Home တွေ့ဆုံမေးမြန်းခန်း ကရင်အမျိုးသားအစည်းအရုံး -KNU ‌နေ့နှင့် ကရင့်အမျိုးသား‌နေ့ ဖြစ်‌ပေါ် လာပုံ ဗဟို အလုပ်အမှု‌ဆောင် ပဒို‌စောသမိန်ထွန်းအား ‌ကေအိုင်စီ မှ ‌တွေ့ဆုံ‌မေးမြန်းခြင်း

ကရင်အမျိုးသားအစည်းအရုံး -KNU ‌နေ့နှင့် ကရင့်အမျိုးသား‌နေ့ ဖြစ်‌ပေါ် လာပုံ ဗဟို အလုပ်အမှု‌ဆောင် ပဒို‌စောသမိန်ထွန်းအား ‌ကေအိုင်စီ မှ ‌တွေ့ဆုံ‌မေးမြန်းခြင်း

1891
‌တွေ့ဆုံ‌မေးမြန်းခြင်း

Saw Thamein Tun
‌ကေအိုင်စီ – ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့က ကရင်အမျိုးသားအစည်းအရုံး-KNU ‌နေ့ဆို‌တော့ KNU စတင်ဖြစ်‌ပေါ်လာပုံကို ‌ပြောပြ ‌ပေးပါလား။
– KNU ‌နေ့ ဖြစ်‌ပေါ်လာပုံအ‌နေနဲ့ ‌ပြောပြရမယ်ဆိုရင်‌တော့ ဒီ‌နေ့ဟာ ကရင်တမျိုးသားလုံး အတွက် အင်မတန်မှ အ‌ရေးပါတဲ့ အ‌ကြောင်းအရာတချက်ပဲ။ အရင်က ကျ‌နော်တို့ ကရင်အဖွဲ့အစည်း‌တွေမှာက အမျိုးမျိုးရှိတယ်။ ၁၈၈၁ ခုနှစ်က KNA-Karen National Association ဟာ ကရင်တမျိုးသားလုံးရဲ့ ပထမဦးဆုံး အဖွဲ့အစည်းဖြစ်တယ်။ ဒီအဖွဲ့က လှုပ်ရှား‌နေရင်းနဲ့ ကရင်တမျိုး သားလုံးက ပညာ‌ရေးဘက်မှာ မြင့်မားလာတယ်။ ကရင်စာ‌ပေယဉ်‌ကျေးမှု‌တွေကို တရားဝင် အစိုးရ‌ကျောင်း‌တွေမှာ သင်ခွင့်ရ လာပြီး အသိအမှတ်ပြုခံရတယ်။ ဒီလိုနဲ့ ပထမကမ္ဘာစစ်ပြီးတဲ့‌နောက်ပိုင်းမှာ ကရင်‌တွေက အမျိုးသား‌ရေး ပိုပြီး နိုးကြားလာတယ်။
ဗမာပြည်ရဲ့ နိုင်ငံ‌ရေးလှုပ်ရှားမှုအ‌နေအထား‌ပေါ်မှာ ကရင်လူမျိုး‌တွေကလည်း နိုးကြားတက်ကြွလာတယ်။ အဲဒီအချိန်ခါ မှာလည်း ကရင်ဗုဒ္ဓဘာသာအဖွဲ့‌တွေဆိုရင် BKNA -Buddha Karen National Association ဆိုတဲ့ အဖွဲ့‌ပေါ်လာတယ်။ ဒီအဖွဲ့ လည်း ကရင်အမျိုးသား အဖွဲ့ကြီးတဖွဲ့ဖြစ်လာတယ်။ ဖြစ်လာပြီး ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးမှာ အာရှအ‌ရှေ့ဖျားကလည်း နိုင်ငံ‌ရေး နိုးကြားမှု‌တွေ ‌ပေါ်‌ပေါက်လာတဲ့အခါ ကရင်‌တွေက တခါ KYO ဆိုတဲ့ ကရင်လူငယ်အစည်းအရုံး ‌ပေါ်‌ပေါက်လာပြန်တယ်။ ကရင် အဖွဲ့အစည်းချည်းပဲ ကိုလိုနီ‌ခေတ်မှာ ၃ဖွဲ့ ရှိပြီ။ ဒုတိ ယကမ္ဘာစစ်ဖြစ်‌တော့ တခါ BIA-ဗမာ့တပ်မ‌တော်‌တွေက ကရင်‌တွေနဲ့ ပဋိ ပက္ခ ဖြစ်ကြတယ်။ အဲဒီမှာ ကရင်အမျိုးသား‌တွေဟာ BIA ရဲ့ အကြီးအကျယ် နှိပ်စက်မှု‌တွေ၊ အနိုင်ကျင့်မှု‌တွေ ခံရတယ်။ ‌မြောင်း မြဂွင်၊ မြစ်စကျွန်း‌ပေါ်နဲ့ အ‌ရှေ့ဘက် ဖာပွန်က ထင်ထင်ရှားရှား အမှတ်အသားဖြစ်ခဲ့တယ်။ ကရင်‌ခေါင်း‌ဆောင်ကြီး‌တွေက အ‌မြော်အမြင်ရှိရှိနဲ့ ဒီပြဿနာမျိုး‌တွေ မဖြစ်‌အောင် ဂျပန်‌ခေတ်မှာ တခါ KCO ဆိုတဲ့ Karen Center Organization ကရင်ဗဟို အဖွဲ့ချုပ်ကိုလည်း ပြန်ဖွဲ့လိုက်တယ်။ ဖွဲ့လိုက်‌တော့ ကရင်မှာ အဖွဲ့အစည်းကြီး ၄ဖွဲ့ရှိလာတယ်။
ဒုတိယကမ္ဘာစစ်ပြီး‌နောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံ‌ရေးက ‌ပြောင်းလဲလာတယ်။ အ‌နောက်တိုင်းအရင်းရှင်အုပ်စုနဲ့ အ‌ရှေ့ ဘက်က ဆိုရှယ်လစ်အုပ်စုဆိုတာ ဖြစ်လာတယ်။ အထူးသဖြင့် မလွတ်လပ်‌သေးတဲ့ တိုင်းပြည်‌တွေကလည်း လွတ်လပ်‌ရေးရ ‌အောင် ကြိုးပမ်း‌နေတဲ့ ကာလဖြစ်သလို တိုင်းမရှိ ပြည်မရှိ လူမျိုး‌တွေကလည်း တိုင်းပြည်ရှိ‌အောင် ကြိုးစားတယ်။ အဲဒီကာလမျိုး မှာ ကရင်‌တွေက ကရင်ပြည်ရရှိ‌ရေး ကြိုးပမ်းလုပ်‌ဆောင်ကြတဲ့အခါမှာ တ‌ယောက်တ‌ပေါက်ဖြစ်‌နေတယ်။ တချို့က ကရင်ပြည် ဆိုတာ မြစ်ဝကျွန်း‌ပေါ်‌ကော၊ ပဲခူးတိုင်း‌ကော အဲတုန်းက ရန်ကုန်တိုင်းဆိုတာ မရှိ‌သေးဘူး။ အ‌ရှေ့ရိုးမ၊ တနသင်္ာရီကမ်း‌မြောင် ‌ဒေသတစ်ခုလုံးကို ကရင်ပြည်အဖြစ်နဲ့ အသိအမှတ်ပြုဖို့ ‌တောင်းဆိုတဲ့အဖွဲ့အစည်းရှိသလို တချို့ကလည်း မြစ်ဝကျွန်း‌ပေါ်နဲ့ အ‌ရှေ့တိုင်းတခုလုံးကို ‌တောင်းဆိုတာရှိတယ်။ တချို့က အ‌ရှေ့တနသင်္ာရီရိုးမတိုင်းတခုလုံးကို ကရင်ပြည်အဖြစ် ‌တောင်းဆိုတာ ‌တွေလည်း ရှိတယ်။ ကွဲကွဲပြားပြားဖြစ်‌တော့ နိုင်ငံ‌ရေးလှုပ်ရှားမှုမှာ အခက်အခဲရှိတယ်။ ဒီအ‌ပေါ်မှာ တစုတစည်းတည်းဖြစ် ‌အောင် KNA က‌နေ ဦးစီးပြီးမှ အစည်းအ‌ဝေးကြီးကို ၁၉၄၇ခုနှစ်မှာ အစည်းအ‌ဝေး‌ခေါ်ပြီး ရန်ကုန်မှာ ကရင်‌တွေ ‌ဆွေး‌နွေးကြ တယ်။ ‌ဆွေး‌နွေးကြ‌တော့ ကရင်အဖွဲ့အစည်း‌တွေ တသံတည်း တစုတည်းဖြစ်ရ‌အောင် အသင်းအဖွဲ့‌လေးဖွဲ့ KNA၊ BKNA၊ KYO၊ KCO တို့ အားလုံး‌ပေါင်းလိုက်ပြီးမှ ကရင်အမျိုးသားအစည်းအရုံး-KNU ဆိုတဲ့ အဖွဲ့အစည်းကို ၁၉၄၇ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက် ‌နေ့မှာ စတင် ဖွဲ့စည်းလိုက်တာ ဖြစ်တယ်။ အဲဒါ‌ကြောင့် ကရင့်သမိုင်းမှာ ပြန်ကြည့်ရင် KNU ရဲ့သမိုင်းမှတ်တိုင်ဟာ အင်မတန်မှ အ‌ရေးကြီးတယ်။
