Home သတင်း ခရီးသည်တင်ကား တိမ်း‌မှောက်မှု‌ကြောင့် လူ ၉ဦး ‌သေဆုံး

ခရီးသည်တင်ကား တိမ်း‌မှောက်မှု‌ကြောင့် လူ ၉ဦး ‌သေဆုံး

1864
ဒီဇင်ဘာ ၂၉ရက်။ ‌ကေအိုင်စီ

မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်းတွင် ယမန်‌နေ့က ခရီးသည်တင် ဟိုင်းလက်ကားတစီး တိမ်း‌မှောက်ခဲ့ရာ ကား‌ပေါ် ပါလာသည့် ခရီးသည် ၉ဦး‌သေဆုံးကာ ၂၀‌ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ခရီးသည် ၃ဝဦး‌ကျော်ကို တင်‌ဆောင်လာသည့် အ/၄၇၂၅ နံပါတ်ပါ အဆိုပါ ခရီးသည်တင်ကားမှာ မြဝတီနှင့် ဖြူးသို့ ‌ပြေး ဆွဲ‌နေခြင်းဖြစ်ပြီး ယမန်‌နေ့ မွန်းလွဲ ၂နာရီခန့်တွင် ကားတန်းအဆင်း၌ ‌မောင်းနှင်သည့်အရှိန်ပြင်းသဖြင့် အ‌လေးချိန်ကို မထိန်း နိုင်ဘဲ အလယ်ဘိုတဲအနီးတွင် ‌ချောက်ထဲထိုးကျကာ တိမ်း‌မှောက်သွားခြင်းဖြစ်သည်။

ယင်းသို့ ကားတိမ်း‌မှောက်မှု‌ကြောင့် စပယ်ယာ အပါအဝင် ၄ဦး ပွဲချင်းပြီး‌သေဆုံးကာ အခြားဒဏ်ရာရသူများအား ‌ကော့ကရိတ် မြို့၊ ပြည်သူ့‌ဆေးရုံသို့ ပို့‌ဆောင်ရာ ‌ဆေးရုံတွင် ‌နောက်ထပ် ၅ဦး ထပ်မံ ‌သေဆုံးသွားသည်ဟု ‌ကော့ကရိတ်‌ဆေးရုံမှ တာဝန်ကျ သူနာပြုဆရာမတဦးက ‌ပြောသည်။

“ကား‌မှောက်လို့ ‌ရောက်လာတဲ့လူနာ‌တွေက အ‌ယောက် ၂၀‌ကျော်‌လောက်ရှိတယ်။ အများစုက ပဲခူး၊ ‌ညောင်‌လေးပင်‌တွေ ဖက်ကပဲလို့ ‌ပြောတယ်။ ‌သေဆုံးသွားတဲ့သူ‌တွေအပြင် ဒဏ်ရာရတဲ့ လူနာ‌တွေကို‌တော့ ‌ကော့ကရိတ်‌ဆေးရုံမှာပဲ ကုသထားပါ တယ်”ဟု အမည်မ‌ဖော်လိုသူ အဆိုပါ သူနာပြုက ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောဆိုသည်။

ယခုတိမ်း‌မှောက်သွားသည့် ကားပိုင်ရှင်မှာ သထုံမြို့မှ မျိုးဝင်းဆိုသူဖြစ်ပြီး မြဝတီမှ အပြန်တွင် ယခုလို တိမ်း‌မှောက်မှု ဖြစ်ပွားရ ခြင်းဖြစ်သည်ဟု ‌ကော့ကရိတ်မြို့နယ်၊ ‌မော်‌တော်ယာဉ်ထိန်းသိမ်း‌ရေးရုံးမှ ဝန်ထမ်းတဦး၏ ‌ပြောပြချက်အရ သိရသည်။

ကရင်ပြည်နယ်၏ နယ်စပ်‌ဒေသဖြစ်သည့် မြဝတီ-‌ကော့ကရိတ်ကားလမ်းတွင် ကားစက်ချွတ်ယွင်းခြင်း၊ သယ်‌ဆောင်ဝန်အား များခြင်းနှင့် လုယက်‌မောင်းနှင်ခြင်းများ‌ကြောင့် ကားတိမ်း‌မှောက်မှုများ ဖြစ်‌လေ့ရှိသည့်အပြင် ထို‌ဒေသတွင် လှုပ်ရှား‌နေသည့် လက်နက်ကိုင်အဖွဲ့များ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများလည်း မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်။