Home သတင်း ‌ရွှေ့‌ပြောင်းအလုပ်သမားအခွင့်အ‌ရေး ကာကွယ်‌ပေးရန် ဘန်‌ကောက်တွင် ‌ဆွေး‌နွေး

‌ရွှေ့‌ပြောင်းအလုပ်သမားအခွင့်အ‌ရေး ကာကွယ်‌ပေးရန် ဘန်‌ကောက်တွင် ‌ဆွေး‌နွေး

1681
‌ဖေ‌ဖော်ဝါရီလ ၆ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အာဆီယံနိုင်ငံများအတွင်း ‌ရွှေ့‌ပြောင်းအလုပ်လုပ် ကိုင်‌နေကြသည့် အလုပ်သမားများ၏ အခွင့်အ‌ရေးများကို သက်ဆိုင်ရာနိုင်ငံ‌တော်အစိုးရများမှ ကာကွယ်‌ပေးရန်အတွက် အာဆီယံနိုင်ငံများမှ လူထုအ‌ခြေပြုအဖွဲ့အစည်း များက ‌ဆွေး‌နွေးပွဲတရပ်ကို ယမန်‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့က ဘန်‌ကောက်မြို့တွင် ကျင်းပခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ Silom လမ်းမရှိ Holiday Inn ‌နေရာတွင် ထိုင်းနိုင်ငံ၊ မ‌လေးရှားနိုင်ငံ၊ စကင်္ာပူနိုင်ငံ လာအို စသည့် အာဆီယံနိုင်ငံများမှ လူထုအ‌ခြေပြုအဖွဲ့အစည်း အဖွဲ့‌ပေါင်း ၁၈ဖွဲ့မှ ကိုယ်စားလှယ်‌ပေါင်း ၂၅ဦး တို့က နံနက် ၉နာရီမှ ည‌နေ ၅နာရီ အထိ ထိုသို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

၎င်း‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ‌ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးမိုး‌ဆွေက “အလုပ်သမား‌တွေရဲ့ အ‌ခြေခံအခွင့်အ‌ရေးကို အစိုးရတွက မြှင့်တင်‌ပေး မယ်။ ကာကွယ်‌ပေးမယ် ‌ပြောပြီး တကယ်တမ်း မလုပ်‌ပေးဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့က‌ပေးမယ့် အကြံပြုချက် ‌တွေကို အစိုးရက ထိထိ‌ရောက်‌ရောက်လုပ်‌ပေးဖို့ ‌တောင်းဆိုမယ်ဆိုတာ‌တွေနဲ့ ပတ်သက်ပြီး‌ဆွေး‌နွေးကြတာ ပါ”ဟု ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲ ဖြစ်‌မြောက်‌ရေးအတွက် ILO Triangle Project အဖွဲ့မှ ကူညီ‌ထောက်ပံ့‌ပေးပြီး အာအီယံ နိုင်ငံများအတွင်း လူ့အခွင့်အ‌ရေးကိစ္စများနှင့် ပတ်သက်သည့် ဥပ‌ဒေ‌ရေးဆွဲရန် ဖွဲ့စည်းထားသည့် ASEAN TASK FORCE အဖွဲ့ဝင်များမှ ဦး‌ဆောင်‌ဆွေး‌နွေးသွားခဲ့ခြင်းဖြစ်‌ကြောင်းလည်း သိရသည်။

ဦးမိုး‌ဆွေက “အခွင့်အ‌ရေးကိစ္စနဲ့ ပတ်သက်ပြီး ASEAN TASK FORCE ‌တွေ ဖွဲ့ထား‌ပေးတယ်။ အာဆီယံထဲမှာရှိ တဲ့ CBOs နဲ့ NGOs ‌တွေက‌နေပြီး‌တော့ လူ့အခွင့်အ‌ရေး‌တွေ၊ အလုပ်သမားအခွင့်အ‌ရေး‌တွေနဲ့ပတ်သက်ပြီး ‌တော့ ဘယ်လိုဖြစ်‌စေချင်လဲဆိုတဲ့ ‌ထောက်ခံချက်‌တွေနဲ့ အစိုးရ‌တွေ ဆီ‌ရောက်‌အောင်ပို့ ‌ပေးမယ်ဆိုပြီးလုပ်တာ ဖြစ်တယ်”ဟု ‌ပြောသည်။

ယင်း‌ဆွေး‌နွေးပွဲတွင် မြန်မာနိုင်ငံမှ အလုပ်သမားအဖွဲ့အစည်းများ မတက်‌ရောက်ခဲ့‌သော်လည်း ထိုင်း‌ရောက် မြန် မာ‌ရွှေ့‌ပြောင်းအလုပ်သမားကူညီ‌ပေး‌နေသည့် ‌ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်-FTUB၊ မြန်မာနိုင်ငံ ဒီမို က‌ရေစီရရှိ‌ရေး ထိုင်းလုပ်ငန်း‌ကော်မတီ-TACDB စသည့်အဖွဲ့ ၃ဖွဲ့ တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် လာမယ့် ဧပြီလတွင် အာဆီယံ ၁ဝ နိုင်ငံမှ အစိုးရများပြန်ဆုံရန် ‌ဆွေး‌နွေးပွဲရှိပြီး ယင်း‌ဆွေး‌နွေးပွဲတွင် အာဆီယံရှိ CBOs နှင့် NGOs တို့က ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ အခွင့်အ‌ရေးနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများမှ ချမှတ်သင့်သည့် မူဝါဒများကို အကြံပြု‌ပေးနိုင်ရန် ယခု ‌ဆွေး‌နွေးပွဲ၌ ‌ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

ASEAN TASK FORCE အဖွဲ့မှ ဦး‌ဆောင်၍ အလားတူ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ပြုလုပ်လာခဲ့သည်မှာ ယခုအချိန်နှင့်ဆိုလျှင် ၅ကြိမ်‌မြောက်ရှိပြီဖြစ်‌ကြောင်း သိရသည်။