Home သတင်း မဲ‌ဆောက်ရှိအထည်ချုပ်စက်ရုံ မြန်မာ အလုပ်သမား ၁၈ ဦး ခြိမ်း‌ခြောက်ခံရပြီး အလုပ်မှ ထုတ်ပယ်ခံရ

မဲ‌ဆောက်ရှိအထည်ချုပ်စက်ရုံ မြန်မာ အလုပ်သမား ၁၈ ဦး ခြိမ်း‌ခြောက်ခံရပြီး အလုပ်မှ ထုတ်ပယ်ခံရ

1706
မတ်လ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Photo-JACBA
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ မယ်‌တော်တာ့ရပ်ကွက် အတွင်းရှိ အရပ်‌ခေါ် နဂါးနှစ်‌ကောင် အထည်ချုပ် စက်ရုံတွင်  မြန်မာအလုပ်သမား ၁၈ ဦးကို အလုပ်ရှင်က ခြိမ်း‌ခြောက်ပြီး မတ်လ ၁ဝ ရက်‌နေ့ ည‌နေပိုင်းတွင် အလုပ်မှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။

အလုပ်ရှင်သည် အလုပ်သမားများအား သတ်မှတ်ထားသည့် လစာ‌ပေးရက်တွင် အ‌ကြောင်းအမျိုးမျိုးပြကာ လုပ် အားခ‌ပေးရန် ပျက်ကွက်ခဲ့သဖြင့် အလုပ်မဆင်းသည့် အလုပ်သမားတို့ကို ရဲတိုင်ဖမ်းဆီးမည်ဟု ခြိမ်း‌ခြောက်ပြီး အလုပ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်‌ကြောင်း အလုပ်ဖြုတ်ခံရမှုတွင် ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“စက်ရုံမှာက လစဉ် ၁ဝ ရက် ‌နေ့တိုင်း လုပ်အားခ‌ပေးဖို့ သတ်မှတ်ထားတယ်။ ကျမတို့ ဒီမတ်လအတွက် လုပ်အားခ‌ပေးဖို့ အလုပ်ရှင်က မ‌ပေး‌သေးဘူး။ အဲဒါနဲ့ မတ်လ၁ဝ ရက်‌နေ့က အလုပ်နားရက်ဖြစ်တဲ့အတွက် အလုပ်မဆင်း‌တော့ ‌ခေါ်‌တွေ့ပြီး လုပ်အားခ တဝက်ပဲ ‌ပေးမယ်။ မယူရင် ရဲနဲ့ဖမ်းဆီးမယ်‌ပြောပြီး ကျမတို့ကို အလုပ်က‌နေ ထုတ်လိုက်တယ်”ဟု သူမက ‌ပြောသည်။

နဂါးနှစ်‌ကောင် အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၄၂ဦး ရှိပြီး ၎င်းတို့အားလုံးသည် တရားဝင်အလုပ်လုပ်ခွင့် လက်မှတ် မရှိကြသကဲ့သို့ အလုပ်ရှင်မှ လက်မှတ်ပြုလုပ်‌ပေးရန် ‌တောင်းဆိုခဲ့‌သော်လည်း ယခုချိန်ထိ မလုပ်‌ပေး ‌သေး‌ကြောင်းလည်း အလုပ်သမားများက ‌ပြောဆို‌နေကြသည်။

လက်ရှိ အလုပ်မှ ထုတ်ပယ်ခံရသူများမှာ မိန်းက‌လေး ၁၃ ဦးနှင့် ‌ယောက်ကျား‌လေး ၅ ဦး ဖြစ်ပြီး ၎င်းတို့ အလုပ် ထုတ်ပယ်ခံရပြီး‌နောက် အလုပ်ရှင်နှင့်‌ဝေးရာ‌နေရာများသို့ ‌ပြောင်း‌ရွှေ့ကာ တိမ်း‌ရှောင်‌နေထိုင်‌နေကြ‌ကြောင်း လည်း အလုပ်သမားအ‌ရေးကို လိုက်လံ‌ဆောင်ရွက်‌ပေး‌နေသည့် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ-JACBA မှ တာဝန်ခံ ဦးမိုးကြိုးက ‌ပြောသည်။

ဦးမိုးကြိုးက “အလုပ်သမား‌တွေအ‌နေနဲ့ သတ်မှတ်ထားတဲ့ အခွင့်အ‌ရေး‌တော့ ရသင့်တယ်။ ခြိမ်း‌ခြောက်ပြီး အလုပ်ထုတ်ပစ် တာမျိုး‌တော့ အလုပ်သမား‌တွေရဲ့ အခွင့်အ‌ရေးကို ချိုး‌ဖောက်ရာ‌ရောက်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၎င်းအထည်ချုပ်စက်ရုံရှိ အလုပ်သမားများသည် တစ်‌နေ့လုပ်အားခ ထိုင်းဘတ်‌ငွေ ၂၀ဝ နှင့် အချိန်ပို‌ကြေး တစ်နာရီလျှင် ၁၅ ဘတ် နှုန်းဖြင့် အလုပ်ရှင်က သတ်မှတ်ထားသည့်အတွက် စားဝတ်‌နေ‌ရေးနှင့် ပတ်သက်၍ အပြည့်အဝ ဖူလုံမှု မရရှိသလို ယခုလို အလုပ်မှ ထုတ်ပယ်ခံရ‌သော်လည်း ရရှိရမည့် လုပ်အားခကို ယ‌နေ့ည‌နေ ၄နာရီခွဲတွင် တဝက်သာ အလုပ်ရှင်က ‌ပေး‌ချေ‌သေးသည်ဟုလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားများအား ‌ပေးဆပ်ရန် ကျန်လစာဝက်ကို မတ်လ ၂၁ ရက်‌နေ့ ‌နောက် ဆုံးထား၍ ‌ပေးသွားမည်ဟု အလုပ်ရှင်ဘက်က ယ‌နေ့ည‌နေတွင် JACBA အပါအဝင် တာ့ခ်ခရိုင် အလုပ်သမား ကာကွယ်‌ရေးရုံးမှ တာဝန်ရှိသူများ၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားများတို့နှင့် ‌တွေ့ဆုံညှိနှိုင်းသည့်အခါ သ‌ဘောတူညီခဲ့ကြသည်။

နဂါးနှစ်‌ကောင် အထည်စက်ရုံသည် သက်တမ်း ‌လေးလသာ ရှိ‌သေးသလို အလုပ်သမားများကို အလုပ်မှ ထုတ်ပယ်လိုက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။