Home သတင်း စီမံကိန်းဖြင့် ဝယ်ယူထား သည့် ‌မြေများပြန်ရရန် ဟိုင်းဝိ ကုမ္ပဏီထံ ‌ဒေသခံများ ‌တောင်းဆို

စီမံကိန်းဖြင့် ဝယ်ယူထား သည့် ‌မြေများပြန်ရရန် ဟိုင်းဝိ ကုမ္ပဏီထံ ‌ဒေသခံများ ‌တောင်းဆို

1553
မတ်လ ၁ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ‌ကျေးရွာ ၄ရွာမှ ဘိုးဘွားပိုင်‌မြေများကို ဟိုင်းဝိကုမ္ပဏီမှ ‌လေးနှစ်တာ စီမံကိန်းဖြင့် ဝယ်ယူကာ ရာဘာစိုက်ပျိုး၍ မပြီး‌သေးသည့်‌မြေများကို ‌ဒေသခံများက ဥပ‌ဒေအရ ပြန်လည် ‌တောင်းခံခဲ့‌သော်လည်း ကုမ္ပဏီဘက်မှ ပြန် လည်‌ပေးအပ်ရန် ဆန္ဒမရှိ‌ကြောင်း သိရသည်။

ဘားအံမြို့နယ်အတွင်းရှိ လဆန်း၊ ‌နောင်တုတ်၊ တ‌မွေစိန်၊ ကိုင်‌လောင်စယ် စသည့်‌ကျေးရွာ‌လေးခုမှ ‌မြေများကို ယခင် DKBA အမှတ်(၄)တပ်ရင်း (ယခုနယ်ခြား‌စောင့်တပ်)တပ်ဖွဲ့ဝင်များက ‌ဒေသခံများ၏ သ‌ဘောဆန္ဒမပါပဲ တရုတ်သူ‌ဌေးပိုင်ဖြစ်သည့် ဟိုင်းဝိကုမ္ပဏီကို ‌လေးနှစ်တာ စီမံကန်းစနစ်ဖြင့် ၂၀၀၆ ခုနှစ်တွင် ‌ရောင်းချခဲ့ခြင်းဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံ ရွာသားတဦးက ‌ပြောသည်။

“‌လေးနှစ်စီမံကိန်းဆို‌တော့ ‌လေးနှစ်မှာ အပြီးစိုက်ရမယ်။ ဝယ်တုန်းက ဧကဘယ်‌လောက်လဲ‌တော့ မသိဘူး။ စိုက်မပြီးတာက ဧက ၁၅ဝ ကျန်‌သေးတယ်။ DKBA ကလည်း ‌ရောင်းထားတယ်ဆို‌တော့ သူတို့နဲ့ မသက်ဆိုင်‌တော့ဘူးလို့ ‌ပြောတယ်။ အခု စိုက် ပြီးသား‌မြေ‌တွေ ရွာသား‌တွေက မယူဘူး။ မစိုက်ရ‌သေးတဲ့ ‌မြေ‌တွေပဲ ယူတယ်။ ဒါကို သူတို့(ကုမ္ပဏီ)က မ‌ပေးချင်ဘူး ဖြစ်‌နေ တယ်”ဟု ၎င်းက ‌ပြောသည်။

ဟိုင်းဝိကုမ္ပဏီ ဝယ်ယူထားသည့် ‌မြေ‌နေရာများသည် ထို‌ကျေးရွာများ၏ ဘိုးဘွားပိုင်‌မြေများဖြစ်သည့်အပြင် ဝယ်ယူ၊ ‌ရောင်းယူ စဉ်အချိန်က ‌ဒေသခံများ၏ သ‌ဘောတူညီချက်မပါဘဲ ယခင် DKBA အမှတ်(၄)တပ်ရင်းမှ တာဝန်ရှိသူများက ‌ရောင်းချခဲ့ခြင်းဖြစ် ‌ကြောင်း သိရသည်။

ဟိုင်းဝိကုမ္ပဏီမှ ‌ရော်ဘာစိုက်ပျိုးထားခြင်းမရှိ‌သေးသည့် ‌မြေများကို ‌ဒေသခံများထံ ပြန်မ‌ပေးသည့်အတွက် ကုမ္ပဏီနှင့် ‌ဒေသခံ များအကြား တင်းမာမှုအချို့ ဖြစ်ပွားခဲ့ကြပြီး ၂၀၁၁ခုနှစ်အတွင်းက ယင်း‌မြေများ ပြန်လည်ရရှိရန်အတွက် ‌ဒေသခံများ စု‌ပေါင်း ကာ ‌နေပြည်‌တော်သို့ စာတင်ထားခဲ့‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

အဆိုပါ ‌ဒေသခံရွာသားကပင် “ရွာသား‌တွေ တင်ထားတဲ့စာက ၂၀၁၂ ဒီဇင်ဘာလမှာ ပြန်ကျလာတယ်။ စာမှာ ‌လေးနှစ်အတွင်း အဲဒီ‌မြေ‌တွေကို အပြီးမစိုက်ရင် ရွာသူ ရွာသား‌တွေက ပြန်လည်သိမ်းပိုင်ခွင့်ရှိတယ်လို့ ‌နေပြည်‌တော်က အမိန့်ချလိုက်ပြီလို့ ပါ တယ်”ဟု ‌ပြောသည်။

ယခုအချိန်တွင် အဆိုပါ ‌ကျေးရွာ‌လေးရွာရှိ ‌ဒေသခံများက ‌နေပြည်‌တော်မှ ပြန်ပို့လာသည့် စာရွက်စာတမ်းများကို ဟိုင်းဝိကုမ္ပဏီ ထံသို့ ပြသပြီး ‌မြေများပြန်ယူမည်ကို လက်မခံပါက ရရှိသည်အထိ ဆက်လက် ကြိုးစားသွားမည်ဟု ‌ဒေသခံများက ဆိုသည်။