ဗုဒ္ဓဘာသာဖြစ်‌စေ၊ ခရစ်ယာန်ဘာသာဖြစ်‌စေ၊ ရိုးရာကိုးကွယ်တာဖြစ်‌စေ ကရင်အားလုံးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းဖြစ် ‌တော့ KNU အစည်းအရုံးကြီးဟာ ကရင်သမိုင်းမှတ်တိုင်မှာ အ‌ရေးကြီးတဲ့ မှတ်တိုင်တခုဖြစ်ခဲ့တယ်။ ယ‌နေ့တိုင် KNU ဟာ နိုင်ငံ ‌ရေး လှုပ်ရှားမှု၊ အမျိုးသားတန်းတူမှုရရှိ‌ရေး၊ စစ်မှန်တဲ့ ပြည်‌ထောင်စုရရှိ‌ရေး တနည်းအားဖြင့် ဖက်ဒရယ်ပြည်‌ထောင်စု‌ပေါ့‌နော်။ အဲဒါ‌တွေ ရရှိ‌ရေးအတွက် ဆက်လက် လုံးပမ်းလာတာ ဖြစ်တယ်။ ဒါ‌ကြောင့် သမိုင်းအရ ‌ပြောမယ်ဆိုလို့ရှိရင် KNU ကရင်တမျိုး သားလုံးရဲ့ ဆုံဆည်းရာ အမျိုးသားစည်းလုံး‌ရေး၊ နိုင်ငံ‌ရေးနဲ့ပတ်သက်တဲ့ ဆုံဆည်းရာ အဖွဲ့အစည်းကြီးဖြစ်တယ်။

‌ကေအိုင်စီ – KNU အစည်းအရုံးကို ၁၉၄၇ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့က စတင်ဖွဲ့စည်းလိုက်တယ်ဆို‌တော့ ဒီအဖွဲ့ကို ဘယ်သူ ‌တွေက ဦး‌ဆောင်ဖွဲ့စည်းပြီး ဘယ်လိုရည်ရွယ်ချက်‌တွေနဲ့ အဓိက ဖွဲ့စည်းခဲ့တာလဲ။
– ရည်ရွယ်ချက်အ‌နေနဲ့ အဲဒီအချိန်က ကမ္ဘာမှာလည်း ‌ခေတ်စား‌နေတာက မလွတ်လပ်‌သေးတဲ့ တိုင်းပြည်‌တွေ လွတ်လပ်‌ရေး ‌တောင်းဆိုကြိုးပမ်းမှုကို အား‌ပေးကူညီတဲ့ အ‌နေအထားမှာရှိတယ်။ တိုင်းပြည် မရှိ‌သေးတဲ့ လူမျိုး‌တွေအတွက် တိုင်းပြည်ရှိ ‌အောင် ‌ဆောင်ရွက်‌ပေးဖို့ လှုံ့‌ဆော်တဲ့ အ‌နေအထား‌တွေရှိတယ်။ ဒီအ‌ပေါ်မှာ ကရင်အမျိုးသား‌တွေကလည်း ကရင်ပြည်ရရှိ‌ရေး အတွက် လုံးပမ်းကြတာ ဖြစ်တယ်။ အဲဒီအချိန်က ကရင်ပြည်နယ်ဆိုတာလည်း မရှိ‌သေးဘူး။ ‌အောက်ဗမာပြည်၊ ပြည်မကြီးရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်တယ်။ ဗမာပြည်ရဲ့ ပြည်မကြီးမှာပါတာ မွန်၊ ကရင်၊ ဗမာ၊ ရခိုင်‌တွေ ပါတယ်။ အဲ့လိုဖြစ်‌နေ‌တော့ ကရင် ပြည်ရရှိ‌ရေးကို ကြိုးစားတယ်။ ကိုယ်ပိုင်အုပ်ချုပ်‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည်နယ်ကို စတင်‌တောင်းဆိုခဲ့တာ။ ရပြီး သွားရင်လည်း ထွက်ခွင့်ရရင်ထွက် မရရင် ကိုယ်ပိုင်အုပ်ချုပ်‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ သီးသန့် ကရင်ပြည်ကို ကျ‌နော်တို့ ‌တောင်းတယ်။
