Home သတင်း BNI မှ မြန်မာ့ငြိမ်းချမ်း‌ရေး ပုံ‌ဖော်ခြင်း အစီရင်ခံစာထုတ်ပြန်

BNI မှ မြန်မာ့ငြိမ်းချမ်း‌ရေး ပုံ‌ဖော်ခြင်း အစီရင်ခံစာထုတ်ပြန်

1855
‌ဖေ‌ဖော်ဝါရီလ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အ‌ခြေစိုက်ပြီးတိုင်းရင်းသား သတင်းဌာန ၁၁ ခုဖြင့် ဖွဲ့စည်းထား‌သော နိုင်ငံ တကာ မြန်မာ့သတင်းအဖွဲ့-BNIမှ ‌ဖေ‌ဖော်ဝါရီ ၁၆ ရက်‌နေ့တွင် မြန်မာ့ငြိမ်းချမ်း‌ရေးပုံ‌ဖော် ခြင်းအမည်ရှိ အစီရင်ခံစာ တစ်‌စောင်ကို ထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ပြုလုပ်‌နေ‌သောငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များအတွက် တစိတ်တ‌ဒေအားဖြင့် အ‌ထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး ၎င်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ‌ကေအိုင်စီ ကရင် သတင်းဌာနမှ အယ်ဒီတာ နန်း‌ဖော့‌ဂေက ‌ပြောသည်။

“အရပ်ဖက်အဖွဲ့အစည်း‌တွေ၊ သတင်းမီဒီယာသမား‌တွေအတွက် သာမကပဲ မြန်မာအစိုးရအ‌နေနဲ့‌ရော ငြိမ်းချမ်း ‌ရေးလုပ်ငန်း‌ဖော်‌ဆောင်တဲ့‌နေရာမှာ အ‌ထောက်အကူပြုနိုင်မယ့် သတင်းအချက်အလက်အမှန်‌တွေကို ကိုးကား နိုင်‌အောင် ရည်ရွယ်ပြီး‌တော့ အတတ်နိုင်ဆုံး စု‌ဆောင်းဖြည့်စွက်ထားပါတယ်”ဟု ‌ပြောသည်။

တိုင်းရင်းသားသတင်းဌာန ၈ ခုမှ တာဝန်ရှိသူများက ချင်းမိုင်မြို့ရှိ Belle Villa resort တွင် သတင်းစာရှင်းလင်း ပွဲနှင့်အတူ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုအစီရင်ခံစာစာအုပ်တွင် မြန်မာ့ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၏ အားနည်းချက်များ နှင့် ကြုံ‌တွေ့ရ‌သောအခက်အခဲများကို အဓိက တင်ပြထားသည်။

“အခုတိုင်းရင်းသား‌တွေဘက်က‌ရော အစိုးရဘက်ကပါ ငြိမ်းချမ်း‌ရေး တည်‌ဆောက်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု မရှိဘူး။ ‌နောက်ပြီး‌တော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုအားနည်း‌နေတယ်” ဟု အစီရင်ခံစာဖြစ်‌မြောက်‌ရေးညှိ နှိုင်း‌ဆောင်ရွက်‌ရေးမှူး ကိုစိုင်းလိတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အစီရင်ခံစာတွင် မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ‌နောက်ထပ် ‌တွေ့ဆုံမည့် ‌ဆွေး‌နွေးပွဲများတွင် ယုံကြည်မှုကို ခိုင်ခိုင်မာမာတည်‌ဆောက်‌ရေးစသည့် ထည့်သွင်းစဉ်းစားသင့် သည့် အချက်များကိုလည်း ‌ဖော်ပြပါရှိသည်။

စာမျက်နှာ ၁၉၄ မျက်နှာပါရှိကာ အဂင်္လိပ်ဘာသာဖြင့် ထုတ်ပြန်‌သော ၎င်းအစီရင်ခံစာစာအုပ်ကို မြန်မာဘာ သာဖြင့် ပြန်လည်ထုတ်ပြန်ရန်အစီအစဉ်ရှိပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ၊ တိုင်းရင်းသားလူထုအ‌ခြေအ‌နေများ ကိုလည်း BNI အ‌နေဖြင့် ‌စောင့်ကြည့်‌လေ့လာသွားမည်ဟု နန်း‌ဖော့‌ဂေက ‌ပြောသည်။

နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့-BNI ကို ၂၀၀၃ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်းစသည့် တိုင်းရင်းသားသတင်းဌာနများအပါအဝင် ကုလားတန်သတင်းဌာနနှင့် မဇျွီမသတင်းဌာန စသည့် သတင်းဌာန ၁၁ ခုရှိသည်။