Home သတင်း ထိုင်းရှိ အ‌မေရိကန်နှင့် တရုတ်‌ကောင် စစ်ဝန်ရုံးတို့‌ရှေ့တွင် ထိုင်းနိုင်ငံ‌ရောက် ကချင်များ ဆန္ဒထုတ်‌ဖော်

ထိုင်းရှိ အ‌မေရိကန်နှင့် တရုတ်‌ကောင် စစ်ဝန်ရုံးတို့‌ရှေ့တွင် ထိုင်းနိုင်ငံ‌ရောက် ကချင်များ ဆန္ဒထုတ်‌ဖော်

1412
ဇန်နဝါရီလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကချင်‌ဒေသအတွင်း အစိုးရတပ်၏ ထိုးစစ်ဆင်မှုကို ချက်ချင်းရပ်တန့်‌ပေးရန် ထိုင်းနိုင်ငံ‌ရောက် ကချင်လူမျိုးများက ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ အ‌မေရိကန်‌ကောင်စစ်ဝန်ရုံးနှင့် တရုတ်‌ကောင်စစ်ဝန် ရုံး‌ရှေ့တို့တွင် ယ‌နေ့မနက်၌ သွား‌ရောက်စု‌ဝေးပြီး ဆန္ဒ‌ဖော်ထုတ် ခဲ့ကြသည်။

ဆန္ဒပြသူများသည် မနက် ၉ နာရီခွဲမှစ၍ တရုတ်‌ကောင်စစ်ဝန်ရုံး‌ရှေ့၌ မိနစ် ၂ဝခန့် ဆန္ဒထုတ်‌ဖော်ခဲ့ပြီး တဆက်တည်းတွင် အ‌မေရိကန်‌ကောင်စစ်ဝန်ရုံး‌ရှေ့သို့ ဆက်လက်သွား‌ရောက်၍ ၁နာရီခန့် ဆန္ဒထုတ်‌ဖော်ခဲ့ပြီး‌နောက် ‌နေ့လည် ၁၁နာရီခွဲအချိန် တွင် ဆန္ဒထုတ်‌ဖော်မှုကို အဆုံးသတ်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြထုတ်‌ဖော်မှုတွင် ဦး‌ဆောင်ပါဝင်သူ မဆိုင်းဇင်က “တရုတ်နဲ့ အ‌မေရိကန်တို့ရဲ့ ‌ကောင်စစ်ဝန်ရုံး‌ရှေ့မှာ ကျမတို့ ဆန္ဒ‌ဖော် ထုတ်ရာမှာ နိုင်ငံ‌ရေးကိစ္စက‌တော့ အတူတူပဲ ‌တောင်းဆိုတယ်။ အခု ကချင်ပြည်နယ်မှာ ဖြစ်‌နေတဲ့ ထိုးစစ်ကို ရပ်ဆိုင်းဖို့၊ နိုင်ငံ ‌ရေးနည်းနဲ့ ‌ဆွေး‌နွေးအ‌ဖြေရှာပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်း‌ရေးအတွက် မြန်မာအစိုးရကို ဖိအား‌ပေးကြဖို့‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် တရုတ်‌ကောင်စစ်ဝန်ရုံးတွင် ဆန္ဒပြခဲ့ရာတွင် လက်ရှိ စစ်ပွဲအတွင်းတွင် ထွက်‌ပြေးခိုလှုံ‌နေရ‌သော ဒုက္ခသည်များကို တရုတ်အစိုးရမှ လူသားချင်း စာနာ‌ထောက်ထားရန်လည်း ၎င်းတို့က ‌တောင်းဆိုသွား‌ကြောင်း သူမက ယခုလို ဆက်‌ပြောသည်။

