Home သတင်း မြန်မာပြည်အ‌ရှေ့ပိုင်းတွင် ဖွံ့ဖြိုးမှု စီမံကိန်းများ‌ကြောင့် ‌ဒေသခံများ ရပ်တည်ရာ‌ပျောက်ဆုံး‌နေဟု KHRG ‌ပြောဆို

မြန်မာပြည်အ‌ရှေ့ပိုင်းတွင် ဖွံ့ဖြိုးမှု စီမံကိန်းများ‌ကြောင့် ‌ဒေသခံများ ရပ်တည်ရာ‌ပျောက်ဆုံး‌နေဟု KHRG ‌ပြောဆို

1423
မတ်လ ၅ရက်။ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနသင်္ာရီတိုင်း စသည့် မြန်မာပြည် အ‌ရှေ့ပိုင်း‌ဒေသများတွင် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ‌ကြောင့် ‌ဒေသခံလူထု ‌မြေယာ သိမ်းပိုက်ခံရမှုအ‌ပေါ် ကရင်လူ့အခွင့်အ‌ရေး အဖွဲ့အစည်း-KHRG မှ “ရပ်တည်ရာ‌ပျောက်ဆုံးခြင်း” အစီရင်ခံစာအမည်ဖြင့် သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် ယ‌နေ့ ပြုလုပ်ခဲ့သည်။

မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု လက်မှတ်‌ရေးထိုးလာပြီး‌နောက် ဖြစ်‌ပေါ် လာသည့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ကြောင့် မြန်မာပြည် အ‌ရှေ့ပိုင်းရှိ ‌ဒေသခံများ၏ ‌မြေယာသိမ်းပိုက်ခံရခြင်း၊ ‌ပြောင်း‌ရွှေ့‌နေထိုင် ‌ပေးရခြင်း၊ ‌လျော်‌ကြေးမရရှိခြင်းနှင့် ဥပ‌ဒေအရ တရားစွဲဆိုမှု မပြုလုပ်နိုင်ခြင်းများကို ထုတ်‌ဖော်‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KHRG ‌ပြောခွင့်ရသူ ‌နော်ခုခုကျူးက “လက်ရှိ စီမံကိန်း‌တွေ‌ကြောင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံ‌နေရတဲ့ ‌ဒေသခံ‌တွေရဲ့ အ‌ခြေအ ‌နေကို အစိုးရရယ်၊ လက်နက်ကိုင်အဖွဲ့အစည်း‌တွေရယ်။ နိုင်ငံတကာအဖွဲ့အစည်း ပြီး‌တော့ အခုလုပ်‌နေတဲ့ စီးပွား‌ရေးလုပ်ငန်းရှင်၊ ‌ရှေ့ဆက် ‌ရောက်လာမယ့် လုပ်ငန်းရှင်‌တွေ‌ကော အားလုံးကို ‌ဒေသခံ‌တွေရဲ့ အ‌ခြေအ‌နေကို သိ‌စေချင်လို့ ဒီအစီရင်ခံစာကို ထုတ်လိုက်တာပါ”ဟု ‌ပြောသည်။

ယင်းဖွံ့ဖြိုး‌ရေးစီမံကိန်းလုပ်ငန်းများကို လုပ်‌ဆောင်မည်ဆိုပါက သက်ဆိုင်ရာ တာဝန်ရှိသူများအ‌နေဖြင့်လည်း ‌ဒေသခံများ၏ သ‌ဘောဆန္ဒ၊ အကျိုးစီးပွားနှင့် လိုအပ်ချက်များကို ‌မေးမြန်းပြီး စီမံကိန်းများအတွင်း လူထုပါ ပါဝင်ပူး‌ပေါင်း‌စေချင်‌ကြောင်း ‌နော်ခုခုကျူးက ဆက်လက် ‌ပြောဆိုသည်။

၂၀၁၂ခုနှစ်‌နောက်ပိုင်း အစိုးရနှင့် KNU တို့အကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီပြီး‌နောက် မြန်မာပြည်အ‌ရှေ့ပိုင်းရှိ ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ကြောင့် မြန်မာနိုင်ငံအ‌ရှေ့ပိုင်းရှိ သဘာဝသယံဇာတ တူး‌ဖော်မှု၊ စီးပွား‌ရေးစီမံကိန်း စသည်တို့နှင့် ပတ်သက်သည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရမှုများကို ၂၀၁၁ခုနှစ်မှ ၂၀၁၂ခုနှစ် နိုဝင်ဘာလအထိ ‌ဒေသခံများထံ ကွင်းဆင်း‌လေ့လာ မှတ်တမ်း‌ကောက်ယူကာ ၎င်းအစီရင်ခံစာထဲတွင် ထည့်သွင်း‌ဖော်ပြ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

‌နော်ခုခုကျူးက “အပစ်အခတ်ရပ်စဲ‌ရေး‌ကြောင့် ရွာသား‌တွေအ‌နေနဲ့ အရင်ကလို အပစ်အခတ်ခံရတာ‌တွေ ‌လျော့နည်းသွား‌ပေ မယ့်လို့လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သွား‌နေတဲ့ စီးပွား‌ရေး‌ကြောင့် ‌ဒေသခံ‌တွေမှာ ဆုံးရှုံးနစ်နာမှု‌တွေ အများကြီး ရှိ‌နေတယ်။ ဒါ‌တွေက တိုးတက်မှုအတွက် လုပ်ရမှာဖြစ်‌ပေမယ့် ‌ဒေသခံ‌တွေအတွက် ဆိုးကျိုး‌တွေ မဖြစ်ပွား‌အောင် အဖက်ဖက်က‌နေ စဉ်းစား ‌ပေး‌စေချင်ပါတယ်”ဟု ဖြည့်စွက်‌ပြောသည်။

KHRG ၏ အစီရင်ခံစာတွင် ‌ဒေသခံပြည်သူများအ‌နေဖြင့် ကြုံ‌တွေ့ရမည့် ခြိမ်း‌ခြောက်မှု၊ လယ်ယာ‌မြေ သိမ်းဆည်းခံခဲ့ရပြီး ‌လျော်‌ကြေးမရရှိမှုများ၊ ကြီးမား‌သော ထားဝယ်‌ရေနက်ဆိပ်ကမ်းနှင့် ‌ရွှေကျင် ‌ရေကာတာစီမံကိန်းများ၏ သက်‌ရောက်မှုများ အပြင် မြန်မာပြည်အ‌ရှေ့ခြမ်းရှိ လူထုအ‌ပေါ် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ၏ ကျင့်ဝတ်နှင့် တာဝန်ဝတ္တရား ပျက်ကွက်မှု များကို ‌ဒေသခံများ၏ သက်‌သေခံချက်များဖြင့် ‌ဖော်ပြထားသည်။

ယ‌နေ့ပြုလုပ်သည့် KHRG သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များကွန်ဂရက်-SYCB၊ Asian Burma၊ ဘန်‌ကောက်မှ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာသမား‌ပေါင်း ၅၀‌ကျော် တက်‌ရောက်ခဲ့ကြသလို KHRG အ‌နေဖြင့် ၎င်းအစီရင် ခံစာကို နိုင်ငံတကာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအစိုးရ၊ KNU နှင့် စီးပွား‌ရေးလုပ်ငန်းရှင်များထံသို့ ဆက်လက် ပို့‌ဆောင်သွား မည်ဖြစ်‌ကြောင်း သိရသည်။