Home သတင်း ‌သောက်‌ရေခပ်စီမံကိန်း အသိမ်း ခံ‌မြေများကို ထုံးဘို‌ဒေသခံ များ ပြန်လည်လုပ်ကိုင်လို

‌သောက်‌ရေခပ်စီမံကိန်း အသိမ်း ခံ‌မြေများကို ထုံးဘို‌ဒေသခံ များ ပြန်လည်လုပ်ကိုင်လို

2697
မတ်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

mk-094လျှပ်စစ်ဓါတ်အား စတင် ထုတ်လုပ်‌နေပြီးဖြစ်သည့် ‌တောင် ငူမြို့နယ်၊ ‌သောက်‌ရေခပ်(၂) ‌ရေကာတာနယ်‌မြေအတွင်း ရှိ ဥယျာဉ်ခြံ‌မြေများနှင့် လယ်‌မြေများအား ပြန်လည်လုပ် ကိုင်ခွင့် ရရှိရန် ‌ရွှေစွမ်းအင်(Asia World) ကုမ္ပဏီထံသို့ ထို ‌ဒေသရှိ ထုံးဘိုရွာသားများက ‌ဖေ‌ဖော်ဝါရီလ တတိယအပတ်တွင် ‌တောင်းဆိုထား‌ကြောင်း သိရသည်။

ထုံးဘိုရွာသားတဦးက “ကျ‌နော်တို့က ‌အေး‌အေး‌ဆေး‌ဆေးပဲ ‌တောင်းဆိုပါတယ်။ ကိုယ်ပိုင်တဲ့‌မြေကိုပဲ ‌တောင်းတာ ပါ။ မဟုတ်ရင် ကျ‌နော်တို့ က‌လေး‌တွေဟာ ရွာပြင်ထွက်ပြီး ကျဘမ်းအလုပ်‌တွေပဲ လုပ်‌နေရတာပါ။ စားဝတ်‌နေ‌ရေး ဒုက္ခ‌ရောက်ခဲ့တာလည်း ကြာပါပြီ။ ‌မြေ‌တွေ အမြန်ဆုံး ပြန်ရချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံ ထုံးဘိုရွာသားများ ပြန်လည်ရယူလို‌သော‌မြေ‌နေရာများတွင် စီမံကိန်းကာလအတွင်း စီမံကိန်းလုပ်သားများ အတွက် အိမ်တန်းလျားများ၊ ‌ဈေးဆိုင်ခန်းများ၊ ရုံးခန်းများ ရှိ‌နေပြီး လက်ရှိ စီမံကိန်းပြီး‌သော်လည်း ၎င်းလုပ်သားများ သည် မ‌ပြောင်း‌ရွှေ့ဘဲ ဆက်လက်‌နေထိုင်မည်ကို ‌ဒေသခံရွာသားများက စိုးရိမ်‌နေကြခြင်းဖြစ်သည်။

ထုံးဘိုရွာ အုပ်ချုပ်‌ရေးမှူး ‌စော‌ဖောထူးကလည်း “ကျ‌နော်တို့ ရွာ‌ပြောင်းခံရတဲ့ သူ‌တွေအဖို့က လုပ်စားစရာ မရှိ‌တော့ တာ ၆နှစ်‌လောက်ရှိ‌နေပြီ‌လေ။ အခုစီမံကိန်းပြီး‌တော့ ကျ‌နော်တို့ ဥယျာဉ်‌မြေ‌နေရာ‌တွေ‌နေရာမှာ ပြန်စိုက်စားချင်ပါ တယ်။ ကျ‌နော်တို့‌မြေ‌တွေဟာ သီးနှံထွက်‌ကောင်းတဲ့ ‌မြေ‌တွေပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အဆိုပါ‌ဒေသရှိ ဥယျာဉ်ခြံ‌မြေများတွင် ယခင်က နှစ်ရှည်ပင်များ စိုက်ပျိုးခဲ့ကြသကဲ့သို့ လယ်‌မြေများတွင်မူ စပါးစိုက် ပျိုးကာ တစ်ဧကလျှင် တင်း ၆ဝနီးပါး ထွက်ရှိသည်ဟုလည်း သိရသည်။

ထို့အပြင် ထုံးဘို‌ကျေးရွာသားများ၏ နစ်နာမှုများအား အမြန်ဆုံးပြန်လည်ရရှိရန် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၂)မှ တာဝန်ရှိသူများက ‌ရွှေစွမ်းအင်ကုမ္ပဏီ တာဝန်ရှိသူများနှင့် ‌တွေ့ဆုံကာ ‌စေ့စပ်ညှိနှိုင်း‌ဆောင်ရွက် ‌ပေးမှုများ ပြုလုပ်သွားမည်ဟုလည်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ‌ရွှေစွမ်းအင်မှ တာဝန်ရှိသူများအား ‌ကေအိုင်စီမှ ဖုန်းဖြင့် ဆက်သွယ်‌မေးမြန်းရာ ဖုန်းကိုင်သူ ရှိ‌သော်လည်း တာဝန်ခံ ‌ဖြေကြားမည့်သူ မရှိ‌ကြောင်း တုန့်ပြန်‌ပြောဆိုခဲ့သည်။

‌ရွှေစွမ်းအင်ကုမ္ပဏီသည် ထုံးဘို‌ကျေးရွာသားများအတွက် ၂၀၁၂ခုနှစ်၊ ‌အောက်တိုဘာလက စံပြ‌ကျေးရွာတည် ‌ဆောက်‌ပေးရန် ကတိ‌ပေးခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်၍ ပဲခူးတိုင်းရှိ သက်ဆိုင်ရာ အစိုးရဌာနများသို့ သွား‌ရောက်တင် ပြထား‌သော်လည်း ယခုအချိန်ထိ အ‌ကောင်အထည် မ‌ဖော်နိုင်‌သေး‌ကြောင်းလည်း ‌ဒေသခံများထံမှ သိရသည်။