Home သတင်း အစိုးရစစ်တပ်နှင့် SSPP/SSA တိုက်ပွဲများ ရပ်တန့်‌နေ

အစိုးရစစ်တပ်နှင့် SSPP/SSA တိုက်ပွဲများ ရပ်တန့်‌နေ

1506
‌ဖေ‌ဖော်ဝါရီလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

မြန်မာအစိုးရစစ်တပ်နှင့် သျှမ်းပြည်တိုးတက်‌ရေးပါတီ၊ သျှမ်းပြည်တပ်မ‌တော် SSPP/SSA တို့အကြား ‌ဖေ‌ဖော်ဝါရီလ တတိယ ပတ်အတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး‌နောက် ယခုအခါ တိုက်ပွဲများ ရပ်တန့်‌နေ‌ကြောင်း သိရသည်။

‌ဖေ‌ဖော်ဝါရီလ ၂ဝရက်နှင့် ၂၂ရက်‌နေ့များတွင် SSPP/SSA မှ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ ဒုဥက္ကဌ ဦးသိန်း ‌ဇော်နှင့် နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်ထံ တရားဝင် အ‌ကြောင်းကြားစာများ ‌ပေးပို့ပြီး မြန်မာအစိုးရစစ်တပ်မှ ဝင်‌ရောက်တိုက် ခိုက်‌နေမှုများအား ရပ်စဲ‌ပေးရန် ‌ပြောဆိုခဲ့သည်။

ထို့‌နောက် ‌ဖေ‌ဖော်ဝါရီလ ၂၂ရက်တွင် အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ဒုဥက္ကဌ ဦးသိန်း‌ဇော်မှ တိုက်ပွဲဖြစ်ပွား‌နေမှု များအား ရပ်စဲမည့်အ‌ကြောင်းနှင့် တပ်များ ပြန်လည် ဆုတ်ခွာ‌ပေးမည့်အ‌ကြောင်း ဖုန်းဖြင့် ဆက်သွယ်‌ပြောဆိုခဲ့သည်ဟု SSPP/ SSA မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ယခုလို ‌ပြောသည်။

သူက “ဦးသိန်း‌ဇော်ကိုယ်တိုင်က တိုက်ပွဲဖြစ်‌နေတာ‌တွေ ရပ်‌ပေးမယ်။ ‌နောက်ပြီး တပ်‌တွေကိုလည်း ကိုယ့်‌နေရာကိုယ် ပြန်လည် ဆုတ်ခွာဖို့ကို ဖုန်းနဲ့ ဆက်သွယ်အ‌ကြောင်းပြန်ထားတာ ရှိပါတယ်။ အခု‌တော့ တိုက်ပွဲ‌တွေက ရပ်‌နေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး အစိုးရဖက်မှ တရားဝင်စာဖြင့် ပြန်လည် အ‌ကြောင်းပြန်ကြားထားခြင်း ယ‌နေ့အထိ မရှိ‌သေး‌ကြောင်းလည်း ဗိုလ်မှူးစိုင်းလက ဆက်လက် ‌ပြောသည်။

သျှမ်းပြည်တိုးတက်‌ရေးပါတီ၊ သျှမ်းပြည်တပ်မ‌တော် SSPP/SSA ၏ ‌ပေးပို့စာများထဲတွင် မိမိတို့တပ်များအ‌နေဖြင့် သွား‌ရောက် ကျူး‌ကျော် တိုက်ခိုက်‌နေခြင်းမဟုတ်ဘဲ တပ်မ‌တော်စစ်‌ကြောင်းများမှ ၎င်းတို့တပ်စွဲထား‌သော ‌နေရာများကို ဝင်‌ရောက်တိုက် ခိုက်‌နေခြင်းဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် အစိုးရစစ်တပ်မှ မိမိတို့ဆုတ်‌ပေး‌သော တပ်စခန်းများ‌နေရာတွင် ဆက်လက် တပ်စွဲထားလျက်ရှိရာ မလွှဲသာ၍ ပြန် လည် ခုခံရခြင်းဖြစ်ပြီး ၎င်းမှာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်များကို ပျက်ပြား‌စေသည့်အတွက် တိုက်ခိုက်မှုများကို ရပ်တန့်‌ပေးရန် ‌တောင်းဆိုထားခြင်း ဖြစ်သည်ဟု SSPP/SSA က ‌ပြောသည်။

ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC ၏ အဖွဲ့ဝင်ဖြစ်သည့် SSPP/SSA သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ လတွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီခဲ့ပြီး‌နောက်ပိုင်း အစိုးရတပ်နှင့် တိုက်ပွဲ‌ပေါင်း ၅၀‌ကျော် ပြန်လည် ဖြစ်ပွားခဲ့သည်။