Home သတင်း ပြည်‌ထောင်စုအဆင့် တိုင်းရင်း သား‌ရေးရာဝန်ကြီးဌာနဖွင့်‌ရေး အဆို လွှတ်‌တော်တွင် အတည်မပြုနိုင်‌သေး

ပြည်‌ထောင်စုအဆင့် တိုင်းရင်း သား‌ရေးရာဝန်ကြီးဌာနဖွင့်‌ရေး အဆို လွှတ်‌တော်တွင် အတည်မပြုနိုင်‌သေး

1895
မတ်လ ၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦး‌ကျော်ဒင်(ခ)ဦး‌ထေးရယ် တင်သွင်းသည့် ပြည်‌ထောင်စုအဆင့် တိုင်းရင်းသား‌ရေး ရာ ဝန်ကြီးဌာန ဖွင့်‌ပေး‌ရေးအဆိုကို လွှတ်‌တော်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများသည့်အတွက် အတည်မပြုနိုင်ဘဲ မှတ်တမ်း အဖြစ်သာ ထားရှိရန် ဆုံးဖြတ်ခဲ့‌ကြောင်း လွှတ်‌တော်ကိုယ်စားလှယ် များ၏ ‌ပြောပြချက်အရ သိရသည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးစိုး‌မောင်က နိုင်ငံ‌တော်၏ ဘတ်ဂျက်အ‌ခြေအ‌နေအရ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဌာနကို ထပ်မံ တိုးချဲ့ဖွဲ့စည်းရန် မလိုအပ်သဖြင့် ကန့်ကွက်မဲများရခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် မတ်လ ၄ရက်‌နေ့က ကျင်းပသည့် အမျိုးသားလွှတ်‌တော်အစည်းအ‌ဝေးတွင် ‌ပြောဆိုသွားခဲ့သည်။

သူက “တိုင်းရင်းသားများအတွက် လိုအပ်ချက်‌တွေကို နိုင်ငံ‌တော်ရဲ့ စီးပွား‌ရေးအ‌ခြေအ‌နေ‌ပေါ် မူတည်ပြီး ဖွံ့ဖြိုးတိုးတတ်မှု လွန်စွာ မကွာခြားဖို့ ထိန်းသိမ်းကြပ်မတ် ဖြည့်ဆည်း‌ဆောင်ရွက်‌ပေး‌နေပါတယ်။ ‌နောက် နိုင်ငံ‌တော်ရဲ့ ဘတ်ဂျက်အ‌ခြေအ‌နေအ ရ တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနကို ထပ်မံ တိုးချဲ့ဖွဲ့စည်းရန်မလိုလို့ အဆိုကို မှတ်တမ်းအဖြစ်သာထားဖို့ တင်ပြတာပါ”ဟု လွှတ်‌တော်အစည်းအ‌ဝေးတွင် ‌ပြောခဲ့သည်။

၎င်းအဆိုကို အတည်မပြုနိုင်ခဲ့ခြင်းအ‌ပေါ် ရန်ကုန်တိုင်း‌ဒေသကြီး ရခိုင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦး‌ဇော်‌အေး‌မောင်က တိုင်း ရင်းသား‌ရေးရာဝန်ကြီးဌာနသည် ပြည်‌ထောင်စုအဆင့်တွင်သာမက တိုင်း‌ဒေသကြီးအဆင့်များပါ လိုအပ်‌ကြောင်း၊ ဖွဲ့စည်းပုံအ ‌ခြေခံဥပ‌ဒေအရ တိုင်းရင်းသားများ၏ စာ‌ပေယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးတမ်းများကို အ‌ကောင်အထည်‌ဖော်ရပါက ဝန်ကြီးဌာနတခုရှိ မှသာ လုပ်ကိုင်နိုင်မည်ဖြစ်‌ကြောင်းနှင့် အဆိုအတည်မပြုနိုင်ခြင်းသည် တို့တာဝန်အ‌ရေးသုံးပါးကို ချိုး‌ဖောက်ခြင်းပင်ဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောကြားခဲ့သည်။

ဦး‌ဇော်‌အေး‌မောင်က “အခု ငြိမ်းချမ်း‌ရေး မရ‌သေးတာက တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိလို့ပဲ။ ဒါကို အ‌ကောင်အထည် ‌ဖော်ဖို့က တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနကို ပြည်‌ထောင်စုအဆင့်မှာ လိုသလို တိုင်း‌ဒေသကြီးအဆင့်မှာလည်း လိုတယ်။ အစိုး ရဖြစ်ဖြစ်၊ လွှတ်‌တော်ထဲက အဖွဲ့အစည်း‌တွေပဲဖြစ်ဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေး ပြည်‌ထောင်စုခိုင်မြဲ‌ရေးအတွက် သတင်းစာ၊ ဂျာနယ်‌တွေထဲမှာ ရိုက်ပြ၊ အစည်းအ‌ဝေး‌တွေမှာ ‌ပြော‌နေမယ့်အစား လက်‌တွေ့ကျတဲ့ဟာ‌တွေ လုပ်ပြဖို ့လိုတယ်”ဟု ‌ပြောသည်။

ချင်းပြည်နယ်မဲဆန္ဒအမှတ်(၁၀)မှ ဦးမနားနိုင်ကလည်း “ယခင် နိုင်ငံ‌ရေး‌ခေတ်ကာလ‌တွေမှာ သမ္မတအဆင့်ကို တိုင်းရင်းသား ‌တွေက တာဝန်ယူ ‌ရွေးချယ်ခန့်ထားခဲ့‌ကြောင်းကို သိမှတ်ရသလို တိုင်း‌ဒေသကြီးပြည်နယ်များအတွက် တိုင်းရင်းသား လူမျိုးစု ‌ရေးရာဝန်ကြီးများ ရှိခဲ့‌ကြောင်းကို သိရပါတယ်။ ဒါ‌ကြောင့် ယခု ‌ဆွေး‌နွေးချက်အ‌ပေါ် နိုင်ငံ‌တော်တွင် ပြည်‌ထောင်စုအဆင့် တိုင်း ရင်းသား‌ရေးရာဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းနိုင်မယ်ဆိုရင် တိုင်းရင်းသားများအ‌ရေးကို ပိုပြီး ထိ‌ရောက်စွာ ‌ဆောင်ရွက်လာလိမ့်မယ် လို့ ယူဆပါတယ်”ဟု ‌ပြောကြားခဲ့သည်။

တိုင်းရင်းသား‌ရေးရာကိစ္စသည် အလွန်နူးညံ့သိမ်‌မွေ့‌သော ကိစ္စဖြစ်သည့်အတွက် အချိန်ယူ စဉ်းစားသုံးသပ်ပြီး အတိမ်းအ‌စောင်း မရှိ‌အောင် ‌ဆောင်ရွက်မှသာ တည်တံ့ခိုင်မြဲ‌သော ထာဝရ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို တည်‌ဆောက်သွားနိုင်မည်ဖြစ် ‌ကြောင်း ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦး‌စောမြဝင်း၏ ‌ပြောကြားချက်ကို အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။

အဆိုပါ ပြည်‌ထောင်စုအဆင့် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန ဖွင့်‌ပေး‌ရေးအဆိုကို အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ၁၆ဦး တို့က ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။