Home သတင်း ‌နေရပ်ပြန်ပို့မည့် ကိစ္စအ‌ပေါ် ဒုက္ခသည်များ၏ ရင်ဖွင့်စကားသံ မှတ်တမ်းရုပ်ရှင်ပြသ

‌နေရပ်ပြန်ပို့မည့် ကိစ္စအ‌ပေါ် ဒုက္ခသည်များ၏ ရင်ဖွင့်စကားသံ မှတ်တမ်းရုပ်ရှင်ပြသ

1480
‌ဖေ‌ဖော်ဝါရီလ ၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား၊ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို မြန်မာအစိုးရ မှ ‌နေရပ်သို့ ပြန်လည်‌နေရာချထားမည့်ကိစ္စအ‌ပေါ် ဒုက္ခသည်များ၏ကိုယ်တိုင် စိုးရိမ်ပူပန်မှု ရင်ဖွင့်စကားသံ မှတ်တမ်းရုပ်ရှင်တစ်ခုကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ‌တော်ဝင်နှင်းဆီစား‌သောက်ဆိုင်တွင် ယ‌နေ့မနက် ၁ဝနာရီမှ ‌နေ့လည် ၁၂နာရီအထိ ပြသခဲ့သည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို မြန်မာ့အ‌ရေးပူး‌ပေါင်း‌ဆောင်ရွက်သူများအဖွဲ့(Burma Partnership)က ထုတ်လုပ်၍ Timothy syrota ရိုက်ကူးထားသည့် “Nothing about us without us” အမည်ရှိ ၁၈မိနစ်ကြာ မြန်မာစာတန်း ထိုးရုပ်ရှင် ဖြစ်သည်ဟု ရုပ်ရှင်ပြသပွဲတွင် ပါဝင်ခဲ့သူ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့-KWAG မှ ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒုက္ခသည်‌တွေ ပြန်ပို့မယ်လို့ သတင်းထွက်‌နေ‌ပေမယ့် ဒုက္ခသည်‌တွေကိုယ်တိုင် ဘာမှ မသိရဘူး။ ဒါကို Burma Partnership ဒုက္ခသည်‌တွေ အပါအဝင် အဖွဲ့‌တော်‌တော်များရဲ့ သ‌ဘောထားကို ‌မေးထားတာဖြစ်တယ်”ဟု ‌နော်စူစဲန်နာလှလှစိုးက ‌ပြောဆိုသည်။

၎င်းမှတ်တမ်းရုပ်ရှင်ထဲတွင် မြန်မာ့အ‌ရေးပူး‌ပေါင်း‌ဆောင်ရွက်သူများအဖွဲ့က ဒုက္ခသည်များ၏ ခံစားချက်ရင်ဖွင့် သံများကို အကျယ်တဝင့် ‌မေးမြန်းထားပြီး ထိုင်းအစိုးရအပါအဝင် ထိုင်း-မြန်မာနယ်စပ်အ‌ခြေ စိုက်လူထုအ‌ခြေပြု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်‌သောအဖွဲ့အစည်းများ-NGOs တို့၏ သ‌ဘောထားများအပြင် ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR ၏ မူဝါဒများကို ရိုက်ကူး‌မေးမြန်းထားခြင်းဖြစ်သည်။

သို့‌သော် ယခုပြသသွားသည့် မှတ်တမ်းရုပ်ရှင်၌ ဒုက္ခသည်များကို ‌နေရာပြန်လည်ချထားထား‌ရေးနှင့် ပတ်သက် ၍ မြန်မာအစိုးရ တာဝန်ရှိပုဂ္ဂိုလ် ဝန်ကြီးတစ်ဦးအား ‌မေးမြန်းခဲ့ရာတွင် တစုံတရာ တုံ့ပြန်‌ဖြေကြားမှု မရှိခဲ့‌ကြောင်း နှင့် UNHCR ၏ မူဝါဒအားလုံး မပါဝင်‌ကြောင်း မြန်မာ့အ‌ရေးပူး‌ပေါင်း‌ဆောင်ရွက်သူများက ဆိုသည်။

မှတ်တမ်းရုပ်ရှင်ပွဲတွင် အများအားဖြင့် သတင်းမီဒီယာသမားများတက်‌ရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံး များမှ တာဝန်ရှိသူများ၊ UNHCR တာဝန်ရှိသူများနှင့် NGOs အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ စုစု‌ပေါင်း လူဦး‌ရေ ၅ဝ ခန့် တက်‌ရောက်ခဲ့သည်။

‌နော်စူစဲန်နာလှလှစိုးက “ဒီရုပ်ရှင်ပွဲမှာ အဓိက မီဒီယာ‌တွေကို ဖိတ်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ဒီအ‌ကြောင်း အရာ‌တွေကို ပြည်သူ‌တွေ ကျယ်ကျယ်ပြန့်ပြန့်သိ‌အောင် လုပ်‌ပေးနိုင်တာ မီဒီယာသမား‌တွေပဲ‌လေ။ ‌နောက် ပြည်တွင်းမှာက လူထု‌တွေဟာ အင်တာနက်‌တွေ သုံးလို့ အဆင်မ‌ပြေဘူး”ဟု ဖြည့်စွက်‌ပြောဆိုသည်။

မြန်မာ့အ‌ရေးပူး‌ပေါင်း‌ဆောင်ရွက်သူများအဖွဲ့ကို ၂၀၀၆ခုနှစ်၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်တည်‌ထောင် ခဲ့ပြီး အဖွဲ့ဝင်‌ပေါင်း ၁၁ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။