Home သတင်း ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်လည် စတင်‌ရေး ဟားဗတ်(ဒ်)၏ အကြံပြုချက်အ‌ပေါ် KDNG တုံ့ပြန်

ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်လည် စတင်‌ရေး ဟားဗတ်(ဒ်)၏ အကြံပြုချက်အ‌ပေါ် KDNG တုံ့ပြန်

1818
‌ဖေ‌ဖော်ဝါရီလ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကချင်ပြည်နယ်တွင် ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ် ဆုံ ‌ရေကာတာ စီမံကိန်းများကို ပြန်လည်စတင်နိုင်ရန် ဟားဗတ်(ဒ်)တက္ကသိုလ်မှ ပညာရှင်ကြီးများက “ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏စွမ်းအား”(Power the Peace Process) အမည်ရှိ အဆိုပြုစာတမ်းထုတ်ပြန်သည့်အ‌ပေါ် လက်မခံနိုင်‌ကြောင်း ကချင်လူမှုဖွံ့ဖြိုး‌ရေး ကွန်ယက်-KDNG က ယမန်‌နေ့၌ ‌ကြေညာချက် ထုတ်တုံ့ပြန်လိုက်သည်။

အဆိုပါ “ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏စွမ်းအား”တွင် ဧရာဝတီမြစ်နှင့် မြစ်ဖျား တ‌လျှောက်ရှိ ‌ရေကာတာ ၇ခုကို တရုတ် အစိုးရ၊ မြန်မာအစိုးရအပါအဝင် ကချင်ပြည်နယ်အစိုးရပါ အစုရှယ်ယာအသစ်အ‌နေဖြင့် သုံးပွင့်ဆိုင်စီးပွား‌ရေး သ‌ဘောတူညီမှုတရပ် ပြန်လည်လုပ်‌ဆောင်ရန် အကြံပြု‌ရေးသား ထားခြင်းဖြစ်သည်ဟု KDNG ‌ကြေညာချက်၌ ‌ဖော်ပြထားသည်။

KDNG ၏ ‌ပြော‌ရေးဆိုခွင့်ဖြစ်သူ မအားနန်က “ဒီစီးပွား‌ရေးအခွင့်အလမ်းနဲ့ အ‌ပေးအယူလုပ်တာက နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲဖို့ လုံးဝ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ နိုင်ငံ‌ရေးပြုပြင်‌ပြောင်းမှသာ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်း ကို ‌ဖော်‌ဆောင်နိုင်မှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကချင်ပြည်နယ်အစိုးရအား အခွန်ဘဏ္ဍများ‌ထောက်ပံ့ကာ အစုရှယ်ယာစီးပွားပြုခြင်းဖြင့် လူထုအား ‌ရေကာတာ စီမံကိန်းများကို ‌ထောက်ခံ‌ပေးရန် ဆွဲ‌ဆောင်နိုင်မည်ဖြစ်သလို ကချင်အပြင် အခြားပြည်နယ်များပါ စစ်မှန်သည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်နိုင် မည်ဖြစ်‌ကြောင်း၊ ကချင်‌ဒေသရှိ လက်ရှိ ပဋိပက္ခနှင့် ‌ရေကာတာ တည်‌ဆောက်‌ရေး ဆန့်ကျင်မှု၏ အ‌ခြေခံအ‌ကြောင်း အရင်း မှာ ‌ငွေ‌ကြောင့်ဖြစ်သည်ဟု ဟားဗတ်(ဒ်)တက္ကသိုလ်မှ ပညာရှင်ကြီး များ၏ အကြံပြုမှုသည် မှားယွင်း‌ကြောင်းလည်း KDNG ‌ကြေညာချက်တွင် ယခုလို ‌ထောက်ပြထားသည်။

ကချင်‌ဒေသအတွင်း ဖြစ်ပွား‌နေသည့် ပဋိပက္ခများ၏ အဓိက အ‌ကြောင်းအရင်းမှာ ယခင်နှင့် လက်ရှိ တပြည် ‌ထောင်(၂၀၀၈) ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် ကချင်လူထု၏ ဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာ မရှိခြင်း‌ကြောင်းဖြစ် သည်ဟု ‌ကြေညာချက်တွင် ပါရှိသည်။

ဆက်လက်၍ မအားနန်ကလည်း “ကချင်ပြည်နယ်က ပဋိပက္ခ‌တွေ ကို ‌ငွေနဲ့ရှင်းလို့ မရဘူး။ ကျမတို့လိုအပ်တာ က ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး ခွင့်နဲ့ မြစ်‌ချောင်းအင်းအိုင်‌နေရာ‌တွေ၊ သဘာဝသယံဇာတ‌တွေကို ဘယ်လိုစီမံ ခန့်ခွဲမလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရမှ သာ ပြဿနာ‌တွေကို ‌ဖြေရှင်းနိုင်မယ်”ဟု ဖြည့်စွက်‌ပြောဆိုသည်။

“ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏ စွမ်းအား” အဆိုပြုစာတမ်းသည် စာချက်နှာ ၁၄ မျက်နှာပါဝင်ပြီး ‌နော်‌ဝေနိုင်ငံအစိုးရ၏ ‌ထောက်ပံ့ခြင်းဖြင့် ထုတ်‌ဝေခဲ့ခြင်းဖြစ်သည်ဟု http://www.ash.harvard.edu/ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလက စတင်‌ဖော်ပြထားသည်။

KDNG သည် ၂၀၀၄ ခုနှစ်၊ စက်တင်ဘာလတွင် ကချင်ပြည်နယ်တွင်းနှင့် ပြင် ပ‌ရောက် ကချင်လူမှုအဖွဲ့အစည်း များဖြင့် ဖွဲ့စည်းထားပြီး ဖွံ့ဖြိုးတိုးတက်‌ရေး ဆိုင်ရာ အဖွဲ့အစည်းများ စု‌ပေါင်းထား‌သော ကွန်ယက်အဖွဲ့ဖြစ်သည်။