Home သတင်း ဖားအံမြို့နယ်နှင့် ဘီးလင်းမြို့ နယ်စပ်ရှိ ဒုံသမိ‌ချောင်းဂွင် တွင် နှမ်း‌ဈေး‌ကောင်း

ဖားအံမြို့နယ်နှင့် ဘီးလင်းမြို့ နယ်စပ်ရှိ ဒုံသမိ‌ချောင်းဂွင် တွင် နှမ်း‌ဈေး‌ကောင်း

2994
‌ဖေ‌ဖော်ဝါရီလ ၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါစူးညား (‌ကေအိုင်စီ)

နှမ်းစိုက်များသည့် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စပ်ရှိ ဒုံသမိ‌ချောင်း၏ အ‌ရှေ့အ‌နောက်ကမ်းနားတ‌လျှောက်တွင် ယခု နှမ်းထွက် ရာသီအတွင်း နှမ်း‌ဈေးအလွန်‌ကောင်းလျှက်ရှိရာ နှမ်း တစ်တင်းလျှင် ကျပ်‌ငွေ ၅‌သောင်းအထိရှိသည်ဟု ၎င်း‌ဒေသရှိ နှမ်းစိုက်‌တောင်သူ များက ‌ပြောသည်။

ဒုံသမိ‌ချောင်း အ‌နောက်ဘက်ခြမ်း မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် မြစ်ကျိုး‌ကျေးရွာမှ နှမ်းစိုက်‌တောင်သူ ‌စော‌ကျော်‌ကျော်သန်းက “အရင် နှစ်နှမ်းထွက်ရာ သီဆိုရင် နှမ်းတစ်တင်းကို တစ်‌သောင်း‌ကျော်‌လောက် ပဲရှိတယ်။ ဒီနှစ်ရာသီ‌တော့ နှမ်း‌ဈေး အရမ်း‌ကောင်းတဲ့အတွက် နှမ်းခင်းအကျယ်ကြီး လုပ်တဲ့သူ‌တွေ‌တော့ ‌တော်‌တော် အဆင်‌ပြေမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ပြီးခဲ့သည့် အပတ်က မွန်ပြည်နယ်၊ ကျို‌က္ကော်မြို့မှ နှမ်းအဝယ်ဒိုင်များသည် ‌လေး‌ကေ၊ မြစ်ကျိုး၊ ကြိုးဝိုင်း စသည့် ‌ကျေးရွာများသို့ ‌ခြောက်ဘီးကားဖြင့် တက်လာကာ နှမ်းလာဝယ်ကြပြီး ကားအစီးလိုက် ပြန်သယ်သွားသည်ဟု ‌စော‌ကျော်‌ကျော်သန်းက ‌ပြောဆိုသည်။

ဒုံသမိ‌ချောင်း အ‌ရှေ့ဘက်ခြမ်း ကရင်ပြည်နယ်၊ (ဖားအံ)မြို့နယ် မင်း‌ဇော‌ကျေးရွာမှ အမျိုးသားတစ်ဦးကလည်း “နှမ်းဝယ်ဒိုင်‌တွေက ကျ‌နော်တို့ရွာအထိ တက်လာပြီး နှမ်းဝယ်ဖို့ လာ‌မေးတယ်။ ဒါ‌ကြောင့် မြို့ထဲကို သွား‌ရောင်း ဖို့ မလို‌တော့ဘူးဆို‌တော့ ပို‌ကောင်းတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဒုံသမိ‌ချောင်း၏ မြင်ကွင်းတစ်ခု

 


အဆိုပါ‌ဒေသရှိ ‌ကျေးရွာများတွင် နှစ်စဉ် နှမ်းစိုက်ပျိုးသူမှာ သုံးပုံတစ်ပုံရှိပြီး ထွက်ရှိ‌သော နှမ်း‌စေ့များကို မိသားစု ဝင်‌ငွေအတွက် ‌ရောင်းချသည့်အပြင် စားသုံးရန်အတွက် နှမ်းဆီကြိတ်ယူပြီး စားသုံးဆီအဖြစ် အသုံးပြု၍ နှမ်းဖတ်များကို နှမ်းငါးပိ ပြန်လုပ်ကာ သို‌လှောင်စားသုံးကြသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဒုံသမိ‌ချောင်း၏ အ‌ရှေ့နှင့် အ‌နောက် ဘက်ခြမ်းရှိ နှမ်းခင်းစိုက်ပျိုးသည့် ‌ကျေးရွာများမှာ ကြ‌သောင်းဆိပ်၊ ပျဉ်းမပင်ဆိပ်၊ တ‌ဂေး‌လောင်း၊ ကြိုးဝိုင်း၊ မြစ်ကျိုး၊ မင်း‌ဇော၊ ‌လေး‌ကေနှင့် ‌နေမင်း‌အောင်(‌ကျောက်ဖျာ) စသည့် ‌ကျေးရွာများ ဖြစ်ကြပြီး အားလုံးမှာ ကရင်ရွာများဖြစ်ကြသည်။

ထို‌ဒေသတွင် နှမ်းစိုက်ပျိုးခြင်းကို နှစ်စဉ် ‌အောက်တိုဘာလမှ စတင်၍ စိုက်ပျိုးပြီး ရိတ်သိမ်းရန် သုံး‌လေး၊ ‌လေးလအထိ ကြာမြင့်ရာ ပျမ်းမျှနှမ်းထွက်နှုန်းမှာ တဧကလျှင် တင်း ၁ဝ ဝန်းကျင်ရှိသည်ဟု သိရသည်။

ထို့အပြင် ၎င်း‌ဒေသရှိ ဒုံသမိ‌ချောင်းတ‌လျှောက်တွင် ‌နေထိုင်သည့် လူထုများသည် နှမ်းအပါအဝင် ကြံ၊ စပါး၊ ပဲအမျိုးမျိုးနှင့် သခွါး စသည့် စိုက်ပျိုးသီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျှက်ရှိသည်။