“တရုတ်‌တွေနဲ့ နယ်‌မြေချင်းလည်း ထိစပ်‌နေတဲ့ နယ်စပ်တစ်‌လျှောက်လုံးမှာ အတူတူ‌နေထိုင်ခဲ့ကြတယ်။ အခုလို ကချင်လူမျိုး ‌တွေ ဒုက္ခ‌ရောက်‌နေတဲ့အချိန်မှာ တရုတ်အစိုးရအ‌နေနဲ့ အကူအညီ‌ပေးဖို့နဲ့ အခြားအကူအညီ ‌ပေးမယ့်သူ‌တွေကိုလည်း လွတ် လွတ်လပ်လပ်နဲ့ အကူအညီ‌ပေးနိုင်ခွင့် ပြု‌ပေး‌စေချင်ပါတယ်”ဟု မဆိုင်းဇင်က ဖြည့်စွက်‌ပြောသည်။

ယ‌နေ့ ဆန္ဒထုတ်‌ဖော်‌တောင်းဆိုမှုတွင် ထိုင်းနိုင်ငံရှိ‌ရောက် ကချင်လူမျိုးများသာမက အခြားတိုင်းရင်းသားများဖြစ်ကြသည့် သျှမ်း၊ ရခိုင်လူမျိုးများအပြင် အခြားစိတ်ဝင်စားသူ တရုတ်လူမျိုးများလည်း ပါဝင်ခဲ့ကြကာ စုစု‌ပေါင်း ဆန္ဒပြသူဦး‌ရေ ၁၀၀‌ကျော်ရှိ သည်ဟု သိရသည်။

ဆက်လက်၍ ဆန္ဒထုတ်‌ဖော်‌တောင်းဆိုမှုနှင့် တရက်တည်းမှာပင် ထိုင်းနိုင်ငံ‌ရောက် ကချင်လူမျိုးများက လက်ရှိဖြစ်‌ပေါ်‌နေ‌သော ထိုးစစ်ဆင်‌နေမှုများအ‌ပေါ်ဇန်နဝါရီလ ၂၅ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် သ‌ဘောထား‌ကြေညာချက်တွင် မြန်မာအစိုးရစစ်တပ် သည် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA အား ထိုးစစ်ဆင်ရာ၌ ‌ဒေသခံလူထုများ၏ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ် သားများအား အ‌ကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ ကချင်အမျိုးသမီးများအား ဖမ်းဆီးမုဒိမ်းကျင့်ခြင်း စသည့်ရာဇဝတ်မှုတို့ကို ကျူးလွန် ခဲ့‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် ‌ကြေညာချက်၌ တရုတ်အစိုးရအ‌နေဖြင့် နိုင်ငံ‌ရေးအရ စစ်မှန်‌သော ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ‌ပေါ်ထွန်း‌ရေးအ တွက် မြန်မာအစိုးရအား တိုက်တွန်း‌ပေးရန်၊ စစ်‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်ရ‌သော ကချင်ဒုက္ခသည်များအား တရုတ်နိုင်ငံတွင် ခိုလှုံခွင့်‌ပေးရန်နှင့် ဒုက္ခသည်များကို ကူညီနိုင်‌ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး-UNHCR အပါ အဝင် ဒုက္ခသည်ကူညီ‌ရေးအဖွဲ့များအား တရုတ်နိုင်ငံအတွင်းရှိ လမ်းများကို အသုံးပြုခွင့်‌ပေးရန် စသည့်အချက် ၃ချက်ကို ‌တောင်းဆိုထားသည်။

ယမန်‌နေ့ ဇန်နဝါရီလ ၂၄ရက်‌နေ့၌လည်း ရန်ကုန်ရှိ အ‌မေရိကန်သံရုံးမှလည်း ကချင်ပြည်နယ်တွင် တိုက်ပွဲအ‌ပေါ် ပြင်းထန်စွာ ကန့်ကွက်ထားပြီး လူသားချင်းစာနာ‌သော အကူအညီများကို အတားအဆီးမရှိ ဝင်ခွင့်ပြုရန်နှင့် ‌ရေရှည်တည်တံ့‌သော ငြိမ်းချမ်း ‌ရေးရရှိရန် KIA နှင့် အစိုးရတို့ အမြန်ဆုံး လုပ်‌ဆောင်ရန် တိုက်တွန်းသည့် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ထား‌သေးသည်။