Home သတင်း ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုတွင် ပြည် တွင်းအင်အားစုမှာ ပိုအဓိက ကျ‌ကြောင်း ဒတ်စမွန်တူးတူး ‌ပြောကြား

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုတွင် ပြည် တွင်းအင်အားစုမှာ ပိုအဓိက ကျ‌ကြောင်း ဒတ်စမွန်တူးတူး ‌ပြောကြား

1552
မတ် ၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

Desmon Tutu in Ygnမြန်မာပြည်၏ ပြည်တွင်းငြိ်မ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုကို နိုင်ငံ တကာမှ ဝိုင်းဝန်းလုပ်‌ဆောင်‌နေ‌သော် လည်း ပြည်တွင်း အင်အားစုများမှာ ပို၍အဓိကကျ‌ကြောင်း ငြိမ်းချမ်း‌ရေးနိုဗယ်ဆုရှင် ဘုန်း‌တော်ကြီး ဒတ်စမွန်တူးတူးက ယ‌နေ့ ‌ပြောကြားခဲ့သည်။

ရန်ကုန်မြို့ သဃင်္န်းကျွန်းမြို့နယ်၊ သုမဂင်္လာလမ်း အမှတ် ၁၀၃၉/၁၀၄ဝ ရှိ ၈၈မျိုးဆက်‌ကျောင်းသားများရုံး၌ နံနက် ၁၁နာရီခွဲ ခန့်က ၈၈မျိုးဆက်‌ကျောင်းသားများ၊ လူမှုအဖွဲ ့အစည်းအချို့နှင့် ‌တွေ့ဆုံစဉ် ဘုန်း‌တော်ကြီးက ယင်းသို့ ‌ပြောဆိုလိုက်ခြင်းဖြစ် ‌ကြောင်း ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုက ‌ပြောသည်။

“ကျ‌နော်တို့နဲ့ ဘုန်း‌တော်ကြီး လာ‌ရောက်‌တွေ့ဆုံတဲ့အခါ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုကိစ္စမှာ သူ့အ‌နေနဲ့‌ရော နိုင်ငံတကာ အဝန်း အဝိုင်းအ‌နေနဲ့‌ရော လုပ်‌ဆောင်တာ‌တွေရှိသလို ပြည်တွင်းထဲက အင်အားစု‌တွေအ‌နေနဲ့ လုပ်‌ဆောင်တာပိုပြီး‌တော့ အဓိကကျ တယ်ဆိုတဲ့အ‌ကြောင်းကို ‌ပြောသွားပါတယ်”ဟု ကိုပြုံးချိုက ဘုန်း‌တော်ကြီးဒတ်စမွန်တူးတူး ‌ပြောကြားမှုကို ကိုးကား၍ ၎င်းက ‌ကေအိုင်စီသို့ ပြန်လည်‌ပြောဆိုခဲ့သည်။

ဒတ်စမန်တူးတူးက ၎င်းအ‌နေဖြင့် ယခုလို လာ‌ရောက်စဉ် ယခုကဲ့သို့ အကျဉ်း‌ထောင်များထဲတွင် စွန့်လွှတ်‌ပေးဆပ်ပြီး ပြန်လွတ် ‌မြောက်လာ‌သော်လည်း မိမိယုံကြည်ရာကိုသာ လုပ်‌ဆောင်‌နေကြသည်ကို ‌တွေ့ရသည့်အတွက် ဝမ်းသာ‌ကြောင်း၊ ‌တွေ့ဆုံသင့် သည့်သူများနှင့် ‌တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းသာ‌ကြောင်းကိုလည်း ‌ပြောဆိုသွားသည်ဟု သိရသည်။

ဘုန်း‌တော်ကြီးဒတ်စမန်တူးတူး ၈၈မျိုး ဆက်‌ကျောင်းသားများနှင့် ‌တွေ့ဆုံ‌နေစဉ်
ဘုန်း‌တော်ကြီးဒတ်စမန်တူးတူး ၈၈မျိုး ဆက်‌ကျောင်းသားများနှင့် ‌တွေ့ဆုံ‌နေစဉ်

ကိုပြုံးချိုက “ကျ‌နော်တို့အ‌နေနဲ့က‌တော့ သူ့ရဲ့မြန်မာ့အ‌ရေး ‌လေ့လာ‌စောင့်ကြည့်ပြီး‌တော့ လုပ်‌ဆောင်‌နေတဲ့အချက်‌တွေကို ‌ကျေးဇူးတင်တဲ့အ‌ကြောင်းရယ်၊ သူရဲ့ဂုဏ်သတင်းကိုလည်း ကြားပြီးဖြစ်တဲ့ အ‌ကြောင်းရယ်၊ ‌ရေရှည်လည်း ဒီလိုမျိုး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး‌တော့ ‌ဆောင်ရွက်မှု‌တွေကို တိုးမြင့်လုပ်‌ဆောင်ဖို့အတွက် ‌ပြောကြားခဲ့ပါတယ်”ဟု ဆိုသည်။

အဆိုပါ‌တွေ့ဆုံပွဲသို ့၈၈မျိုးဆက်‌ကျောင်းသားများအပြင် Generation Wave အဖွဲ ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ မဏ္ဍိုလ်ဥပ‌ဒေ အကယ်ဒမီအဖွဲ့ဝင်များနှင့် နိုင်ငံ‌ရေးအကျဉ်းသား‌ဟောင်းအဖွဲ့ဝင်များလည်း တက်‌ရောက်ခဲ့ ကြသည်။

ဘုန်း‌တော်ကြီးသည် မြန်မာနိုင်ငံသို့ ‌ဖေ‌ဖော်ဝါရီလ ၂၅ရက်‌နေ့က ‌ရောက်ရှိလာပြီး ၂၆ရက်‌နေ့တွင် နိုဗယ်ငြိမ်းချမ်း‌ရေးဆုရှင် ‌ဒေါ် ‌အောင်ဆန်းစုကြည်အား သူမ‌နေအိမ်တွင် သွား‌ရောက်‌တွေ့ဆုံခဲ့သလို ၂၇ရက်‌နေ့ကလည်း ရန်ကုန်မြို့ အ‌မေရိကန်စင်တာတွင် နိုင်ငံ‌ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ ့အစည်းများ၊ စာ‌ရေးဆရာများနှင့်လည်း ‌တွေ့ဆုံခဲ့သည်။

ဘုန်း‌တော်ကြီးဒတ်စမွန်တူးတူးသည် ‌တောင်အာဖရိကနိုင်ငံ အသားအ‌ရောင်တိုက်ဖျက်‌ရေးကာလတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ‌ဖော်ပွဲများကို ဦး‌ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၈၄ခုနှစ်တွင် ငြိမ်းချမ်း‌ရေးနိုဗယ်လ်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရကာ အခြားနိုင်ငံတကာ ဂုဏ်ထူး‌ဆောင်ဆုများကိုလည်း ချီးမြှင့်ခြင်းခံထားရသူတစ်ဦးဖြစ်သည်။