Home သတင်း ကယားပြည်နယ် ငြိမ်းချမ်း‌ရေးဖြစ်စဉ် ‌စောင့်ကြည့်မှု အားနည်း‌နေ‌သေး

ကယားပြည်နယ် ငြိမ်းချမ်း‌ရေးဖြစ်စဉ် ‌စောင့်ကြည့်မှု အားနည်း‌နေ‌သေး

1556
‌ဖေ‌ဖော်ဝါရီလ ၁ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ကယားပြည်နယ်အတွင်း ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုများ အား ‌စောင့်ကြည့်အ‌ကောင်အထည်‌ဖော်ရာတွင် အားနည်း‌နေ‌သေးသ ဖြင့် အ‌လေးထား‌ဆောင်ရွက် သင့်‌ကြောင်း လူငယ်ကွန်ယက်အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောဆိုလိုက်သည်။

ယ‌နေ့ လွိုင်‌ကော်မြို့ ဂရုဏာမြန်မာခမ်းမတွင် Centre for Peace and Conflict Studies – CPCS မှ ဦး‌ဆောင်ပြုလုပ်‌သော Local Monitoring Mechanism Workshop တွင် တက်‌ရောက်လာသူ အဆိုပါလူငယ်က ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုလို ‌စောင့်ကြည့်‌လေ့လာ‌ရေးမှာ လူထု‌တွေ ပါဝင်ဖို့ အ‌ရေးကြီးပါတယ်။ ဒါ့အပြင် အစိုးရနဲ့ KNPP တို့ ငြိမ်းချမ်း‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်ပါ အချက် (၁၄)ချက်ကိုလည်း လူထု‌တွေ နားလည်‌အောင် ရှင်းပြပြီးမှပဲ ‌ဆောင်ရွက်ရင် လွယ်ကူနိုင်မယ်လို့ ယုံကြည်တယ်”ဟု ၎င်းက ‌ပြောသည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP မှ အတွင်း‌ရေးမှူး(၁) ခူးဦးရယ်မှ ပါဝင်တက်‌ရောက်ခဲ့သ လို လူထုအ‌ခြေပြုအဖွဲ့များ၏ ‌မေးမြန်း လာမှုများကို ပြန်လည် ‌ဖြေကြား‌ပေးခဲ့သည်။

ခူးဦးရယ်က “မြန်မာပြည်မှာ ငြိမ်းချမ်း‌ရေး ‌ပြောင်းလဲမှုရှိမရှိကို အထက်က ‌ပြောဆို‌နေရုံနဲ့ပဲ မမှန်ကန်နိုင်ပါဘူး။ ‌ဒေသတွင်းက ‌အောက်‌ခြေလူထု‌တွေဆီအထိ သွား‌ရောက်ကြည့်ရှုဖို့ လိုအပ်ပါတယ်။”ဟု ‌ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်း‌ရေးလှုပ်ရှားမှုများတွင် ပါဝင်ဦး‌ဆောင်‌နေသူ GW (Generation Wave) မှ အတွင်း‌ရေးမှူး ကိုဘိုဘိုက “ငြိမ်း ချမ်း‌ရေး‌စောင့်ကြည့်တယ်ဆိုတာ တကယ့်ကို neutral ဖြစ်တဲ့အဖွဲ့ကလူဖြစ်ရင် ပို‌ကောင်းတယ်လို့ မြင်ပါ တယ်။ သူတို့က ကြား မှာ‌နေရပြီး အ‌ခြေအ‌နေအရပ်ရပ်ကို သုံးသပ်နိုင်တဲ့လူ‌တွေ၊ အဖွဲ့‌တွေ ဖြစ်ဖို့ လိုပါတယ်”ဟု သုံးသပ်‌ပြောဆိုသည်။

ယခုအချိန်တွင် ပြည်နယ်အတွင်း၌ လူထုအ‌ခြေပြုအဖွဲ့ ၁ဝဖွဲ့‌ကျော် ပါဝင်‌သော KSPMN (Kayah Social Peace Monitoring Network) ကို ယာယီ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု သိရသည်။

ယ‌နေ့ ပြုလုပ်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ငြိမ်းချမ်း‌ရေး ‌စောင့်ကြည့်‌ရေးအဖွဲ့များ အပါအဝင် လူပုဂ္ဂိုလ် ၄ဝခန့် တက်‌ရောက်ခဲ့ ကြပြီး ယမန်‌နေ့ကလည်း ဒီ‌မောဆိုးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။