Home သတင်း ပိုးသတ်‌ဆေး‌ကြောင့် လသား က‌လေးငယ် ဓာတုအဆိပ်သင့်

ပိုးသတ်‌ဆေး‌ကြောင့် လသား က‌လေးငယ် ဓာတုအဆိပ်သင့်

1671
မတ်လ ၄ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

antibioticရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ကပျဉ်ရို‌ကျေးရွာ၊ ဓမ္မာရုံ‌ကျောင်းလမ်း‌နေ ဦးသိန်းညွှန့်ဦး၊ ‌ဒေါ်မြင့်မြင့်‌အေး တို့၏ ‌လေးလသားအ ရွယ်က‌လေးငယ်မှာ အိမ်‌ဘေးကြက်ခြံမှဖြန်းသည့် ပိုးသတ်‌ဆေး‌ကြောင့် ဓာတုအဆိပ်သင့်မှုဖြစ် သည့် လက္ခဏာရှိ‌ကြောင်း ဆရာဝန်မှ မှတ်ချက်ချ ‌ပြောဆိုခဲ့သည်။

ဖြစ်ပွားပုံမှာ ၎င်းလမ်း‌နေ ခြံအမှတ် ၁၄/၆ဝရှိ ဦး‌အောင်သန်းပိုင် ကြက်ခြံမှ ကြက်များ ‌ရောဂါဖြစ်ပွားပြီး ‌သေ‌ကြေ သဖြင့် ‌ဖေ‌ဖော်ဝါရီလ ၁၈ရက်(တနလင်္ာ)‌နေ့တွင် ကြက်ခြံကို ပိုးသတ်‌ဆေးဖြန်းခဲ့သည်။

‌နောက်တ‌နေ့ (အဂင်္ါ‌နေ့)တွင် ကြက်ခြံအနီးရှိ ဦးသိန်းညွှန့်ဦး၊ ‌ဒေါ်မြင့်မြင့်‌အေးတို့၏ သား‌လေး ‌မောင်သက်မင်း ‌အေး၏ ကိုယ်‌ပေါ်တွင် အပြာစိမ်းကွက်များ ထွက်‌ပေါ်လာကာ ရန်ကင်းက‌လေးအထူးကု‌ဆေးရုံသို့ တက်‌ရောက် ကုသရာ က‌လေးအထူးကု ဆရာဝန်ကြီးက က‌လေးတွင် ‌သွေးဓာတ်သုံးခု ပုံမှန် မရှိ‌တော့ဘဲ ဤကြက်ခြံ‌ကြောင့် ဓာတုအဆိပ်သင့်မှု ၇၅% ဖြစ်နိုင်သည်ဟု မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

၎င်း‌နောက် ၂ဝရက်‌နေ့ (ဗုဒ္ဓဟူး)‌နေ့တွင် ယင်းကြက်ခြံသို့ မြို့နယ် တိရိစ္ဆာန်‌မွေးမြူ‌ရေးနှင့် ကုသ‌ရေးဌာနမှ သွား‌ရောက်စစ်‌ဆေးရာ ကြက်ခြံညစ်ပတ်သည်ဟုသာ‌ပြောပြီး မည်သို့မျှ အ‌ရေးယူ ‌ဆောင်ရွက်ခြင်းမရှိဘဲ ပြန်သွားခဲ့သဖြင့် ကြက်ခြံပိုင်ရှင်က က‌လေး ငယ်၏ ‌ရောဂါမှာ မိမိတို့နှင့် မဆိုင်ဟု‌ပြောဆိုသည်သာမက ကြက်ခြံကို လာ‌ရောက်ကြည့်ရှုသူ အိမ်နီးချင်းများကိုလည်း ‌မောင်း ထုတ်ခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ က‌လေးငယ်၏ ဖခင် ဦးသိန်းညွှန့်ဦးက ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအား သွား‌ရောက်တိုင် တန်းရာ အုပ်ချုပ် ‌ရေးမှူးက “ခင်ဗျားတို့ကို ကြက်ဥနဲ့ ပိတ်‌ပေါက်တာမှ မဟုတ်တာဘဲဗျာ”ဟုသာ ပြန်လည် ‌ဖြေရှင်း‌ပေးခဲ့သည်။

ဤကြက်ခြံသည် ရွာလယ်တွင် ရှိ‌နေသဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းပြီး ‌ရောဂါဘယများ ကူးစက်ပြန့်ပွားနိုင် သဖြင့် ကြက်ခြံကို ‌ပြောင်း‌ရွှေ့‌စေလို‌ကြောင်း ကပျဉ်ရို‌ကျေးရွာသားများက ‌ပြောဆို‌နေကြသည်။