Home သတင်း သထုံခရိုင် ‌ကေအဲန်ယူ ဆက်ဆံ‌ရေး ရုံးဖွင့်ပွဲ မွန်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ တက်‌ရောက်

သထုံခရိုင် ‌ကေအဲန်ယူ ဆက်ဆံ‌ရေး ရုံးဖွင့်ပွဲ မွန်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ တက်‌ရောက်

2000
မတ်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)
‌ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံ‌ရေး ရုံးဖွင့်ပွဲ
‌ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံ‌ရေး ရုံးဖွင့်ပွဲ

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ၏ သထုံခရိုင်/တပ်မဟာ(၁) ဆက်ဆံ‌ရေးရုံး ဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်နယ်၊ သထုံမြို့နယ် ‌နောင်ဘို‌ကျေးရွာ၌ ယ‌နေ့မနက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အစိုးရအဖွဲ့ဝင် ဝန် ကြီးများ တက်‌ရောက်ခဲ့ကြသည်။

လူပရိဿတ် တစ်‌ထောင်ခန့် တက်‌ရောက်ခဲ့ကြသည့် အဆိုပါ ဆက်ဆံ‌ရေးရုံး ဖွင့်ပွဲကို အစိုးရဘက်မှ ပြည်‌ထောင်စုဝန်ကြီး ဦး‌ဇေယျာ‌အောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်တို့နှင့်အတူ ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ တပ်မဟာ (၁)မှူး ဗိုလ်မှူးချုပ်‌စော‌ကျော်လင်းတို့က ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်‌ပေးခဲ့ကြခြင်း ဖြစ်သည်။

အစိုးရဘက်မှ ပြည်‌ထောင်စုဝန်ကြီးတစ်ဦးအပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များမှ နယ်စပ်‌ရေးရာလုံခြုံ‌ရေး အပါအဝင် အစိုး ရအဖွဲ့ဝင် ဝန်ကြီးများ၊ အ‌နောက် ‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်‌မောင်ဝင်း၊ ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင် များထဲတွင် ဥက္ကဌအပြင် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ တွဲဖက် အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲ၊ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီတို့အပြင် ခရိုင်၊ တပ်မဟာ ‌ခေါင်း‌ဆောင်အချို့လည်း တက်‌ရောက်ခဲ့ကြသည်။

ယ‌နေ့မနက် ၈နာရီမှ ‌နေ့လည် ၁၁နာရီ‌ကျော်အထိ ကျင်းပပြီးစီးခဲ့သည့် ယခုရုံးဖွင့်ပွဲကို ‌ဒေသခံ ကရင်တိုင်းရင်းသားများအပြင် ပအိုဝ်းတိုင်းရင်းသားများလည်း ၎င်းတို့၏ ယဉ်‌ကျေးမှုအကများနှင့် လာ‌ရောက်‌ဖြေ‌ဖျော်ခဲ့ကြသည်။

(‌ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံ‌ရေး ရုံးဖွင့်ပွဲ
‌ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံ‌ရေး ရုံးဖွင့်ပွဲ

ထိုကိစ္စနှင့် ပတ်သက်၍ ယမန်‌နေ့က ‌ကေအဲန်ယူမှ ‌ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် အစိုးရနှင့် အလွတ်သ‌ဘော ‌ဆွေး‌နွေးမည် ဟူ‌သော အချက်တစ်ချက် ‌ဖော်ပြပါရှိသည့်အ‌ပေါ် ပဒို‌စောကွယ်ထူးဝင်းက ယခုလို ‌ပြောသည်။

“ဒီ‌နေ ့အလွတ်သ‌ဘော ‌တွေ ့ဆုံတဲ့အခါ ကရင်ပြည်နယ်အတွင်းမှာ ဟိုတစ်‌လောက ဖြစ်ပွားခဲ့တဲ့နှစ်ဖက် ပစ်ခတ်မှု‌တွေနဲ့ ပတ် သက်ပြီး တစ်ဖက်နဲ့တစ်ဖက် ရှင်းပြခဲ့ပါတယ်။ ဒီ‌နေ့ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့က ဝန်ကြီးဦး‌အောင်မင်းနဲ့ ဦးခင်ရီတို့ မအားလပ်တဲ့အတွက်‌ကြောင့် မလာနိုင်ဘူး။ သူတို့ပါလာလို့ရှိရင်လည်း ‌ရှေ့ဆက်ပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ‌တွေလုပ်ဖို့ ငြိမ်းချမ်း‌ရေး ခိုင်မာ‌အောင်လုပ်ဖို့ ညှိနှိုင်းလို့ ရတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူသည် အစိုးရနှင့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလကတည်းက အပစ်အခတ် ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရယူခဲ့ပြီးသည့်‌နောက် ပိုင်း ဧပြီလမှစ၍ ၎င်းတို့၏ ဆက်ဆံ‌ရေးရုံးများကို ဖွင့်လှစ်ခဲ့ရာ ‌ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူ၊ မြဝတီ၊ ဘားအံနှင့် ယခု သထုံမြို့နယ်၊ ‌နောင်ဘို‌ကျေးရွာတွင် ဆဌမ‌မြောက်ရုံးကို ဖွင့်လှစ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။