Home သတင်း ‌နေအိမ်‌ပြောင်း‌ရွှေ့ရသည့် ချာခန်း‌ဒေသခံများ အသက်‌မွေးဝမ်း‌ကြောင်းပြုရန် အခက်ကြုံ

‌နေအိမ်‌ပြောင်း‌ရွှေ့ရသည့် ချာခန်း‌ဒေသခံများ အသက်‌မွေးဝမ်း‌ကြောင်းပြုရန် အခက်ကြုံ

1761
‌ဖေ‌ဖော်ဝါရီလ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အီတာလျံ-ထိုင်းဖွံ့ဖြိုးတိုးတက်မှု(ITD)ကုမ္ပဏီ၏ ထားဝယ်‌ရေနက်ဆိပ်ကမ်းစီမံကိန်း‌ကြောင့် ‌နေ အိမ်‌ပြောင်း‌ရွှေ့ ‌ပေးလိုက်ရသည့် တနသင်္ာရီတိုင်း၊ ‌ရေဖြူမြို့နယ်၊ နဘု လယ်‌ဒေသရှိ ချာခန်း‌ဒေသခံများအတွက် ဆားချက်လုပ် ငန်းလုပ်ကိုင်ခွင့် မရှိ‌တော့သဖြင့် အသက်‌မွေးဝမ်း‌ကြောင်းပြုရန် ခက်ခဲ‌နေကြ‌ကြောင်း သိရသည်။

ချာခန်း‌ကျေးရွာတွင် အိမ်‌ခြေ ၃ဝခန့်ရှိပြီး ယခင်လက ITD ကုမ္ပဏီမှ ‌မြေထိုးစက်ကြီးများဖြင့် လာ‌ရောက်ထိုး လိုက်ပြီး‌နောက် အခြား‌နေရပ်သို့ ‌ပြောင်း‌ရွှေ့သွားသူ ထက်ဝက်ခန့်သည် အလုပ်အကိုင်မရှိကြ‌ကြောင်း ထို‌ဒေသ ၌ သွား‌ရောက်‌လေ့လာ‌နေသည့် ထားဝယ်အမျိုးသမီးသမဂ္ဂမှ မလွင်လွင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မလွင်လွင်က “အရင်ကဆို သူတို့ ‌ဒေသကပဲ ဆားထွက်ပြီး ဝယ်စားစရာလဲ မလိုဘူး။ တခြားကို ပြန်‌ရောင်းပြီး ‌တော့ အသက်‌မွေးဝမ်း‌ကြောင်း ပြုကြတယ်။ ‌နောက်ပြီး နဘုလယ်‌ဒေသက လူ‌တွေက ချာခန်းက ထွက်တဲ့ ဆား ကို မရနိုင်‌တော့လို့ တခြားက‌နေ ‌ဈေး ကြီးကြီးနဲ့ဝယ်ရ‌တော့မယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် ITD ကုမ္ပဏီက အိမ်‌ပြောင်း‌ရွှေ့ခဲ့ရသည့် ချာခန်း‌ဒေသခံများကို မြန်မာကျပ်‌ငွေ ၁ဝ သိန်း ‌လျော် ‌ကြေး‌ငွေ ‌ပေး‌ချေလိုက်သဖြင့် အဆိုပါ ‌ဒေသခံများသည် မည်သည့်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရမှန်း မသိ‌အောင် ဖြစ်‌နေကြ‌ကြောင်းလည်း သိရသည်။

“တံငါသည်တို့ ဘာတို့ဆိုရင် ချာခန်း‌နေရာမှာ အ‌ခြေပြုပြီး‌နေကြတယ်။ မိုးတွင်းမှာဆို ငါး‌တွေရှာပြီး အသက်‌မွေး ဝမ်း‌ကျောင်းပြုတာ‌ပေါ့။ အခု ကုမ္ပဏီက‌နေပြီး ‌ငွေ ၁ဝသိန်း ‌ပေးလိုက်‌တော့ သူတို့လည်း တခြား‌ပြောင်းသွားကြ ‌တော့ အလုပ်မရှိကြ‌တော့ဘူး”ဟု မလွင်လွင်က ဆက်‌ပြောသည်။

‌ရေနက်ဆိပ်ကမ်းစီမံကိန်းနယ်‌မြေတွင် သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်‌သော အသိပညာ‌ပေးခြင်းများကို ၎င်းတို့ အား သက်ဆိုင်ရာကုမ္ပဏီမှ လာ‌ရောက်ရှင်းပြခြင်း မရှိ‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

လက်ရှိ ‌ရေနက်ဆိပ်ကမ်းစီမံကိန်းနယ်‌မြေအတွင်းတွင် သစ်ပင်များ ခုတ်လှဲမှုများပြားလာခြင်း‌ကြောင့် ရာသီဥတု ပူပြင်းလာသကဲ့သို့ တည်ငြိမ်‌အေးချမ်း‌နေ‌သော ‌ကျေးရွာများအတွင်း သဲသယ်၊ ‌မြေသယ်သည့် ကားများ သွား လာမှုများပြားလာခြင်း‌ကြောင့် ထို‌ဒေသရှိ လူထုများမှာ စိတ်မချမ်းသာဖြစ်‌နေကြ‌ကြောင်း နဘုလယ်‌ဒေသခံများ ၏ ‌ပြောပြချက်အရ သိရသည်။

ထားဝယ်‌ရေနက်ဆိပ်ကမ်း၌ ITD ကုမ္ပဏီမှ ထုတ်လုပ်မည့် မဂ္ဂါဝပ် ၃,၀၀ဝ ရှိ ‌ကျောက်မီး‌သွေး လျှပ်စစ်စွမ်း အင်စီမံကိန်းတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင်ထုတ်လုပ်သည့် PTT ကုမ္ပဏီမှ အ‌မေရိကန်‌ဒေါ်လာ ၄သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်‌ကြောင်းလည်း အင်တာနက်စာမျက်နှာများတွင် ‌ဖော်ပြထားသည်။