Home သတင်း အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး အဖွဲ့နှင့် ပြည်တွင်းလူမှုအဖွဲ့အစည်း တို့‌တွေ့ဆုံ‌ဆွေး‌နွေး

အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး အဖွဲ့နှင့် ပြည်တွင်းလူမှုအဖွဲ့အစည်း တို့‌တွေ့ဆုံ‌ဆွေး‌နွေး

1451
ဇန်နဝါရီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ဒုဥက္ကဌ ဝန်ကြီးဦး‌အောင်မင်းဦး‌ဆောင်‌သောအဖွဲ့ဝင်များနှင့်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ယမန်‌နေ့က ရန်ုကုန်မြို့ ဦးဝိစာရလမ်းရှိ ငြိမ်းချမ်း‌ရေးစင်တာတွင် ‌တွေ့ ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

၎င်း‌တွေ့ဆုံပွဲတွင် အစိုးရ သမ္မတရုံးမှ ဦး‌အောင်မင်း အပါအဝင် ဦးစိုးသိန်း၊ ဦးခင်ရီတို့နှင့်အတူ လူမှုအဖွဲ့အစည်း ၄၆ဖွဲ့မှ ကိုယ်စား လှယ်‌ပေါင်း ၉၀‌ကျော်တို့ကို‌တွေ့ဆုံကာ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်းများအပြင် ဒုက္ခသည်များ ‌နေရာပြန်လည်ချထား‌ရေး ကိစ္စများနှင့် ပတ်သက်၍ အပြန်အလှန် ‌မေးမြန်း‌ဆွေး‌နွေးခဲ့ကြသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ ကိုယ်စားလှယ်အဖြစ် တက်‌ရောက်ခဲ့သူ ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့-KWAG မှ နမ့်သန္တာ ‌အောင်က “ကျမတို့ သူတို့နဲ့‌တွေ့ဆုံတာ အထူးသဖြင့် ကချင်စစ်ပွဲကိစ္စနဲ့ ကရင်ဒုက္ခသည်‌တွေကို ‌နေရာပြန်လည်ချထား‌ရေးကိစ္စ ‌မေးကြတယ်။ ကျမတို့ ‌မေးတဲ့‌မေးခွန်း‌တွေ အစိုးရဘက်က ‌သေချာတဲ့ အ‌ဖြေမ‌ပေးနိုင်ခဲ့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦး‌အောင်မင်းနှင့်အဖွဲ့သည် အရပ်ဖက် လူမှုအဖွဲ့အစည်းများကို တစ်အုပ်စုလျှင် ၃မိနစ်စီသာ ‌ဆွေး‌နွေးချိန် သတ်မှတ်ထားခဲ့ပြီး ‌တွေ့ဆုံခွင့်ရချိန် နှစ်နာရီအတွင်း KWAG၊ ကရင်လူငယ်ကွန်ယက် စသည့်ကရင်အဖွဲ့ အပါအဝင် အဖွဲ့‌ပေါင်း ၂ဝသာ ‌မေးမြန်း ခွင့်ရခဲ့သည်။

ထို့အပြင် ကရင်ဒုက္ခ္ခသည်များအတွက် ပြန်လည်‌နေရာချထား‌ရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရသည် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR၊ ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ကူညီ‌စောင့်‌ရှောက်‌ရေး ညွှန့်‌ပေါင်းအသင်း-TBBC တို့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီးဖြစ်‌သော်လည်း ယင်းကိစ္စအ‌ပေါ် ဒုက္ခ္ခသည်များကိုယ်တိုင်သာမက လူမှုအဖွဲ့အစည်းများကိုလည်း အသိ‌ပေးထားခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

နမ့်သန္တာ‌အောင်က “အစိုးရရဲ့ လုပ်‌ဆောင်မှု‌တွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ကျမတို့က စိုးရိမ်တယ်။ ဦး‌အောင်မင်းက ‌တော့ ဒီIDP ဒုက္ခသည်‌တွေအ‌နေနဲ့ ‌နေရပ်ကို ပြန်လာချင်တယ်ဆိုရင် ကြိုဆိုပါတယ်။ ‌နောက်ပြီး ‌နေရပ်ပြန်မယ့်သူ‌တွေအတွက် လည်း မိုင်းရှင်းလင်း‌ရေး‌တွေလည်း စတင်လုပ်‌ဆောင်‌နေပါတယ်လို့ပဲ ‌ပြောသွားတယ်။ လုပ်‌ဆောင်မယ့် လုပ်ငန်းစဉ်အ‌သေးစိတ် ကို‌တော့ ‌ဆွေး‌နွေးတာမရှိဘူး”ဟု ဆိုသည်။

တဆက်တည်းမှာပင် ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဦး‌အောင်မင်းက ၎င်းအ‌နေဖြင့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO နှင့် ငြိမ်းချမ်း ‌ရေး‌ဆွေး‌နွေးပွဲ သုံးကြိမ် ပြုလုပ်ခဲ့ပြီဖြစ်‌သော်လည်း ‌ပြေလည်မှု မရရှိဘဲ လက်‌လျှော့လိုက်ရသည်ဟု ရှင်းလင်း‌ပြောဆိုခဲ့‌ကြောင်း လည်း သူမက ပြန်လည် ‌ပြောပြသည်။

ယခုပြုလုပ်‌သော ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသည် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲနှင့် ပြည်တွင်း လူထုအ‌ခြေပြု အဖွဲ့အ စည်းများ ပထမဆုံးအကြိမ် ‌တွေ့ဆုံခြင်းဖြစ်ပြီး ‌နောက်‌နောင် ထပ်မံ ‌တွေ့ဆုံရန် ရှိ‌သေး‌ကြောင်း သိရသည်။ ယခုလ ဇန်နဝါရီ ၂ဝရက်‌နေ့ကလည်း ရန်ကုန်မြို့ရှိ လွှတ်‌တော်အ‌ဆောက်အဦးတွင် နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်က အရပ်ဘက် လူမှုအဖွဲ့အ စည်းများနှင့် ‌တွေ့ဆုံကာ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပူး‌ပေါင်းပါဝင်ရန် ‌ပြောဆိုခဲ့‌သေးသည်။