Home သတင်း ဖမ်းဆီးရမိ‌သော ‌လောင်းကစား ခုံများကို မြဝတီတွင် ပထမဆုံး အကြိမ် မီးရှို့ဖျက်ဆီး

ဖမ်းဆီးရမိ‌သော ‌လောင်းကစား ခုံများကို မြဝတီတွင် ပထမဆုံး အကြိမ် မီးရှို့ဖျက်ဆီး

2620
မတ်လ ၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း ( ‌ကေအိုင်စီ)

ဖျက်ဆီးမီးရှို့ခံရသည့် ‌လောင်းကစားပစ္စည်းများ
ဖျက်ဆီးမီးရှို့ခံရသည့် ‌လောင်းကစားပစ္စည်းများ
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ‌လောင်းကစားဝိုင်း များကို ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ဝင်‌ရောက်ဖမ်းဆီး ပြီး ‌လောင်းကစားရာတွင် အသုံးပြု‌သော ‌လောင်းကစားခုံပစ္စည်းများကို ယမန်‌နေ့မနက်က ဖမ်းဆီးကာ မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ‌သော ‌လောင်းကစားပစ္စည်းများကို မြဝတီခရိုင် ဥက္တဌ ဦးသန်း‌ဆွေ၊ ခရိုင်ရဲမှူးကြီး ဦး‌အောင်မြင့် အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများက မတ်လ ၃ရက်‌နေ့က မြဝတီမြို့၊ အမှတ် ၄ရပ်ကွက်ရှိ အဓိဋ္ဌာန်‌အောင် ဘုရားကြီးဝင်းအနီး၌ မီးရှို့ ဆီးခဲ့ခြင်း ဖြစ်သည်။

“‌လောင်းကစားမှု‌တွေ ပ‌ပျောက်‌အောင်‌တော့ အစဉ်တစိုက်ကို ကြိုးပမ်းပြီး ဖမ်းဆီး အ‌ရေးယူမှု‌တွေ ပြုလုပ်‌နေပါတယ်။ ‌နောက် လည်း ဆက်လက် အ‌ရေးယူ ‌ဆောင်ရွက်သွားမှာပါ”ဟု ရဲအရာရှိတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုကစားခုံများကို မတ်လ ၂ရက်‌နေ့ညက မြို့နယ်ရဲတပ်ဖွဲ့မှ ဝင်‌ရောက်ဖမ်းဆီးရာတွင် ‌လောင်းကစားဒိုင်များနှင့် ‌လောင်းကစား သမားများမှာ ထွက်‌ပြေးလွတ်‌မြောက်သွားပြီး အံဂလုံခုံ ၉၂ခုံနှင့် ဂိမ်းပုံး ၁၄ခုကို သိမ်းဆည်းရမိခဲ့ရာမှ ယခုလို မီးရှို့ဖျက်ဆီးခြင်း မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

မြဝတီမြို့တွင် “အာဝါ‌ဒေး”အမည်နှင့် ပြုလုပ်‌လေ့ရှိသည့် ‌လောင်းကစားဝိုင်းများမှာ ဥပ‌ဒေနှင့် ညှိစွန်း‌သောအလုပ်ဖြစ်‌သော် လည်း ၎င်းမြို့နယ်အတွင်းရှိ နယ်ခြား‌စောင့်တပ် အပါအဝင် လက်နက်ကိုင်အဖွဲ့အချို့မှ လုံခြုံ‌ရေး တာဝန်ယူ‌ပေး‌လေ့ရှိသည်။

ဖျက်ဆီးမီးရှို့ခံရသည့် ‌လောင်းကစားပစ္စည်းများ
ဖျက်ဆီးမီးရှို့ခံရသည့် ‌လောင်းကစားပစ္စည်းများ

၎င်းမီးရှို့ဖျက်ဆီးသည့် အခမ်းအနားသို့ သွား‌ရောက်ကြည့်ရှုခဲ့သူတစ်ဦးက “‌လောင်းကစားခုံ ဖျက်ဆီးပွဲကို လူ‌တွေ ရာနဲ့ချီ လာ ကြည့်ကြတယ်။ ဒီလိုဖမ်း‌တော့လည်း လုံခြုံ‌ရေးယူထားတဲ့ နယ်ခြား‌စောင့်တပ်‌တွေ ဘာ‌တွေလည်း ‌ရှောင်ထွက်‌ပြေးကုန်‌တော့ ကစားခုံပိုင်ရှင်‌တွေ ဒုက္ခ‌ရောက်တာ‌ပေါ့။”ဟု ဆိုသည်။

အခြားမြဝတီမြို့ခံတစ်ဦးက “အခုလို ဖမ်းတာလည်း ‌ကောင်းပါတယ်။ အရင်ကလည်း ဖမ်းဆီးတာ အ‌ရေးယူတာ ရှိတယ်။ ဖမ်း တုန်း ခဏပါပဲ။ ‌နောက်‌တော့လည်း ပြန်လုပ်တာပါပဲ။ ‌လောင်းကစားမှု ပ‌ပျောက်‌အောင်လုပ်မယ်ဆိုရင် အဖွဲ့အစည်းအားလုံး ပါဝင်တိုက်ဖျက်သင့်တယ် ထင်တယ်။ အဲလိုမှ မလုပ်ရင် ဒုံရင်းကဒုံရင်းပဲ ‌နေမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်ရှိ မြို့နယ်အ‌တော်များများတွင် ဘုရားပွဲများ၊ ဇာတ်ပွဲများ၊ ရန်ပုံ‌ငွေပွဲများ ပြုလုပ်ရာ၌ ‌လောင်းကစားဝိုင်းများမှာ ပါဝင်‌လေ့ရှိပြီး အဆိုပါ‌လောင်းကစားအမှုမှာ ဥပ‌ဒေအရ အများဆုံး‌ထောင်ဒဏ် ၂နှစ်နှင့် ‌ငွေဒဏ်များ ချမှတ်နိုင်‌ကြောင်းလည်း သိရသည်။

ပြီးခဲ့‌သော ဇန်နဝါရီလ ၂၆ရက်‌နေ့ကလည်း မြဝတီမြို့၊ အမှတ် ၅ရပ်ကွက်အပိုင်ရှိ ဝမ်းစကင်း‌ကျေးရွာတွင် ပြုလုပ်‌သော အာဝါ ‌ဒေးပွဲ၌ အမည်မသိ ‌သေနတ်သမားတစ်စုက ‌လောင်းကစားဝိုင်းမှ ‌ငွေ‌ကြေးများကို လုယက်မှု ဖြစ်ပွားခဲ့သည်။