Home သတင်း တပ်စခန်းပြုပြင်ရန် ရွာသားများကို အလှည့်ကျ လုပ်အားခိုင်း‌စေ

တပ်စခန်းပြုပြင်ရန် ရွာသားများကို အလှည့်ကျ လုပ်အားခိုင်း‌စေ

1634
ဇန်နဝါရီလ ၅ရက်။ ။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေတွင် အ‌ခြေချလှုပ်ရှားလျှက်ရှိ‌သော ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) တပ်ရင်း(၇)က ၎င်းတို့တပ်စခန်းပြန်လည်ပြုပြင်ရန်အတွက် ယခုရက်ပိုင်းအတွင်း ‌ဒေသခံရွာသူရွာသား များကို အလှည့်ကျ ‌ခေါ်ယူ ခိုင်း‌စေ‌နေသည်ဟု သိရှိရသည်။

ဒုဗိုလ်မှူးကြီး ‌စောလိုက်သိမ့် ဦး‌ဆောင်‌သော ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)၊ တပ်ရင်း(၇)က ၎င်းတို့ တပ်ဖွဲ့များ ဝင်‌ရောက်လှုပ်ရှားရာ ‌ကေအဲန်ယူ တပ်မဟာ(၇)၊ ဖားအံခရိုင်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ် စပ်ကြား‌ဒေသများတွင်ရှိ ‌ဒေသခံများကို ယခုနှစ်ဆန်းပိုင်း ၁ရက်‌နေ့မှစ၍ ယ‌နေ့အချိန်ထိ အလှည့်ကျ ‌ခေါ်ယူခိုင်း‌စေ‌နေခြင်းဖြစ်သည်ဟု နယ်‌မြေခံတဦးက ‌ပြောသည်။

၎င်းက “က‌လေ့ဖိုးကလိုး၊ က‌လေ့မို့ခီး၊ မဲ့တရဲ၊ စီဖိုးခီး၊ ထီးတို‌ကော် စတဲ့ရွာ‌တွေမှာ တအိမ်ကို ဝါးခြမ်းပြား အချပ် ၅ဝ ‌တောင်းတယ်။ သူတို့(ဒီ‌ကေဘီ‌အေ) စခန်း‌တွေဖြစ်ကြတဲ့ ပူးလူး၊ ပ‌လော၊ ကမ္ဘာလုံး အဲဒီစခန်း ‌တွေကို ဒီလ ၁ ရက်‌နေ့မှာ အ‌ရောက်ပို့ရမယ်လို့ ညွှန်ကြားထားတယ်။ ၂ရက်‌နေ့မှာလည်း တအိမ်ကို သဲ ဘို့ (ဝါးထရံ)အချပ် ၂ဝထပ်‌တောင်း‌တော့ ရွာသား‌တွေ သွားပို့‌ပေးရတယ်။ ပို့ပြီး‌တော့ ရွာသား‌တွေကပဲ အလှည့်ကျ စခန်းပြုပြင် ‌ပေးရတယ်။ အခုထိ မပြီး‌သေးဘူး”ဟု ‌ပြောသည်။

နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့သည် ‌ကေအဲန်ယူတပ်မဟာ (၇)နယ်‌မြေတချို့ကို သိမ်းပိုက်နိုင်ခဲ့ သည့်‌နောက် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များက ‌ဒေသခံရွာသူရွာသားများထံမှ ကက်၊ ဝက်၊ ဘဲများကို အတင်းအဓမ္မ ယူစားမှုများ ရှိခဲ့‌သော်လည်း တပ်စခန်းပြုပြင်ရန်အတွက် လုပ်အား‌ခေါ်ခိုင်း‌စေမှုသည် ယခု ပထမဦးဆုံး လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ထီးတို‌ကော် ရွာသားတဦးဖြစ်သည့် ‌စောပါဒို (နံမည်အရင်းမဟုတ်)က “ကျ‌နော်တို့ရွာက‌တော့ မ‌နေ့က သွားပြီးပြီ။ ဒီ‌နေ့ က‌လေ့ဖိုးကလိုးနဲ့ က‌လေ့မို့ခီးရွာက အလှည့်ထင်တယ်။ ပြီးတဲ့အထိ သွားပြင်‌ပေးရမ လား‌တော့ ‌ခေါင်း‌ပေါင်းဝါ(ဒီ‌ကေဘီ‌အေ)‌တွေက ဘာမှမ‌ပြော‌သေးဘူး”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ‌ကေအိုင်စီက ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)တပ်ရင်း (၇)မှူး ဒုဗိုလ်မှူးကြီး ‌စော လိုက်သိမ့်ကို ဆက်သွယ်‌မေးမြန်းရန်ကြိုးပမ်းခဲ့‌သော်လည်း ဆက်သွယ်‌ရေး ဖြတ်‌တောက်ထားသည်။

အဆိုပါ ဒီ‌ကေဘီ‌အေ အ‌ခြေချလှုပ်ရှားရာ ‌ဒေသသည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လတုန်းက နအဖနှင့် ဒီ‌ကေဘီ‌အေတပ်တို့ ပူး‌ပေါင်းထိုးဆင်ခဲ့ရာ ယင်းထိုးစစ်‌ကြောင့် ‌ဒေသခံပြည်သူ ၄,၀၀၀‌ကျော် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်‌ပြေးခိုလှုံခဲ့ကြပြီး ယ‌နေ့အချိန်ထိ ပြန်လည်အ‌ခြေခွင့် မရ‌သေး‌ပေ။