Home သတင်း ဘားအံမြို့ ပြည်‌ထောင်စု‌နေ့ အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်မှ သမ္မတမိန့်ခွန်း ဖတ်ကြား

ဘားအံမြို့ ပြည်‌ထောင်စု‌နေ့ အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်မှ သမ္မတမိန့်ခွန်း ဖတ်ကြား

1482
‌ဖေ‌ဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ သီရိကွင်းတွင် ယ‌နေ့ ကျင်းပပြုလုပ်ခဲ့သည့် ၆၆နှစ်‌မြောက် ပြည်‌ထောင်စု‌နေ့ အခမ်းအနား တွင် နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်မှ ‌ပေးပို့လာ သည့် ပြည်‌ထောင်စု‌နေ့သဝဏ်လွှာကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်းကိုယ်တိုင် ဖတ်ကြားခဲ့သည်ဟု သိရသည်။

သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာတွင် ဒီမိုက‌ရေစီခရီးကို ဆက်လက် ‌လျှောက်လှမ်းသွားမည့်အပြင် တိုင်းရင်းသားများနှင့် စစ်မှန် ‌သော ငြိမ်းချမ်း‌ရေး တည်‌ဆောက်သွားမည့်အ‌ကြောင်းများ ပါဝင်သည်ဟု ၎င်းအခမ်းအနားသို့ တက်‌ရောက်ခဲ့သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက ယခုလို ‌ပြောပြသည်။

“ပြည်‌ထောင်စု‌နေ့ ဖြစ်‌ပေါ်လာပုံအ‌ကြောင်း‌တွေရယ်။ ‌နောက်ပြီး‌တော့ ဒီမိုက‌ရေစီခရီးကို ဆက်‌လျှောက်မယ့်အ‌ကြောင်း‌တွေနဲ့ တိုင်းရင်းသား‌တွေနဲ့လည်း စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်သွားမယ်ဆိုတာ‌တွေကို ဝန်ကြီးချုပ်က ဖတ်ပြသွားတာပါ။ ဒီလို ကျင်းပ‌ပေး‌တော့လည်း ကျ‌နော်တို့က တိုင်းရင်းသားတစ်ဦးအ‌နေနဲ့ တက်‌ရောက်ခွင့်၊ နား‌ထောင်ခွင့်၊ ဆင်နွှဲခွင့်ရတာ ဝမ်းသာပါတယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပခဲ့သည့် ၆၆နှစ်‌မြောက် ပြည်‌ထောင်စု‌နေ့ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအပြင် ဘားအံမြို့သို့ ‌ရောက်ရှိ‌နေ‌သော ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကာကွယ်‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ နိုင်ငံခြား‌ရေးဌာနတာဝန်ခံ ပဒို‌အောင်ဝင်း‌ရွှေနှင့် PSDP ပါတီဝင်များနှင့် ‌ဒေသခံပြည်သူ ၂၀၀ဝနီး ပါး တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားကို နံနက် ၇နာရီမှ စတင်၍ တစ်နာရီကြာ ကျင်းပခဲ့ကြပြီး ‌ကျောင်းအသီးသီးမှ ကျင်းပသည့် စာစီစာကုံးပြိုင်ပွဲများမှ ဆုရရှိသူများ၊ ဘားအံမြို့အနီးတဝိုက်ရှိ ‌ကျေးရွာများမှ ယခုနှစ်အတွင်း စပါးအထွက်နှုန်း အများဆုံး စိုက်ပျိုးနိုင်သူများကိုလည်း ဆုချီးမြှင့်ခဲ့ကြ‌ကြောင်း သိရသည်။

၎င်းပြည်‌ထောင်စု‌နေ့ကို ဂုဏ်ပြုကြိုဆို‌သောအားဖြင့် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက် လုပ်သားလမ်း ကတ္တရာလမ်းသစ်နှင့် ဘား ကပ်-ရ‌သေ့ပျံ-‌ကော့ဂွန်း ‌ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်ဖွင့်ပွဲများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် စည်ပင်သာယာ ‌ရေးဝန်ကြီး ဦးသံဒိုင်တို့က ‌ဖေ‌ဖော်ဝါရီလ ၉ရက်‌နေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်‌ပေးခဲ့‌ကြောင်း ယခုလ ၁ဝရက်‌နေ့ထုတ် မြန်မာ့အ လင်းသတင်းစာတွင် ‌ဖော်ပြထားသည်။