ရည်မှန်းချက်၊ ဦးတည်ချက်က‌တော့ အဲဒီအချိန်က ‌ပြောမယ်ဆိုရင် ကရင်အမျိုးသား‌တွေရဲ့ တန်းတူမှုအခွင့်အ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည်ရရှိ‌ရေးကို ဦးတည်ပြီး‌တော့ ‌ဆောင်ရွက်တာဖြစ်တယ်။ KNU ကို ဦး‌ဆောင်တာက ကရင် ‌ခေါင်း‌ဆောင်ကြီး‌တွေပါပဲ‌နော်။ အဲဒီ‌ခေတ်က အင်မတန် အရွယ်ရှိတဲ့ ‌ခေါင်း‌ဆောင်‌တွေ ဖြစ်တဲ့ ‌စောဘဦးကြီး၊ စံဖိုးသင်တို့၊ ဂျွန် ဆင်ဒီဖိုးမင်းတို့ ပါတယ်။ အဲလို ‌ခေါင်း‌ဆောင်ကြီး‌တွေ စုစည်းပြီး ပထမဦးဆုံး KNU ဥက္ကဌက‌တော့ ‌စောစံဖိုးသင် ဖြစ်တယ်။ ဒါ‌ပေမယ့် ‌စောစံဖိုးသင်က နိုင်ငံ‌ရေးမှာ မတည်ငြိမ်ဘူး။ အဲ‌တော့ KNU ဖွဲ့စည်းပြီးတာ မကြာဘူး။ KYO က ဘာဖြစ်လာတယ်ဆို ‌တော့ KNU က‌နေ ခွဲထွက်ပြီးမှ တဖက်တလမ်းက‌နေ အား‌ပေးကူညီဖို့ ထွက်ခွင့်‌ပေးပါလို့ ‌ပြောလိုက်‌တော့ ခွဲထွက်ခွင့် ‌ပေးလိုက် တယ်။
ခွဲထွက်ခွင့်‌ပေးလိုက်‌တော့ စံဖိုးသင်ကလည်း KNU ဥက္ကဌ‌နေရာက‌နေ ထွက်သွားတယ်။ ဒါ လပိုင်း‌လေးပဲ ကြာပါတယ်။ ၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့က စတင်တာက‌နေ မတ်၊ ဧပြီ‌လောက်မှာပဲ ‌စောစံဖိုးသင်‌နေရာကို ‌စောဘဦးကြီး ပြန်‌ခေါင်း ‌ဆောင်တယ်။ ‌စောဘဦးကြီးက KNU ကို ခိုင်ခိုင်မာမာနဲ့ ဦး‌ဆောင်သွားတယ်။ သူကျရှုံးတဲ့အထိပဲ။ ‌စောဘဦးကြီးဟာ တည်တည် ငြိမ်ငြိမ်နဲ့ ကရင်‌တွေကို ဦး‌ဆောင်သွားတာဖြစ်တယ်။ ကရင်အမျိုးသား‌တွေရဲ့ ‌ခေါင်း‌ဆောင်ကြီးလည်း အဓိက ‌စောဘဦးကြီးကိုပဲ အသိအမှတ်ပြုရတာဖြစ်တယ်။

‌ကေအိုင်စီ – KNU ဟာ ကရင်တမျိုးသားလုံးအတွက် ရပ်တည်‌ပေး‌နေတယ်လို့ ‌ပြော‌တော့ KNU ဟာ ကရင်တမျိုးသားလုံးအ တွက် ဘယ်‌လောက်ထိ အ‌ရေးပါသလဲဆိုလည်း ရှင်းပြ‌ပေး‌စေချင်ပါတယ်။
– အ‌ရေးပါတယ်ဆိုတဲ့ကိစ္စဟာ ကရင်တမျိုးသားလုံးရဲ့အ‌နေအထား‌လေ။အရင်‌ခေတ်ကဆိုလို့ရှိရင် ကျ‌နော်တို့ကရင်‌တွေက ကိုလိုနီ‌ခေတ်က‌တော့ ပညာ‌ရေး‌တွေ၊ အစိုးရအမှုထမ်း‌တွေမှာလည်း ကရင်‌တွေက များတယ်။ ပညာ‌ရေးပိုင်းမှာလည်း ကရင် ‌တွေက ‌တော်‌တော်‌လေး ပညာတတ်‌တွေက များတယ်။ ဒီအ‌ပေါ်မှာ ကျ‌နော်တို့ KNU က အမျိုးသား‌တွေရဲ့ ‌တောင့်တချက်ဖြစ် တဲ့ ကရင်ပြည်ရရှိ‌ရေးဆိုတဲ့ကိစ္စဟာ KNU ‌ခေါင်း‌ဆောင်‌တွေအပိုင်း‌လောက်ပဲ လုပ်တာမဟုတ်ပဲနဲ့ ကရင်တမျိုးသားလုံး ရဲ့လိုလားချက်ကိုပဲ KNU က‌တောင်းဆိုတာဖြစ်တယ်။
