Home သတင်း လာမည့်လတွင် ကရင်တိုင်းရင်း သား ညီလာခံ လုပ်မည့်အစီအစဉ် မရှိ‌သေးဟု KNU ဆို

လာမည့်လတွင် ကရင်တိုင်းရင်း သား ညီလာခံ လုပ်မည့်အစီအစဉ် မရှိ‌သေးဟု KNU ဆို

2017
ဇန်နဝါရီလ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ‌ဖေ‌ဖော်ဝါရီလအတွင်း ကရင်တိုင်းရင်းသားညီလာခံကို ပြုလုပ်ကျင်းပမည့် အစီအစဉ် မရှိ‌သေး ‌ကြောင်း ကရင်အမျိုးသား အစည်းအရုံး-KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်တိုင်းရင်းသားညီလာခံ လုပ်ဖို့ မရှိပါဘူး။ ကျ‌နော်တို့အ‌နေနဲ့ ဘာမှ မကြားမိ‌သေးဘူး။ ညီလာခံလို့‌တော့ မဟုတ်ဘူးထင် တယ်။ တိုင်ပင်နှီး‌နှောပွဲ‌တွေ ဖြစ်မှာပါ။ ညီလာခံကြီးကိုလုပ်မယ်ဆိုတာက ဘယ်အချိန်မှာ ကျင်းပမယ်။ ဘယ်သူ‌တွေပါဝင်မယ်။ ဘယ်လိုကျင်းပမယ် ဆိုတာကို‌တော့ စဉ်းစားထားတာ‌တော့ ရှိတာ‌ပေါ့။ ဒါ‌ပေမယ့် လာမယ့်လမှာ‌တော့ မဟုတ်‌သေးပါဘူး”ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦ‌အောင်မင်းက ကရင်တိုင်းရင်းသား ညီလာခံကို ‌ဖေ‌ဖော်ဝါရီလလယ်ပိုင်း၌ ကရင် ပြည်နယ်၊ ဘားအံမြို့တွင် ပြုလုပ်ကျင်းပမည်ဟု 7 Day News Journal ၏ ‌ဖေ့ဘွတ်ခ်စာမျက်နှာတွင် ဇန်နဝါရီလ ၂၇ရက်‌နေ့က ‌ဖော်ပြထားသည်။

သို့‌သော် သမ္မတ ဦးသိန်းစိန် ဖိတ်ကြားချက်အရ ‌နေပြည်‌တော်သို့ သွား‌ရောက်ပြီး ဇန်နဝါရီလ ၅ရက်‌နေ့က သမ္မတနှင့် ‌တွေ့ဆုံခဲ့ ရာတွင် KNU ဆန္ဒအ‌နေဖြင့် ကရင်တစ်မျိုးသားလုံး အနာဂတ်‌ရှေ့‌ရေးအတွက် ကရင်တမျိုးသားလုံး၏ ညီလာခံတရပ် လုပ်သင့် ‌ကြောင်း တိုင်ပင်‌ဆွေး‌နွေးဖြစ်ခဲ့ကြသည်ဟု ပဒို‌စောကွယ်ထူးဝင်း ‌ပြောသည်။

သူက “နှစ်‌ပေါင်း ၆၀‌ကျော်အတွင်းမှာ ပြန်ခြုံကြည့်မယ်ဆိုရင် အဖွဲ့အစည်း‌တွေရဲ့ နိုင်ငံ‌ရေး ရည်မှန်းချက်၊ အမျိုးသား‌ရေး ရည် မှန်းချက်များအားလုံး ပြန်ပြီး‌တော့ ‌ဆွေး‌နွေးရဦးမယ်။ ‌နောက် ကရင်‌တွေကလည်း ပြန့်‌နေတယ်၊ ပြည်တွင်းမှာရှိတဲ့ ကရင်ဆို ပုဒ်မ ၁၇/၁ မတရားအသင်းနဲ့ ဆက်နွယ်‌နေတယ်ဆိုပြီး ဘယ်လိုမှ ညီလာခံကို လုပ်လို့ရ‌သေးမှာ မဟုတ်ဘူး”ဟု ဆိုသည်။

အလားတူ သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်းက ကရင်တိုင်းရင်းသား‌ခေါင်း‌ဆောင်များသည် ကရင်ပြည်သူများ ညီညွှတ်‌ရေးကို ဦးတည်၍ လာမည့်လကုန်ပိုင်းတွင် ကရင်ပြည်နယ်၏ မြို့‌တော် ဘားအံ၌ အမျိုးသားညီလာခံကို ကျင်းပသွားရန် ပြင်ဆင်လျှက်ရှိ ‌ကြောင်း Weekly Eleven သို့ ယမန်‌နေ့က ‌ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၄ခုနှစ်ကလည်း ကရင်အမျိုးသားအစည်းအရုံး-KNU သည် ကရင်တမျိုးသားလုံးညီလာခံကြီးတစ်ရပ် ပြုလုပ် ကျင်းပရန် အစီအစဉ်ရှိထားခဲ့‌သော်လည်း မြန်မာအစိုးရနှင့် KNU အကြား ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး ပျက်ပြယ်ခဲ့မှု‌ကြောင့် အထမ‌မြောက်ခဲ့‌ကြောင်း သိရသည်။