Home သတင်း ဖမ်းဆီးခံထားရပြီး ပြန်လည် လွတ်‌မြောက်လာသည့် ဆင်ဖြူတိုင်ရွာသား စိတ်ကျန်မာ‌ရေးထိခိုက်

ဖမ်းဆီးခံထားရပြီး ပြန်လည် လွတ်‌မြောက်လာသည့် ဆင်ဖြူတိုင်ရွာသား စိတ်ကျန်မာ‌ရေးထိခိုက်

1620
ဇန်နဝါရီလ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ‌မေတ္တာမြို့နယ်ခွဲရှိ ဝါး‌တော‌ကျေးရွာ အစိုးရစစ်တပ်စခန်းတွင် ဖမ်းဆီးခံထားရသည့် ဆင်ဖြူတိုင်‌ကျေးရွာသား ‌စောအ‌ပေ့ကို အထက်အမိန့်ဖြင့် ယခုလ ၂၂ ရက်‌နေ့၊ ‌နေ့လည် ၁၁ နာရီတွင် ပြန်လည်လွှတ်‌ပေးလိုက်ပြီဖြစ်‌သော်လည်း စိတ်ကျန်းမာ‌ရေး ထိခိုက်‌နေသည်ဟု သိရသည်။

ဆင်ဖြူတိုင်‌ကျေးရွာနှင့် နီးစပ်သူတစ်ဦးက “‌စောအ‌ပေ့ ပြန်လွတ်လာ‌တော့ တကိုယ်လုံးမှာလည်း ဒဏ်ရာ‌တွေချည်းပဲ။ မျက်နှာမှာလည်း ရိုက်ထားတဲ့ ဒဏ်ရာ‌တွေနဲ့ ဦး‌နှောက်‌တောင် သိပ်အလုပ်မလုပ်‌တော့ ဘူး။ လက်ကိုကြိုးတုပ်ပြီး ဖမ်းထား‌တော့ လက်က ‌သေ‌နေသလို ဖြစ်သွားတာ။ ပြန်လွတ်လွတ်လာ ခြင်း ဘာမှကို ‌မေးလို့ကို မရဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလ ဇန်နဝါရီ ၂ဝရက်‌နေ့က ဆင်ဖြူတိုင်ရွာဂိတ်‌စောင့် အသက် ၃ဝ ‌ကျော်အရွယ် ‌စောအ‌ပေ့သည် ယာဉ်အဝင်အထွက် စစ်‌ဆေး‌နေစဉ် ဆိုင်ကယ်‌မောင်းနှင်လာသူတစ်ဦးက မရပ်တန့်‌ပေးသဖြင့် ‌နောက် မှ လိုက်သွားရင်း ဝါး‌တောရွာအ‌ရောက်တွင် ‌ရှေ့တန်းစစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ-၈) လက်‌အောက် ခံ ‌ရှေ့တန်းနည်းဗျူဟာ(၃)ဗိုလ်မှူးကြီးကြည်စိုးက ၎င်းအား ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

‌စောအ‌ပေ့ကို ပြန်လွတ်‌ပေးရန် ကရင်အမျိုးသားအစည်းအရုံး-KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို ‌စောကွယ်ထူးဝင်းမှ တနသင်္ာရီတိုင်း‌ဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုထံသို့ အ‌ကြောင်းအကြားခဲ့ပြီး‌နောက် ထိုသို့ ပြန်လွတ်လာခဲ့ခြင်းဖြစ်‌ကြောင်း KNU ဘိတ်/ထားဝယ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

“ဝန်ကြီးချုပ်ဦးမြတ်ကိုက အုပ်ချုပ်‌ရေးပိုင်းက ဖြစ်‌နေ‌တော့ သူက ဘာမှမလုပ်‌ပေးဘူး။ အဲဒါနဲ့ သူက စစ်ဘက်နဲ့ဆိုင်တဲ့ တနသင်္ာရီတိုင်းမှူးကို အ‌ကြောင်းကြားလိုက်တယ်။ အဲဒီက‌နေဆင့် ဗိုလ်မှူးကြီး ကြည်စိုးကို ပြန်လွှတ်‌ပေးလိုက်လို့ အမိန့်‌ပေးမှ ပြန်လွှတ်‌ပေးတာ”ဟု သူက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌စောအ‌ပေ့ လွတ်‌မြောက်ရန် KNU တပ်မဟာ(၄)မှ တာဝန်ရှိသူများက လိုက်လံစုံစမ်းခဲ့ပြီး KNU ထားဝယ်ဆက်ဆံ‌ရေးမှတဆင့် သက်ဆိုင်ရာသို့ အ‌ကြောင်းကြားစာများတင်ပို့ခဲ့သကဲ့သို့ ဖမ်းဆီး ခံရမှု၏ အ‌ကြောင်းအရင်းအစုံကို စုံစမ်းကာ ၎င်းသည် အပြစ်တစုံတရာ ကျူးလွန်ခဲ့ခြင်း မရှိ‌ကြောင်း လည်း သူက ဆက်‌ပြောသည်။

အလားတူ ယခုလ ဇန်နဝါရီ ၂၁ရက်‌နေ့၊ ည‌နေ ၉နာရီအချိန်၌လည်း ဆင်ဖြူတိုင်ရွာသား ‌စောမင်းမင်း ဆိုသူအား ဆင်ဖြူဆင်အ‌ခြေစိုက် ‌ခြေမြန်တပ်ရင်း(ခမရ-၂၆၀)တပ်ရင်းမှူးက ပါး ၈ ချက်ရိုက်ခဲ့‌သေး သည်ဟုလည်း သိရသည်။

လက်ရှိအချိန်တွင် ဆင်ဖြူတိုင်‌ကျေးရွာအနီးတွင် အစိုးရတပ်များချထား၍ သတ်မှတ်ထားသည့် ‌နေရာ သို့ မလာ‌ရောက်ရန်နှင့် လာ‌ရောက်လျှင် ရွာကို မီးရှို့မည်ဟု ဆင်ဖြူတိုင်အ‌ခြေစိုက် အစိုးရစစ်တပ်မှ ခြိမ်း‌ခြောက်ထား‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။