒီလူကို သတ်ပစ်လိုက်တာ ကြာပြီလို့ ကျ‌နော့်လူ‌တွေကို ‌ပြောတယ်။ ‌နောက် ဆင်ဖြူ တိုင်ရွာကို မီးရှို့ပစ်ဖို့လည်း ခြိမ်း‌ခြောက်ထားတယ်”ဟု ‌ပြောသည်။

ဆက်လက်၍ ဗိုလ်မှူးကြီး ကြည်စိုးက KNU ဘိတ်/ထားဝယ်ခရိုင် တပ်မဟာ(၄)မှူး ဗိုလ်မှူးချုပ် ‌စောဒါး‌ကျော်လူနှင့်သာ စကား‌ပြောဆို‌စေလို‌ကြောင်း ၎င်းလွှတ်ထားသည့် လူများကို ‌ပြောဆိုခဲ့သည်ဟု ‌စောမူးက‌ပေါ်က ဆိုသည်။

ဆင်ဖြူတိုင်‌ကျေးရွာ ရွာသားတစ်ဦးအား အစိုးရစစ်တပ်မှ အ‌ကြောင်းမဲ့ရိုက်နှက်ပြီး ဖမ်းဆီးထားမှုကို သက်ဆိုင်ရာမှ သိရှိ‌စေရန်အတွက် KNU ထားဝယ်ဆက်ဆံ‌ရေးသို့ အ‌ကြောင်းကြားစာ တင်ပို့သွားမည် ဟု ထို‌ဒေသအ‌ခြေစိုက် KNU က ‌ပြောသည်။