Home သတင်း KNGY ဖွဲ့စည်းခြင်း ၁၁နှစ်ပြည့် အခမ်းအနားကျင်းပ

KNGY ဖွဲ့စည်းခြင်း ၁၁နှစ်ပြည့် အခမ်းအနားကျင်းပ

1793
‌ဖေ‌ဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကယန်းမျိုးဆက်သစ်လူငယ်-KNGY ၏ ဖွဲ့စည်းခြင်း ၁၁ နှစ်ပြည့် အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ယ‌နေ့ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကယန်း‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ခွန်မားရ်ကိုဘန်း အပါအဝင် အခြားတိုင်းရင်းသားလူငယ်များနှင့် ဧည့်ပရိဿတ် ၅ဝခန့် တက်‌ရောက်ခဲ့ပြီး မနက် ၁ဝနာရီမှ ၁၂ရီအထိ ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

KNGY သည် အခက်အခဲများကြားက ‌ကျော်ဖြတ်ရင်း ၁၁နှစ်ကာလသို့ ‌ရောက်လာသည်မှာ အဖွဲ့ဝင်အားလုံး၏ ကြိုးစားအား ထုတ်မှုဖြစ်ပြီး ယခုဆိုလျှင် ၎င်းတို့အဖွဲ့ကို ပြည်ပသာမက မြန်မာပြည်တွင်း၌လည်း သိလာပြီဖြစ်သည်ဟု KNGY ၏ လူ့အခွင့်အ ‌ရေးတာဝန်ခံ ခွန်း‌ကော်ရီယိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“၁၁နှစ်တာကာလမှာ အခက်အခဲကြားက‌နေ နိုင်ငံ‌ရေးနဲ့ လူ့အခွင့်အ‌ရေးသင်တန်း‌တွေကို ကျ‌နော်တို့လုပ်ငန်း‌တွေကို ကျယ် ကျယ်ပြန့်ပြန့် လုပ်လာနိုင်ခဲ့တယ်။ ဒါ‌တွေ လုပ်နိုင်တာ ဝမ်းသာပါ။ အထူးသဖြင့် ကယန်း‌ဒေသ (သျှမ်းပြည်နယ်၊ ဖယ်ခုံ)မှာ အစိုးရ လက်လှမ်းမမှီတဲ့ ‌ဒေသ‌တွေကို ကျ‌နော်တို့ ပညာ‌ပေးမှု‌တွေ လိုက်နိုင်ခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် KNGY သည် ယ‌နေ့ကျ‌ရောက်သည့် ၎င်းတို့၏ ‌မွေး‌နေ့တွင် လက်ရှိ မြန်မာ့နိုင်ငံသည် ဒီမိုက‌ရေစီဖြစ် ထွန်းမှုလမ်း ‌ကြောင်းသို့ ‌ရောက်ရှိသည်ဟု ယူဆနိုင်‌သော်လည်း အလုပ်သမား၊ လယ်သမားနှင့် ဌာ‌နေတိုင်းရင်းသား အခွင့်အ‌ရေးများ ဆုံးရှုံး‌နေရဆဲဖြစ်‌ကြောင်းနှင့် နိုင်ငံ‌ရေးပြဿနာများကို စစ်‌ရေးတိုက်ခိုက်မှုများဖြင့် ဆိုးဝါးစွာ ဆက်လက် ‌ဖြေရှင်း‌နေဆဲဖြစ် ‌ကြောင်း ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

KNGY ‌ကြေညာချက်တွင် လက်ရှိမြန်မာ့နိုင်ငံ‌ရေး လမ်း‌ကြောင်း‌ပေါ်တွင် တိုင်းရင်းသားများ တန်းတူခွင့်ရှိပြီး နိုင်ငံသားတိုင်း လူ့ အခွင့်အ‌ရေး ကာကွယ်မှုရှိသည့် ဖက်ဒရယ်နိုင်ငံ‌တော်သို့ ‌ရောက်ရှိနိုင်ရန် အခြား‌သော တိုင်းရင်းသားလူငယ် အင်အားစုများနှင့် အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ပါရှိသည်။

KNGY သည် တိုင်းရင်းသားအခွင့်အ‌ရေးရရှိ‌စေရန် ဖက်ဒရယ်စနစ်တည်‌ဆောက်‌ရေး၊ လူ့အခွင့်အ‌ရေးနှင့် ဒီမိုက‌ရေစီထွန်းကား ‌ရေး၊ ပြည်‌ထောင်စုအတွင်းရှိ မျိုးဆက်သစ်လူငယ်ထုများအကြား စည်းလုံးညီညွတ်‌ရေးနှင့် ကယန်းမျိုးဆက်သစ် လူထုတစ်ရပ် လုံး၏ စွမ်းရည်မြှင့်တင်သွား‌ရေးဟူ‌သော ရည်မှန်းချက်ဖြင့် ၂၀၀၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၂ရက်‌နေ့ (မြန်မာနိုင်ငံ ပြည်‌ထောင်စု ‌နေ့)၌ ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် စတင် ဖွဲ့စည်းခဲ့သည်။