တဆက်တည်းမှာပဲ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်‌နေ့မှာ ဗမာပြည်က တရားဝင် လွတ်လပ်‌ရေးရရှိတဲ့‌နေ့ ဖြစ်တယ်။ အဲဒီ‌နောက်ပိုင်းမှာ ‌စောဘဦးကြီးက နိုင်ငံ‌တော်အကြီးအကဲ ဝန်ကြီးချုပ်ဦးနုနဲ့ ကရင်ပြည်ရရှိ‌ရေး‌တွေ ‌တောင်းဆိုကြတာ ဖြစ် တယ်။ ‌တောင်းဆိုကျ‌တော့ ဦးနုကလည်း ‌ပြောတယ်။ “မင်းတို့ကရင်‌တွေဟာ လူကြီးပိုင်း ပညာတတ်ပိုင်း‌လောက်သာ ရချင်တာ ဖြစ်နိုင်တယ်။ တကယ့် ကရင်ဆင်းရဲသားလူထု၊ အ‌ခြေခံလူတန်းစား‌တွေ က‌ကော ရယူပါ့မလား။ မင်းတို့ရဲ့ ဆန္ဒသ‌ဘောထားကို ‌ဖော်ပြစမ်းပါ”‌ပြောလိုက်‌တော့ KNU အ‌နေနဲ့ ကရင်‌တွေ ရှိတဲ့‌နေရာမှာ တပြည်လုံး လှုံ့‌ဆော်ပြီး‌တော့မှ ကရင်ပြည်ရရှိ‌ရေး လို လားသလား၊ မလိုလားသလားလို့ ကြည့်လိုက်‌တော့ အားလုံးက လိုလားတယ်ဆိုတာကို ‌ဖော်ပြလာတာကို ‌တွေ့ရတယ်။ ဒါ‌ကြောင့် ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့မှာ ကရင်အမျိုးသား‌တွေက ကရင်ပြည်ရရှိ‌ရေးအတွက် ဆန္ဒပြခဲ့ကြတာ ဖြစ် တယ်။ ဆန္ဒပြတဲ့‌နေရာမှာ ‌တောင်းဆိုချက်က ၄ချက်ပဲရှိတယ်။
၁။ ကရင်ပြည် ချက်ချင်း‌ပေး
၂။ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ
၃။ လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ
၄။ ပြည်တွင်းစစ် အလိုမရှိ
ဒီအ‌ခြေခံ ၄ချက်နဲ့ ပိုစတာကို ကပ်ပြီး ‌တောင်းဆိုခဲ့တာဖြစ်တယ်။
ဒီ‌နေရာမှာ ကရင်ပြည် ချက်ချင်း‌ပေးဆိုတာနဲ့ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြဆိုတဲ့ အချက် ၂ချက်ဟာ ဗိုလ်ချုပ် ‌အောင်ဆန်းက ‌စောဘဦးကြီးကို ‌ပြောခဲ့တဲ့ စကားဖြစ်တယ်။ “ခင်ဗျားတို့ ကရင်ပြည်ရပါ‌စေ့မယ်။ ကရင်တကျပ် ဗမာတကျပ်ကို ‌တော့ ရကို ရ‌စေရမယ်” အဲလို ဗိုလ်ချုပ်‌အောင်ဆန်းက ‌စောဘဦးကြီးကို ‌ပြောခဲ့တာရှိတယ်။ ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့ ဆန္ဒပြတဲ့‌နေရာမှာ ဗိုလ်ချုပ်‌အောင်ဆန်း‌ပြောတဲ့ စကားကို ပြန်‌တောင်းဆိုတာ ဖြစ်တယ်။ ‌ကြွေး‌ကြော်သံ ၄ချက်နဲ့ ‌တောင်းဆိုလာ‌တော့ ဆန္ဒပြတာကလည်း ‌ကြွေး‌ကြော်သံ‌တွေ‌အော်ပြီး ဘယ်သူ့ကိုမှ အ‌နှောင့်အယှက် မလုပ်ခဲ့ဘူး။ ပိုစတာကြီး ‌လေးချပ်ဟာ အမည်တွင်ရစ်ခဲ့တယ်။ ရန်ကုန်မြို့မှာ‌ရော တခြားနယ်‌တွေကရင်ရှိတဲ့ အရပ်‌တွေမှာပါ မစုံလင်တဲ့ စာရင်းအရ အဲဒီ ‌ခေတ်က ကရင်လူဦး‌ရေက မများ‌သေး‌ပေမယ့် ဆန္ဒပြတဲ့ ကရင်လူဦး‌ရေက ‌လေးသိန်းငါး‌သောင်း‌ခြောက်‌ထောင်‌ကျော် ရှိတယ်။ ကရင်‌တွေက ကရင်ပြည် လိုချင်တယ်ဆိုတာ ဖဆပလ အစိုးရက သိသွားတယ်။
