Home သတင်း အမည်မသိ အဖွဲ့တစု ‌လောင်း ကစားဝိုင်း‌ငွေများ လုယက်သွား

အမည်မသိ အဖွဲ့တစု ‌လောင်း ကစားဝိုင်း‌ငွေများ လုယက်သွား

1514
ဇန်နဝါရီလ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အပိုင်ရှိ ဝမ်းစကင်း‌ကျေးရွာတွင် ယမန်‌နေ့ညက အာဝါ‌ဒေး(စု‌ပေါင်း‌လောင်းကစားပွဲ) ကျင်းပရာသို့ အမည်မသိ ‌သေနတ်သမားတစ်စု ဝင်‌ရောက်လာပြီး ‌လောင်းကစားဝိုင်းများမှ ‌ငွေ‌ကြေးများကို လုယက်ယူငင်သွားခဲ့သည်။

ကိုယ်တိုင်မြင်‌တွေ့ခဲ့သူ မြဝတီမြို့ခံတစ်ဦးက “အာဝါ‌ဒေးမှာ ဇာတ်ပွဲမကခင် ည ၉နာရီခွဲ‌ကျော်‌ကျော် ကားနှစ်စီးနဲ့ ဆိုင်ကယ်နှစ် စီး ဝင်လာပြီး ကစားဝိုင်း‌တွေက ‌ငွေ‌တွေအကုန်လုံး သိမ်းယူသွားတယ်။ ဝင်လာတာနဲ့ အကုန်‌ခေါင်းငုံ့။ တ‌ယောက်မှ ‌မော်မကြည့် နဲ့။ အကုန်ပစ်ထည့်လိုက်မယ်လို့ ‌ပြောတယ်။ အဖြစ်အပျက်က ၅မိနစ်‌ကျော်‌လောက်ပဲ သိပ်မကြာဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယခု အာဝါ‌ဒေးပွဲကို မွန်ငြိမ်းချမ်း‌ရေးအဖွဲ့မှ ပြုလုပ်သည်ဟု ‌ခေါင်းစဉ်တပ်ထားကာ နယ်ခြား‌စောင့်တပ်များက လုံခြုံ‌ရေးအဖြစ် တာဝန်ယူထား‌သော်လည်း ၎င်းအမည်မသိအဖွဲ့များ ရုတ်တရက် ဝင်‌ရောက်လာပြီး ခြိမ်း‌ခြောက်‌ပြောဆို လုယူသဖြင့် လုံခြုံ‌ရေး ယူထားသူများလည်း ထွက်‌ပြေးသွားကြသည်ဟု မြင်‌တွေ့သူများက ‌ပြောဆိုသည်။

ဇန်နဝါရီလအတွင်း ဝမ်းစကင်းရွာတွင် အာဝါ‌ဒေးပွဲကို တစ်ရက်ခြားခန့် ပြုလုပ်ကျင်းပခဲ့သလို ဇာတ်ပွဲကိုလည်း ဟန်ပြအဖြစ် တစ်ည ၄သိန်းကျပ်ဖြင့် ငှားထားသည်ဟု သိရသည်။

အဆိုပါ ‌လောင်းကစားဝိုင်းများမှ ‌ငွေလုယက်ယူငင်သွားသူများမှာ ရဲ၊ အ‌ကောက်ခွန်၊ စစ်တပ် စသည့်အဖွဲ့စုံမှ ဖြစ်သည်ဟု ပွဲ လာသူများက ခန့်မှန်း‌ပြောဆို‌နေကြ‌သော်လည်း ထိုကိစ္စမှာ မြဝတီမြို့နယ်တွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းသာ ဖြစ်နိုင်သည်ဟု အမည်မ‌ဖော်လိုသူ ရဲအရာရှိတစ်ဦးက ယခုလို ‌ပြောသည်။

“အမှန်‌တော့ အာဝါ‌ဒေးပွဲဟာ တရားမဝင်ဘူး‌လေ။ ဒီမြို့မှာက လက်နက်ကိုင်အဖွဲ့‌တွေက များ‌တော့ အခုဖြစ်တာလည်း သူတို့ အချင်းချင်း ဖြစ်တာဖြစ်မှာပါ”ဟု ၎င်းရဲအရာရှိက ‌ကေအိုင်စီသို့ ‌ပြောသည်။