Home သတင်း KRC ‌ရွေး‌ကောက်ပွဲ ပြုလုပ်ပြီးစီး

KRC ‌ရွေး‌ကောက်ပွဲ ပြုလုပ်ပြီးစီး

1663
‌ဖေ‌ဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ကရင်ဒုက္ခသည်များ‌ကော်မတီ-KRC ၏ ‌ရွေး‌ကောက်ပွဲကို ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့မှ ၁၅ရက်‌နေ့အထိ ပြုလုပ်ကျင်းပကာ ယ‌နေ့ ပြီးစီးပြီဖြစ်သည်။

‌ရွေး‌ကောက်ပွဲကို မယ်စခန်းရှိ SSP အထက်တန်းလွန်‌ကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယမန်‌နေ့ ပထမ‌နေ့၌ KRC ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ ၁၅ဦးထဲမှ အဓိကကျသည့် ၅ဦးကို ‌ရွေး‌ကောက်ခဲ့ရာ ‌စော‌ရော ဘတ်‌ထွေး(ဥက္ကဌ)၊ ‌စော‌ဂျော့ (ဒုဥက္ကဌ)၊ ‌စောပွယ်‌စေး(အတွင်း‌ရေးမှူး)၊ ‌နော်ဘလူးမင်းနိုက်ဇန် (တွဲဘက် အတွင်း‌ရေးမှူး)နှင့် ‌နော်‌စေး‌စေး (ဘဏ္ဍ‌ရေးမှူး)တို့အား အသီးသီး အ‌ရွေးချယ်ခံခဲ့ရသည်။

ဆက်လက်၍ ကျန် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ ၁ဝဦးကို ယ‌နေ့တွင် ‌ရွေး‌ကောက်ပြီးစီးခဲ့ပြီဖြစ်သည်ဟု လည်း သိရသည်။

ထိုသို့ ‌ရွေး‌ကောက်ကြရာတွင် ယခင်ပြုလုပ်‌သော ‌ရွေး‌ကောက်ပွဲများထက်ပိုမိုပြီး ဒီမိုက‌ရေစီနည်းလမ်းကျ‌သော ‌ရွေး‌ကောက်ပွဲပုံ စံမျိုးဖြင့် ‌ရွေး‌ကောက် တင်‌မြှောက်ခြင်းဖြစ်‌ကြောင်း KRC အတွင်း‌ရေးမှူးအသစ်ဖြစ်လာသည့် ‌စောပွယ်‌စေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ ဒီ‌ရွေး‌ကောက်ပွဲမှာ စနစ်တကျ ‌ရွေးချယ်တာ ဖြစ်တယ်။ ဘာဖြစ်လဲဆို‌တော့ ဒုက္ခသည်စခန်းထဲမှာ အ‌ရွေးခံတဲ့သူ‌တွေဟာ အခု ဗဟို‌ရွေး‌ကောက်ပွဲအထိ ကိုယ်စားလှယ်အ‌နေနဲ့ ‌ရောက်လာပြီး အ‌ရွေးခံကြတာ လည်း ဖြစ်တယ်။ တဆင့်ပြီးတဆင့် အဆင့်ဆင့် ‌ရွေးချယ်တာ‌ပေါ့”ဟု ‌စောပွယ်‌စေးက ‌ပြောသည်။

‌ရွေး‌ကောက်ပွဲတွင် အရင်‌ရွေး‌ကောက်ပွဲများထက် ပို၍ ဖွဲ့စည်းပုံအတိုင်းစနစ်တကျဖြင့် ကိုယ်စားလှယ်များကို ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၂၁ ဦးပါဝင်‌သော ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ ထားရှိကာ ဒုက္ခသည်စခန်း အသီးသီးမှ ဝင်‌ရောက်အ‌ရွေးခံသူ ၄၇ ဦးအပါအဝင် မဲ‌ပေးပိုင်ခွင့်ရှိသူ စုစု‌ပေါင်း ၁၇ဝဦး တက်‌ရောက်ခဲ့သည်ဟု ‌စောပွယ်‌စေးက ဆက်‌ပြောသည်။

ထို့အပြင် ဝင်‌ရောက်အ‌ရွေးခံမည့် ကိုယ်စားလှယ်များအ‌နေဖြင့် ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်နိုင်ရန် သတ် မှတ်ထားသည့် အရည်အချင်းရှိရမည်ဖြစ်ပြီး ကရင်၊ မြန်မာစာ ဘာသာစကားကို အဓိက ‌ပြောဆို‌ရေးသားနိုင်သူ နှင့် ထိုင်း၊ အဂင်္လိပ်ကိုလည်း အသင့်အတင့် တတ်‌မြောက်ထားရမည်ဟု သိရသည်။

၁၉၈၄ ခုနှစ်တွင် KRC ကို စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်းမြန်မာနယ်စပ်တ‌လျှောက်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ နို့ဖိုး၊ အုန်းဖျန်၊ ထမ်းဟင်နှင့် ဘန်းဒိုယမ်း စသည့် ကရင်ဒုက္ခသည်စခန်း ၇ခုတွင် ခိုလှုံ‌နေထိုင်ကြ‌သော ဒုက္ခသည်များအ‌ရေးကို ကူညီ‌ဆောင်ရွက်‌ပေး‌နေ‌သော အဖွဲ့အစည်းဖြစ်သည်။

KRC သည် စတင်ဖွဲ့စည်းကတည်းက ‌ရွေး‌ကောက်ပွဲကို ၂နှစ်တကြိမ် ပြုလုပ်ကျင်းပခဲ့‌သော်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်တွင် ၃နှစ် တကြိမ် ပြန်လည်ကျင်းပခဲ့သည်ဟု KRC ဆိုသည်။