မြစ်ဝကျွန်း‌ပေါ်မှာရှိတဲ့ ကရင်‌တွေက ကရင်စကား မတက်ကြ‌တော့ ဗမာ‌တွေ မြင်တာက ဗမာရွာ‌တွေလို့ မြင်ကြတယ်။ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့မှာကျ‌တော့ အဲဒီရွာ‌တွေက‌နေ ကရင်အလံ‌တွေကို အိမ်တိုင်း ‌ထောင်ကုန်ကြတယ်။ အရင်က ဗမာရွာ လို့ ထင်ထားတဲ့ရွာ‌တွေက အကုန်လုံး ကရင်ရွာဖြစ်ကုန်တာ။ အဲလိုဖြစ်‌တော့ ဦးနုက လန့်သွားတယ်။ “ဟ ကရင်‌တွေက ကိုယ့် ကိုယ်ကို ကရင်မှန်းသာ သိလို့ရှိရင်‌တော့ ငါတို့‌ကောင်‌တွေ နားရွက်‌တောင် မကိုင်ရဲဘူး”လို့ ‌ပြောခဲ့တဲ့ စကားရှိတယ်။ ကရင် ‌တွေက အ‌ပေါ်ယံ ပညာတတ်အပိုင်း၊ အရာရှိအပိုင်း‌လောက်ကပဲ ကရင်ပြည်ရချင်တာ မဟုတ်ဘူးဆိုတာ ‌ပေါ်လွင်သွားတယ်။ အဲ‌တော့ ‌စောဘဦးကြီးကို ဦးနုက ‌ပြောတယ်။ မင်းတို့ကရင်‌တွေကလည်း ကရင်ပြည်ရချင်တယ်။ ငါတို့ဗမာ‌တွေကလည်း မ‌ပေး နိုင်ဘူး။ ဒါက‌တော့ တ‌ယောက်နဲ့တ‌ယောက် သတ်ကြဖြတ်ကြ‌တော့မှာပဲ။
‌စောဘဦးကြီးကလည်း ‌ပြောပါတယ်။ လွှတ်‌တော်ထဲက‌နေ ကရင်ပြည်ရရှိ‌ရေး ‌တောင်းဆိုသွားမှာပါ။ လွှတ်‌တော်ထဲက ‌တောင်းဆိုမယ့်ဟာကို အခုဖြစ်ရှိ‌နေတာက အမျိုးမျိုးဖြစ်‌နေတဲ့အ‌ပေါ်မှာ ကျ‌နော်တို့လူ‌တွေက ‌ကျေးရွာ‌တွေမှာ အင်အားပြကြ တာ ဖြစ်တယ်။ ခင်ဗျားတို့ ဗမာနိုင်ငံ‌ရေးကလည်း ကွဲကြပြဲကြတာ ရှိခဲ့တယ်။ ဒါ‌ကြောင့် ကရင်‌တွေကိုချည်းပဲ အပြစ်တင်လို့ မရ ဘူး။ ဗမာနိုင်ငံ‌ရေးရှုပ်‌ထွေးမှုအ‌ပေါ် တိုင်းရင်းသားလူမျိုးစု‌တွေရဲ့ နိုင်ငံ‌ရေးကလည်း ရှုပ်‌ထွေးတတ်တယ်။ ဒါ‌ကြောင့် ဒီက‌နေ့ကာ လဟာ ဒါကို သင်ခန်းစာယူရမယ်။ သင်ခန်းစာယူပြီးမှ ကျ‌နော်ရှင်းပြတာဆိုရင် ပထမက KNU ဘယ်လို‌ပေါ်‌ပေါက်လာသလဲ။ ဘာ‌တွေလှုပ်ရှားသလဲဆို‌တော့ နိုင်ငံ‌ရေးလှုပ်ရှားမှုကြီး ‌ပေါ်‌ပေါက်ခဲ့လို့လဲ ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့မှာ ကရင်တမျိုး သားလုံးရဲ့တိတ်ဆိတ်စွာ ဆန္ဒပြမှုကြီး ‌ပေါ်‌ပေါက်ခဲ့တယ်။ ဒီက‌နေ့တိုင် ထင်ရှားတဲ့ ‌ခေတ်မီ‌သေးတဲ့ ပိုစတာကြီး ၄ချက်ကို ယ‌နေ့ တိုင် ဆက်လက်ကိုင်စွဲလာတာဖြစ်တယ်။ ငြိမ်းချမ်း‌ရေးကို လိုလားတာဖြစ်လို့ စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးရရှိဖို့ KNU ကလည်း ဒီက ‌နေ့ ဆက်လက်ပြီးမှ နိုင်ငံ‌ရေးလုပ်ငန်းကို ‌ရှေ့ဆက် ‌ဆောင်ရွက်‌နေတာ ဖြစ်တယ်။

