Home သတင်း ‌ကြေးနီစီမံကိန်းဆိုင်ရာ သယံ ဇာတကျိန်စာ ဓါတ်ပုံပြပွဲကျင်းပ

‌ကြေးနီစီမံကိန်းဆိုင်ရာ သယံ ဇာတကျိန်စာ ဓါတ်ပုံပြပွဲကျင်းပ

1793
‌ဖေ‌ဖော်ဝါရီ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

လက်ပံ‌တောင်း‌တောင်‌ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် “သယံဇာတကျိန်စာဓါတ်ပုံပြပွဲ”အမည်ရှိ ဓါတ်ပုံပြပွဲ တရပ်ကို ပြည်တွင်းရှိ Green Hearts Environment Network မှ ဦးစီး၍ ‌ဖေ‌ဖော်ဝါရီ ၂ဝရက်မှ ၂၂ရက်အထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ‌ရွှေဂုံတိုင်အနီး ‌တော်ဝင်နှင်း ဆီခမ်းမ၌ ယမန်‌နေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။

လက်ပံ‌တောင်း‌တောင်သဘာဝပတ်ဝန်းကျင်မည်မျှပျက်စီး‌နေမှုနှင့် ‌ဒေသခံများ၏ အခက်အခဲကို စာနာနားလည် နိုင်ရန် ရည်ရွယ်၍ ထိုသို့ ကျင်းပရခြင်းဖြစ်‌ကြောင်း ပြပွဲဦး‌ဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ပန်းချီ၊ ဓါတ်ပုံ ဒီဇိုင်း ပညာရှင် ဦးစိုးဝင်းငြိမ်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦးစိုးဝင်းငြိမ်းက “ဒီပြပွဲကို ကျင်းပတာဟာ လက်ပံ‌တောင်း‌တောင်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု‌တွေ ဘယ် ‌လောက် ဖြစ်‌နေတယ်။ လူမှု‌ရေးအ‌ခြေအ‌နေ‌တွေ၊ ‌ဒေသခံ‌တွေ ကိုယ့်‌ဒေသစွန့်ခွာရ‌တော့ လုပ်ကိုင်စား‌သောက်ဖို့ အခက်အခဲ‌တွေရှိ လားဆိုတာကို တင်ပြဖို့ပါ။ ဒီပြပွဲကို အဓိက‌ဒေသခံ‌တွေရဲ့ အ‌ခြေအ‌နေကို စာနာနားလည်နိုင် ‌အောင် ကြိုးစားတင်ပြထားပါတယ်”ဟု ‌ပြောဆိုသည်။

အဆိုပါ ဓာတ်ပုံပြပွဲတွင် အထူးသဖြင့် ‌ကြေးနီတူး‌နေပုံ၊ ‌ဒေသခံများ ဆန္ဒပြပုံနှင့် ‌ဒေသခံများ၏ အသက်‌မွေး ‌ကျောင်း လုပ်ကိုင်ပုံများ ပါဝင်ပြီး တက်‌ရောက်လာသူများကို ဓါတ်ပုံစာအုပ် ‌ဝေ‌ပေးသလို မြန်မာဝမ်‌ပေါင်ကုမဏီ မှလည်း ၎င်းတို့ လူမှု‌ဆောင်ရွက်ချက် စစ်တမ်းဟုဆိုကာ သတင်း‌ထောက်များကို စာအုပ်လာ‌ဝေသွားသည်ဟု သိရသည်။

ပြပွဲ တက်‌ရောက်ခဲ့သည့် သတင်း‌ထောက်တစ်ဦးက “သူတို့က သူတို့ ‌ဒေသခံ‌တွေကို ဘာ‌တွေလုပ်‌ပေးတယ် ဆိုတာ စာအုပ်လုပ်ပြီး သတင်း‌ထောက်‌တွေကို ဓါတ်ပုံ ပြပွဲက ‌ပေးသလိုလိုနဲ့ လာ‌ဝေသွားတယ်။ အဲဒီမြန်မာဝမ် ‌ပေါင်ကုမ္ပဏီက အဲ့ဒီမှာ ဦးပိုင်နဲ့ ‌ပေါင်းပြီး ‌ကြေးနီတူး‌နေတဲ့ ကုမ္ပဏီ ဒီကလှုပ်ရှားမှုကို လာအကဲခတ်တဲ့ သ‌ဘောပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
၎င်းပြပွဲတွင် ဓါတ်ပုံနှင့် ကာတွန်း‌ပေါင်း ၉၀‌ကျော်ကို ပြသထားပြီး ပြပွဲကျင်းပ‌နေစဉ် ‌နေ့စဉ် မွန်းလွဲ ၂နာရီတွင် ကဗျာရွတ်ပွဲ များကျင်းပသွား မည်ဖြစ်‌ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။

ပြပွဲတွင် ပါဝင်သည့် ဓါတ်ပုံဆရာ မုံရွာ‌ဒေသခံ ဦးအံ့‌မောင်ကလည်း ယခုပြပွဲသည် ‌ကြေးနီ‌တောင်စီမံကိန်း ရပ် တန့်‌ရေးအတွက် ဖြစ်သလို ‌ကြေးနီစီမံကိန်းသည် အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပြီး စီမံကိန်း ဆက်လက် လုပ်ကိုင်မည်ဆိုပါက မြန်မာလူမျိုးများသည် တရုတ်အစိုးရအ‌ပေါ် နာကြည်းမုန်းတီးမှု ကြီးမားလာနိုင်သည့် အပြင် မြန်မာ အစိုးရအပါအဝင် တရုတ်အစိုးရကိုပါ ထိခိုက်မှုရှိနိုင်‌ကြောင်း ထုတ်‌ဖော်‌ပြောကြားခဲ့သည်။

ဆက်လက်၍ လက်ပံ‌တောင်း‌တောင်သည် ချင်းတွင်းမြစ်နှင့် တစ်မိုင်‌ကျော်သာ ကွာ‌ဝေး‌သော‌ကြောင့် စီမံကိန်း စွန့်ပစ် အက်စစ် ရည်များသည် မြစ်အတွင်းသို့ ‌ရောက်ရှိပြီး ထိုမှတဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအများအပြား ထိခိုက်နိုင်‌ကြောင်းလည်း ဦးအံ့‌မောင်က ‌ထောက်ပြ‌ပြောဆိုသည်။

လက်ရှိတွင် လက်ပံ‌တောင်း‌တောင်‌ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းစစ်‌ဆေး‌ရေး‌ကော်မရှင်ကို ဖွဲ့စည်းထားပြီး ‌ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို မတ်လကုန်တွင် ထုတ်ပြန်သွားရန်ှရှိ‌ကြောင်း သိရသည်။