Home သတင်း ခရာဘွမ်တွင် KIA ကို အစိုးရ စစ်တပ် ဆက်လက်တိုက်ခိုက်‌နေ

ခရာဘွမ်တွင် KIA ကို အစိုးရ စစ်တပ် ဆက်လက်တိုက်ခိုက်‌နေ

2005
ဇန်နဝါရီလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်‌မြောက်‌ရေး တပ်မ‌တော်-KIA ထိန်းချုပ်ရာနယ်‌မြေဖြစ် သည့် လဂျားယန်‌ဒေသအနီး ခရာ ဘွမ်‌တောင်စခန်းတွင် အစိုးရ စစ်တပ်ဘက်မှ ‌တောင်ကြားများတွင် ‌နေရာယူပြီး KIA နယ်‌မြေအတွင်းသို့ ‌နေ့စဉ်ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်‌နေ‌ကြောင်း သိရသည်။

ခရာဘွမ်‌ဒေသခံ ‌ဒေါ်လင်းလက်က “မနက် ၃နာရီကတည်းက‌နေစဖြစ်တာ အခုချိန်ထိပါပဲ။ အခု ည‌နေမိုးချုပ်ခါနီးအထိလည်း ပစ်ခတ်‌နေတုန်းပါပဲ။ လက်နက်ကြီး‌တွေနဲ့ ထု‌နေတုန်းပါပဲ။ ဒီမှာရှိတဲ့ ဒုက္ခသည်‌တွေကလည်း စိုးရိမ်‌ကြောက်လန့်‌နေကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ခရာဘွမ်‌တောင်စခန်းတွင် ယခုလ(ဇန်နဝါရီလ) ဒုတိယအပတ်မှစတင်ပြီး အစိုးရစစ်တပ်များက KIA နယ်‌မြေအတွင်း ထိုးစစ် ဆင်လာခဲ့သည်မှာ ယခုအချိန်ထိရှိပြီဖြစ်‌သော် လည်း တိုက်ပွဲများ ‌နေ့စဉ် ရက်ဆက်ဖြစ်ပွား‌နေ‌ကြောင်း ‌ဒေါ်လင်းလက်က ဆက် ‌ပြောသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား‌နေသည်နှင့်အမျှ ‌နေပြည်‌တော်တွင် ကျင်းပ‌နေသည့် အမျိုးသားလွှတ်‌တော် တွင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦးလှ‌ဆွေက “KIA အား အပြုတ်တိုက် ‌ချေမှုန်းနိုင်မှသာ ပြည်တွင်းငြိမ်းချမ်း‌ရေး တည်‌ဆောက်နိုင်မည်”ဟု ယမန်‌နေ့(ဇန်နဝါရီလ ၂၄ရက်)က ‌ပြောဆိုသည်။

ယခုလ ဇန်နဝါရီလ ၂ဝရက်‌နေ့ကလည်း မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်မှ အစိုးရတပ်အ‌နေဖြင့် ကိုယ့်ကိုကိုယ် ခုခံမှုမှလွဲ၍ KIA အား မတိုက်ခိုက်ရန် ထပ်မံ ‌ပြောဆိုခဲ့သလို လိုင်ဇာဌာနချုပ်ကိုလည်း တိုက်ခိုက်သိမ်းပိုက်မည် မဟုတ်‌ကြောင်း ‌ပြောဆိုခဲ့ ‌သော်လည်း KIA တပ်စခန်းရှိ‌နေရာအချို့တွင် ယခုလို တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေခြင်းဖြစ်သည်။