‌ကေအိုင်စီ – ဒါဆိုရင် ဒီ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့က ‌ကြွေး‌ကြော်သံ ၄ချက်စတင်တဲ့‌နေ့လို့ ‌ပြောလို့ရမလား။ ဘယ်‌နေရာ‌တွေမှာ ထုတ်‌ဖော်ကြတာလဲ။
– ဒီ‌နေ့မှာ တရားဝင်ထုတ်‌ဖော်တာလို့ ‌ပြောလို့ရတာ‌ပေါ့။ ‌ကြွေး‌ကြော်သံ ၄ရပ်က နဂိုကတည်းက ကရင်‌တွေရဲ့နှလုံးသားထဲမှာ ရှိပြီးသားပဲ။ ဒါ‌ပေမယ့် ကရင်‌တွေရဲ့ အတွင်းသ‌ဘောကို ထုတ်‌ဖော်တာ အဲဒီ‌နေ့ပဲ။ ထုတ်‌ဖော်ကြတာက‌တော့ ရန်ကုန်၊ အင်းစိန်၊ ပုသိမ်၊ ‌မြောင်းမြ၊ ဘိုက‌လေး၊ သာယာဝတီ၊ ‌ညောင်‌လေးပင်၊ ‌တောင်ငူတို့ပါတယ်။ ကယားလို့‌ခေါ်တဲ့ ကရင်နီနယ်ထဲမှာ လွိုင် ‌ကော်တို့ ‌မော်ချီးနဲ့ သျှမ်းပြည်နယ် ‌တောင်ကြီးမှာ ‌တောင်းဆိုကြတာ ရှိတယ်။ ‌နောက်ပြီး ဖားအံ၊ သထုံ၊ ကြာအင်းဆိပ်ကြီး စတဲ့ ကရင်ရှိတဲ့အရပ်‌တွေ ‌တောက်‌လျှောက် ဆန္ဒ‌ဖော်ထုတ်ခဲ့တယ်။

‌ကေအိုင်စီ – ကရင့်သမိုင်း‌ကြောင်းဖြစ်‌စေ၊ KNU ဖြစ်‌ပေါ်လာပုံ‌တွေနဲ့ ပတ်သက်ပြီးဖြစ်‌စေ မသိ‌သေးတဲ့လူငယ်‌တွေ‌ကော၊ သိချင် တဲ့ လူငယ်‌တွေအတွက်ပါ ဘယ်လိုအကြံပြုချင်ပါလဲ။
– ‌နောက်‌ပေါက်ကရင်လူငယ်‌တွေမှာ စာဖတ်ချင်တဲ့ အ‌တွေးအ‌ခေါ်က ‌တော်‌တော်နည်းတယ်။ အဲလိုနည်း‌တော့ ဒီကိစ္စနဲ့ပတ် သက်ပြီး သင်တန်း‌တွေ‌ပေး လုပ်‌ဆောင်တယ်။ တစုံတရာ အတိုင်းအတာ‌တော့ ‌အောင်မြင်မှုရတယ်။ ငြိမ်းချမ်း‌ရေး လုပ်‌ဆောင် တဲ့အခါကျ‌တော့ နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် သွား‌ရောက်နိုင်ပြီး ပိုပြီး ‌ပြောပြလို့ရတယ်။ စာ‌ပေအ‌နေနဲ့ကလည်း ထုတ်ထားတာ ‌တွေ ရှိတယ်။ လူငယ်‌တွေဟာ ဒီက‌နေ့ အမျိုးသား ကြားမှာ တက်တက်ကြွကြွ‌ဆောင်ရွက်ဖို့ စာ‌ပေ‌တွေ ‌လေ့လာဖို့က အ‌ရေးကြီး တယ်။

‌ကေအိုင်စီ – ‌နောက် KNU ဟာ စတင်ဖွဲ့စည်းကတည်းက‌နေ အခက်အခဲအမျိုးမျိုးကြားက ရပ်တည်ခဲ့ရ‌ပေမယ့် အခုချိန်ထိတိုင် ‌အောင် ဆက်လက်ရှင်သန်နိုင်ခဲ့တဲ့အ‌ပေါ် ဘာ‌ကြောင့်လို့ ‌ပြောချင်ပါသလဲ။ တဖက်မှာလည်း အစိုးရနဲ့ ‌ဆွေး‌နွေး‌နေတယ်ဆို ‌တော့ ဒီအ‌ပေါ်မှာ‌ကော ဘာ‌ပြောချင်လဲ။
