Home သတင်း ‌ရေနက်ဆိပ်ကမ်းစီမံကိန်း‌ကြောင့် ချာခန်း‌ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်

‌ရေနက်ဆိပ်ကမ်းစီမံကိန်း‌ကြောင့် ချာခန်း‌ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်

2436
‌ဖေ‌ဖော်ဝါရီလ ၁၈ရက်။ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ‌ရေဖြူမြို့နယ်အတွင်းရှိ ‌ရေနက်ဆိပ်ကမ်း စီမံကိန်းနယ်‌မြေအတွင်း ပါဝင်‌နေသည့် ချာခန်း ‌ကျေးရွာ၏ ‌ဒေသခံ‌နေအိမ်များကို အီတာလျံ
ထိုင်းဖွံ့ဖြိုးတိုးတက်မှု(ITD)ကုမ္ပဏီမှ ‌မြေထိုးစက်ကြီးများဖြင့် ထိုးလိုက်‌သော‌ကြောင့် ‌ဒေသခံများအိုးမဲ့အိမ်မဲ့ဖြစ်‌နေကြ‌ကြောင်း သိရသည်။

ချာခန်း‌ကျေးရွာနှင့် နီးစပ်သူ‌ဒေသခံတစ်ဦးက “အရင်လကုန်ပိုင်း‌လောက်က‌နေစပြီး ITD ကုမ္ပဏီက‌နေ ချာခန်း ရွာက အိမ်‌တွေကို ‌မြေထိုးကားနဲ့ လာထိုးတာ။ အခုဆိုရင် ၁၅အိမ်‌လောက်ပဲ ကျန်‌တော့တယ်။ အထိုးခံလိုက်ရ တဲ့ အိမ်ပိုင်ရှင် ‌တွေက‌တော့ အခု‌နေစရာမရှိလို့ နီးစပ်ရာ‌နေရာ‌တွေမှာပဲ ခိုကပ်‌နေ‌နေရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အိမ်၊ ခြံ‌မြေများကို ‌မြေထိုးကားကြီးများဖြင့် ထိုးလိုက်‌သော်လည်း ချာခန်း‌ဒေသခံများအတွက် ကုမ္ပဏီ ဘက်မှ ယခုအချိန်ထိ တစုံတရာ လာ‌ရောက်ကူညီ‌ပေးခြင်းနှင့် ‌လျော်‌ကြေး‌ပေးခြင်း မရှိ‌သေးသည့်အပြင် ကူညီ‌ဖြေရှင်း ‌ပေးမည့် အဖွဲ့အစည်းများလည်း မရှိ‌သေး‌ကြောင်း သူက ဆက်‌ပြောသည်။

ထို့အပြင် ‌ရေဖြူမြို့နယ်၊ နဘုလယ်‌ဒေသအတွင်းရှိ ‌ရေနက်ဆိပ်ကမ်းနယ်‌မြေအတွင်း ပါဝင်သည့် ဗျင်းနီ‌ကျေးရွာ တွင်လည်း ITD ကုမ္ပဏီမှ ‌မြေထိုးစက်ကြီးများဖြင့် တစ်ရွာလုံး ထိုး‌ကော်ပြီးစီးသွားပြီ ဖြစ်‌ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ရက်‌နေ့က ချာခန်း‌ကျေးရွာတွင် (ITD)ကုမ္ပဏီမှ ‌ဆောက်လုပ်‌ရေးအဖွဲ့က ‌ဒေသခံများ ပိုင်သည့် လယ်‌မြေနှင့် ခြံများကို ‌လျော်‌ကြေးမ‌ပေးဘဲ အသုံးပြု‌နေ‌သော‌ကြောင့် ထိုက်တန်သည့် ‌လျော်‌ကြေး‌ပေး ရန်အတွက် ‌ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများ ပူး‌ပေါင်း၍ ‌တောင်းဆို ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ကြ‌ကြောင်း ထားဝယ်လူထုအသံ၏ သတင်းဝက်ဘ်ဆိုဒ်‌ပေါ်၌ ‌ဖော်ပြထားသည်။

ထားဝယ်‌ရေနက်ဆိပ်ကမ်းတွင် (ITD) ကုမ္ပဏီက ထုတ်လုပ်မည့်မဂ္ဂါဝပ် ၃,၀၀ဝရှိ ‌ကျောက်မီး‌သွေး လျှပ်စစ်စွမ်း အင်စီမံကိန်းတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင်ထုတ်လုပ်သည့် PTT ကုမ္ပဏီမှ အ‌မေရိကန်‌ဒေါ်လာ ၄သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်‌ကြောင်းလည်း အင်တာနက်စာမျက်နှာများတွင် ‌ဖော်ပြချက်များအရ သိရသည်။