Home သတင်း ‌ကျောက်မီး‌သွေးမိုင်းတူး‌ဖော် မှုအ‌ပေါ် ‌ညောင်ပင်ဆိပ်‌ဒေသခံများ စိုးရိမ်ပူပန်

‌ကျောက်မီး‌သွေးမိုင်းတူး‌ဖော် မှုအ‌ပေါ် ‌ညောင်ပင်ဆိပ်‌ဒေသခံများ စိုးရိမ်ပူပန်

1820
‌ဖေ‌ဖော်ဝါရီလ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ‌ညောင်ပင်ဆိပ်‌ကျေးရွာတွင် East Star နှင့် ‌မေဖလားဝါးဖက်စပ် ကုမ္ပဏီတို့မှ လာ‌ရောက်တူး‌ဖော်‌နေသည့် ‌ကျောက်မီး‌သွေး မိုင်းတူး‌ဖော်မှု‌ကြောင့် ‌နောက်ဆက်တွဲ ဖြစ်‌ပေါ်လာမည့် ဆိုးကျိုး များအ‌ပေါ် ‌ဒေသခံများ စိုးရိမ်ပူပန်‌နေကြ‌ကြောင်း သိရသည်။

East Star နှင့် ‌မေဖလားဝါးဖက်စပ်ကုမ္ပဏီမှ မြန်မာအစိုးရ၏ ခွင့်ပြုချက်ဖြင့် ‌ညောင်ပင်ဆိပ်၊ ‌ကျောက်ထူး၊ သဗြု ‌ချောင်း၊ ပ‌ထောင်းနီ စသည့် ‌ကျေးရွာ‌လေးရွာတွင် ‌ကျောက်မီး‌သွေးမိုင်း စတင်တူး‌ဖော်‌နေကြပြီ ဖြစ်သဖြင့် ကျန်းမာ‌ရေးနှင့်ပတ်သက်သည့် ‌နောက်ဆက်တွဲဆိုးကျိုးများနှင့် ဥယျာဉ်ခြံ‌မြေစိုက်ပျိုးမှုများ ပျက်စီးဆုံးရှုံးမည်ကို ‌ဒေသခံများက စိုးရိမ်‌နေကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ၎င်းဖက်စပ်ကုမ္ပဏီတို့ တူး‌ဖော်‌နေသည့် ‌ကျောက်မီး‌သွေးမိုင်း တူး‌ဖော်မှုသည် ‌ညောင်ပင်ဆိပ် ‌ကျေးရွာတွင် ၅ဧကခန့် တူး‌ဖော်ပြီးစီးသွားပြီး ဧက‌ပေါင်း ၃,၀၀ဝ ခန့် တူး‌ဖော်ရန် လျာထား‌ကြောင်းကိုသာ သိရ ပြီး တူး‌ဖော်‌ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ကုမ္ပဏီများမှ ထုတ်ပြန်‌ပေးထားခြင်းမရှိ ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

‌ညောင်ပင်ဆိပ်‌ဒေသခံတစ်ဦးက “ကျ‌နော်တို့ရွာ‌တွေက ဘန်း‌ချောင်းနားမှာ ရှိတာ‌လေ။ အခုသူတို့က စတူး‌နေပြီ ဖြစ်‌တော့ ‌မြေစာ‌တွေကို ‌ချောင်းထဲမှာ ပစ်ထည့်‌တော့ ‌ချောင်း‌ရေညစ်ညမ်းလာတယ်။ မိုးရာသီဆို ‌ရေ‌တွေက ‌နှောက်လာတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့အ‌နေနဲ့ ‌နောက်ထပ်ဆက်ဖြစ်လာမယ့် အ‌ခြေအ‌နေ‌တွေအ‌ပေါ်မှာ ကျန်မာ‌ရေးအတွက်လည်း စိုးရိမ်ပူပန်‌နေရတယ်”ဟု ‌ပြောသည်။

ဆက်လက်၍ တူး‌ဖော်‌ရေးလုပ်ငန်းကို ရပ်တန့်‌ပေးရန် ၂၀၁၂ခုနှစ် နိုဝင်ဘာလမှစ၍ ယခုအချိန်ထိ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ၆ကြိမ်သွား‌တွေ့ပြီဖြစ်‌သော်လည်း ယခုလ ‌ဖေ‌ဖော်ဝါရီလ ၁၅ ရက်‌နေ့အထိ တူး‌နေကြတုန်း ဖြစ်‌ကြောင်း သူက ‌ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ‌ကျောက်မီး‌သွေးတူး‌ဖော်မှုကို ရပ်တန့်‌ပေးရန်အတွက် ‌ညောင်ပင်ဆိပ် ‌ဒေသခံများက ဆု‌တောင်းပွဲများပြုလုပ်ခဲ့ကြပြီး ဖြစ်သကဲ့သို့ ယင်းတူး‌ဖော်မှုနှင့်ပတ်သက်၍ ကန့်ကွက်သည့် စာ များကို တနသင်္ာရီတိုင်းဝန်ကြီးနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တာဝန်ရှိသူများထံသို့ အသနားခံစာ တင်ပြသွားရန်လည်း စီစဉ်‌နေကြ‌ကြောင်း သိရသည်။

ထို‌ဒေသ၌ လှုပ်ရှား‌နေသည့် ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ KNU တပ်မဟာ(၄) ဘိတ်/ထားဝယ်ခရိုင်၊ ကစယ်ဒို့ မြို့နယ် ဥက္ကဌ ‌စောဒီ‌အောင်လုကလည်း “အခု‌လော‌လောဆယ်‌တော့ ‌ဒေသခံ‌တွေအတွက် အရမ်း ဆိုးဆိုးဝါးဝါး ကြီး ထိခိုက်တာ မရှိ‌သေး‌ပေမယ့် ဆက်တူးရင် ဖြစ်‌ပေါ်လာမယ့် ကျန်းမာ‌ရေးဆိုးကျိုး‌တွေနဲ့ ခြံ‌မြေသိမ်းဆည်း ခံရမှာ‌တွေကို ‌ဒေသခံ‌တွေက စိုးရိမ်ပူပန်‌နေကြတာပါ”ဟု ‌ပြောသည်။

၎င်း‌ဒေသတွင် လတ်တ‌လော ကုမ္ပဏီမှ တူး‌ဖော်ပြီးစီးသွားသည့် ‌မြေ ၅ဧကအတွက် ‌ဒေသခံများ၏ ‌တောင်းဆို ဆန္ဒပြမှု‌ကြောင့် တစ်ဧကလျှင် ထိုင်းဘတ်‌ငွေ နှစ်‌သောင်း ‌ပေး‌ချေ‌ပေး‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောသည်။

East Star နှင့် ‌မေဖလားဝါးဖက်စပ်ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်မှစ၍ သွား‌ရေးလာ‌ရေးအတွက် လမ်း‌ဖောက်လုပ် ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ‌ကျောက်မီး‌သွေးတူး‌ဖော်ခြင်းကို စတင်လုပ်ကိုင်ခဲ့ချိန်မှစ၍ ယခုချိန်အထိ ထိုတူး‌ဖော်မှုကို ရပ်တန့်‌ပေးရန် ကုမ္ပဏီတာဝန်ရှိသူများကို သွား‌ရောက်‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့ပြီဖြစ်‌ကြောင်း ‌ညောင်ပင်ဆိပ်‌ဒေသခံများက ‌ပြောပြချက်အရ သိရသည်။