Home သတင်း မဲ‌ဆောက်မြို့ တီ‌ကေ‌လေး တန်းလျားရှိ မီး‌ဘေးသင့်သူများကို JACBA သွား‌ရောက်လှူဒါန်း

မဲ‌ဆောက်မြို့ တီ‌ကေ‌လေး တန်းလျားရှိ မီး‌ဘေးသင့်သူများကို JACBA သွား‌ရောက်လှူဒါန်း

1717
‌ဖေ‌ဖော်ဝါရီလ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၊ တီ‌ကေ‌လေး CMC သိုး‌မွှေးစက်ရုံ‌ဟောင်းတန်းလျားရှိ မီး‌ဘေးသင့် အလုပ်သမား မိသားစု ၂၄စုအတွက် မဲ‌ဆောက်အ‌ခြေစိုက် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ-JACBA အဖွဲ့မှ ယမန်‌နေ့က ဘတ်‌ငွေ ၁‌သောင်းခွဲတန်‌ကြေးရှိသည့်အလှူတစ်ခု သွား‌ရောက်လှူဒါန်းခဲ့သည်။

JACBA ၏ တာဝန်ခံဖြစ်သူ ဦးမိုးကြိုးက “ကျ‌နော်တို့လှူတာ ဘတ်‌ငွေက ‌လေး‌ထောင်ငါးရာပါ။ ‌နောက် မာမား ‌ခေါက်ဆွဲ‌ခြောက်၊ ခြုံ‌စောင်နဲ့ အဝတ်အထည်‌ပေါင်းစုံနဲ့ တခြားစားစရာ ရိက္ခာ‌ပေါင်းစုံပါတယ်။ အားလုံးစု‌ပေါင်း လိုက်ရင် လှူဒါန်း‌ငွေက ၁‌သောင်းခွဲဖိုး ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု လှူဒါန်းမှုသည် မဲ‌ဆောက်မြို့ရှိ စက်ရုံအလုပ်ရုံနှင့် ပြင်ပအလုပ်သမားများထံမှ အလှူ‌ငွေ‌ကောက်ခံ၍ ရရှိ ‌သော ‌ငွေများဖြစ်ပြီး တဆင့်ခံအ‌နေဖြင့် လာ‌ရောက်လှူဒါန်း‌ပေးခြင်းဖြစ်‌ကြောင်း ဦးမိုးကြီးက ဆက်‌ပြောသည်။

မြန်မာအလုပ်သမားများ‌နေထိုင်ရာ တီ‌ကေ‌လေး သိုး‌မွှေးစက်ရုံ‌ဟောင်းတန်းလျားတွင် ယခုလ ‌ဖေ‌ဖော်ဝါရီလ ၁၆ရက်‌နေ့က ဝါယာ‌ရှော့ဖြစ်ပွား‌သော‌ကြောင့် အခန်း‌ပေါင်း ၄၂ခန်း မီး‌လောင်မှုဖြစ်ပွားခဲ့သည့်‌နောက်ပိုင်း အလုပ်သမား ၁၂ဝ ခန့် ဒုက္ခ‌ရောက်သွားခဲ့ရာ ၎င်းအနက် အ‌ခြေအ‌နေအဆိုးဆုံး မိသားစု ၂၄ ကို JACBA က ဦးစား‌ပေးလှူဒါန်းခဲ့သည်ဟု သိရသည်။

ဦးမိုးကြိုးက “ကျ‌နော်တို့လို JACBA အလုပ်သမားလို အလုပ်သမားသမဂ္ဂသဏ္ဍာန်‌တောင် လှူနိုင်ရင် ဒီမိုက‌ရေ စီထွန်းသစ်စ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ မြန်မာသံရုံး‌တွေကလည်း တချက်က‌လေးစုံစမ်းပြီး‌တော့ ဒို့‌တွေ ဝိုင်းကူမယ်ဆိုရင် ဒီထက်မက အလှူ‌ငွေ ‌တွေရမယ်”ဟု ဖြည်စွက်‌ပြောဆိုသည်။

ယင်းမီး‌လောင်မှုဖြစ်ပွားခဲ့သည့်တန်းလျားတွင် စက်ရုံအလုပ်သမားများအပြင် ပြင်ပ‌ဆောက်လုပ်‌ရေး၊ ခြံ‌တောင် ယာနှင့် ‌ဈေး‌ရောင်း‌ဈေးဝယ် စသည့် အလုပ်သမားများ လည်း ‌နေထိုင်လျှက်ရှိသည်သည်။

JACBA သည် တီ‌ကေ‌လေး သိုး‌မွှေးစက်ရုံ‌ဟောင်းတန်းလျား မီး‌လောင်ပြီး‌နောက် ‌ဖေ‌ဖော်ဝါရီလ ၁၇‌နေ့က မဲ‌ဆောက်အ‌ခြေစိုက် ‌ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဖွင့်လှစ်ထားသည့် ကယ်ဆယ်‌ရေးစခန်းတွင် ၎င်းမီး‌ဘေး သင့် အလုပ်သမားများအတွက် ဘတ်‌ငွေ တစ်‌သောင်းခုနှစ်‌ထောင်(၁၇,၀၀၀) တန်‌ကြေးရှိသည့် အလှူတရပ် ပြုလုပ်ခဲ့‌သေးသည်ဟု သိရသည်။