– KNU ဒီက‌နေ့အထိ ရှင်သန်‌နေရတဲ့ အ‌ကြောင်းရင်းက‌တော့ လူထု‌တွေ KNU ကို‌ထောက်ခံ‌နေလို့ပဲ။ ကျ‌နော်တို့က ‌စောဘဦး ကြီး ချထားတာ ဥပ‌ဒေ‌ဘောင်အတွင်းက‌နေ ကရင်အမျိုးသားအခွင့်အ‌ရေးကို ‌တောင်းဆိုလာခဲ့တာ။ KNU က စတင်ဖွဲ့စည်းတာနဲ့ ‌တော်လှန်‌ရေးကို လုပ်လာတာမဟုတ်ဘူး။ အရပ်သားစကားနဲ့‌ပြောရင် သူပုန်ထလာတာ မဟုတ်ဘူး။ အဲ‌တော့ ဖဆပလအစိုးရရဲ့ အဖက်ဖက်က‌နေ အကြပ်ကိုင်မှုအ‌ပေါ်မှာ ကျ‌နော်တို့က လက်နက်ကိုင်‌တော်လှန်‌ရေး ‌ပေါ်‌ပေါက်ခဲ့ရတာ။
အဲ‌တော့ ကျ‌နော်တို့ကို လက်ရှိအစိုးရက ဒီငြိမ်းချမ်း‌ရေးကမ်းလှမ်းလာတဲ့အ‌ပေါ် ကျ‌နော်တို့ကလည်း အားတက်သ‌ရော ရှိတာ‌ပေါ့‌နော်။ ‌သွေးထွက်သံယိုမှုနဲ့ လူထု‌တွေ ဒုက္ခ‌ရောက်၊ တကယ့်ပညာတတ် ကရင်လူငယ်‌တွေ ကျရှုံးရတဲ့ကိစ္စ‌တွေ မဖြစ် ‌တော့ပဲနဲ့ နိုင်ငံ‌ရေးနည်းအရ ကရင်အမျိုးသားအခွင့်အ‌ရေးကို ‌တောင်းဆိုသွားဖို့ ဆိုတာက ကျ‌နော်တို့ ပိုပြီး‌တော့ စိတ်အားထက် သန်တယ်။ ဒီကိစ္စက သမ္မတဦးသိန်းစိန် အစိုးရနဲ့ ကျ‌နော်တို့‌ဆွေး‌နွေးထားတဲ့ အပစ်အခတ်ရပ်စဲ‌ရေးကိုပဲ ပြီးပြတ်‌အောင် လုပ် မယ်။ ‌ရှေ့ဆက်ပြီးမှလည်း အမျိုးသားအခွင့်အ‌ရေးအတွက် ‌လေ့လာမှု‌တွေ လုပ်မယ်။ ဘဝတူလူမျိုး‌တွေနဲ့ ဒီမိုက‌ရေစီ လိုလားတဲ့ အဖွဲ့ ပူး‌ပေါင်းပြီး အခွင့်အ‌ရေးရရှိ‌အောင် ဆက်လက်‌ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

‌ကေအိုင်စီ – အဖူးအ‌နေနဲ့ ‌နောက်ထပ် ဘာများဖြည့်စွက်ပြီး ‌ပြောကြားချင်ပါသလဲ။
– ‌တော်လှန်‌ရေးဆိုတာ ပန်းခင်းလမ်းမှ မဟုတ်ပဲ။ ဧည့်သည်ကို ထမင်းစားဖိတ်‌ကျွေးတဲ့ အလှူပွဲလိုမျိုးမှ မဟုတ်ပဲ။ ကြမ်းတမ်း တယ်၊ ပင်ပန်းတယ်။ ငတ်တယ်၊ ပြတ်တယ်၊ ‌သေတယ်။ ‌သေသွားတာမှ ‌အေး‌သေးတယ်။ ဒဏ်ရာရတာ၊ ‌ခြေပြတ်လက်ပြတ်နဲ့ ‌နေ‌နေရတဲ့ ဘဝ‌တွေက သိလာတဲ့အခါကျ‌တော့ တချို့‌တွေက ဒုက္ခဒဏ်‌တွေကို မခံနိုင်ကြတဲ့အခါကြ‌တော့ တဖြည်းဖြည်း ထွက် သွားကြတယ်။ ‌နောက်ဆုံး‌တော့ KNU မှာ တကယ့် မျိုးချစ် စိတ်ဓါတ်နဲ့ နိုင်ငံ‌ရေး ဦးတည်ချက်ခိုင်မာတဲ့ ပုဂ္ဂိုလ်‌တွေပဲ ကျန်‌နေခဲ့ ‌တော့တယ်။
ဒီ‌ခေတ်ကလည်း မီဒီယာ၊ အင်တာနက်၊ အီး‌မေးလ်‌ခေတ်ဆို‌တော့ အင်မတန် ပျံ့နှံ့‌နေတဲ့အချိန်ဆို‌တော့ KNU ကို ပုတ် ခတ်ကြတာမျိုးရှိတယ်။ KNU အတွင်းက လူတချို့ကိုလည်း ပုတ်ခတ်ကြတာရှိတယ်။ ဒီပုတ်ခတ်တာကိုလည်း ကျ‌နော်တို့ ခံနိုင် တယ်။ ကျ‌နော်တို့ရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဆက်လက် ‌ဆောင်ရွက်သွားဖို့ပဲ လိုတယ်လို့ ချုပ်ပြီး ‌ပြောချင်ပါတယ်။