Home သတင်း BGF ပစ်ခတ်၍ KNLA တပ်ကြပ်တစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိ

BGF ပစ်ခတ်၍ KNLA တပ်ကြပ်တစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိ

2035
ဇန်နဝါရီလ ၂၈ရက်၊ ၂၀၁၃ ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ မယ်လာထာ့‌ကျေးရွာ အနီးတဝိုက်ရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA တပ်ဖွဲ့တစ်ဖွဲ့ကို မဲဆိပ်အ‌ခြေစိုက် နယ်ခြား‌စောင့်တပ်-BGF (၁၀၁၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့က သွား‌ရောက်ပစ်ခတ်၍ KNLA တပ်ကြပ်တစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

ယခုလ ဇန်နဝါရီ ၂၂ရက်‌နေ့၊ နံနက် ၁ဝနာရီက အင်အား ၂ဝ ဝန်းကျင်ရှိ BGF တပ်ဖွဲ့ဝင်အချို့သည် မဲဆိပ်မှ‌နေ၍ မယ်လာထာ့ သို့ သွား‌ရောက်၍၎င်းတို့ KNLA တပ်ဖွဲ့ဝင်ကို ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU ဖာပွန်ခရိုင်မှ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ယခုလို ‌ပြောသည်။

၎င်းက “မဲဆိပ်နဲ့ မယ်လာထာ့ဆိုတာက ‌ခြေလျင်နဲ့ဆို ၂နာရီ ခရီး‌လောက် ရှိတယ်။ ဒါကိုကြည့်ရင် တမင်တက်လာပြီး KNLA တပ်ဖွဲ့‌တွေကို ချုံခိုက်တိုက်ခိုက်တာ။ တိုက်ပွဲက မိနစ် ၃၀‌လောက်‌တော့ ကြာတယ်။ တိုက်ပွဲအပြီး ကျ‌နော်တို့ဘက်က တစ် ‌ယောက်နဲ့ အရပ်သားတစ်‌ယောက် ဒဏ်ရာရသွားတယ်။ သူတို့ဘက်က အ‌ခြေအ‌နေ‌တော့ မသိရဘူး”ဟု ‌ပြောသည်။

ထိုသို့ KNLA တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး‌နောက် ဇန်နဝါရီလ ၂၄ရက်‌နေ့တွင် KNU တပ်မဟာ(၅)၊ ဖာပွန်ခရိုင်ရုံးဘက်မှ ဖာပွန် အ‌ခြေစိုက် အစိုးရစစ်တပ်ဗျူဟာဌာနသို့ အ‌ကြောင်းကြားစာတစ်‌စောင် ပို့ခဲ့‌သော်လည်း ယခုထိ အ‌ကြောင်းပြန်ကြားမှု တစုံတရာ မရှိ‌သေး‌ကြောင်း သူက ဆက်‌ပြောသည်။

BGF (၁၀၁၄)တပ်ရင်းသည် ဗိုလ်မှူး‌စော‌မောင်ချစ်က ဦး‌ဆောင်သည့်အဖွဲ့ဖြစ်ပြီး ယခုလို အပစ်အခတ်ရပ်စဲ‌ရေးကာလတွင် KNLA အား အ‌ကြောင်းမဲ့ တိုက်ခိုက်ခြင်းသည် လက်ခံနိုင်စရာ မရှိ‌ကြောင်း၊ ‌ရှေ့ဆက် မဖြစ်‌အောင် အစိုးရဘက်တွင် တာဝန်ရှိ ‌ကြောင်းနှင့် အစိုးရစစ်တပ်များကို ၎င်းတို့ဘက်မှ အ‌ကြောင်းမဲ့ စတင် တိုက်ခိုက်မှု ပြုလုပ်မည် မဟုတ်‌ကြောင်းလည်း KNUဘက် က ‌ပြောဆိုသည်။

ဗိုလ်မှူး‌စောကလယ်ဒို့က “ကိုယ့်နယ်‌မြေမှာကိုယ်မ‌နေပဲ ကျူး‌ကျော်လာပြီး တဖက်နဲ့တဖက် ပစ်ခတ်တာမျိုး မဖြစ်သင့်ဘူး။ ‌နောက်ပြီး ကျ‌နော်တို့ဘက်က‌တော့စသွားတိုက်မှာ မဟုတ်ဘူး။ သူတို့ဘက်က လာတိုက်ရင်‌တော့ ပြန်လည်ခုခံကာကွယ်ရမှာပဲ” ဟု ‌ပြောသည်။

ထို့အပြင် မဲဆိပ်အ‌ခြေစိုက် BGF တပ်ဖွဲ့ဝင်များသည် KNLA တည်ရှိရာ မယ်လာထာ့သို့ မကြာခဏဆိုသလို ၆၀-မမ လက်နက် ကြီးများဖြင့် လှမ်း၍ ပစ်ခတ်မှုများ ရှိ‌နေ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

မယ်လာထာ့တွင် BGF နှင့် KNLA တပ်ဖွဲ့တို့ တိုက်ခိုက်မှုဖြစ်ပွားသည့် ဇန်နဝါရီလ ၂၂ရက်‌နေ့တွင် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း၊ ပြည်သူ့စစ်နှင့် နယ်စပ်‌ရေးရာ ညွှန်ကြား‌ရေးမှူး ဗိုလ်ချုပ် ‌မောင်‌မောင်အုန်း၊ လူဝင်မှုကြီးကြပ်‌ရေးဌာနဝန်ကြီး ဦးခင်ရီတို့အဖွဲ့သည် BGF နှင့် ဒီမိုက‌ရေစီကရင်အကျိုးပြုတပ်မ‌တော်-DKBA ‌ခေါင်း‌ဆောင် ဗိုလ်မှူးချုပ်‌စောလားပွယ်အဖွဲ့အား မြဝတီမြို့တွင် လာ‌ရောက်‌တွေ့ဆုံပြီး ဘီဂျီအက်ဖ်နှင့် ဒီ‌ကေဘီ‌အေအကြား ဖြစ် ပွားသည့် တင်းမာမှုကိစ္စအ‌ပေါ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့‌သေးသည်။