Home သတင်း လယ်ယာမှုခင်းအတွက် ‌ဖြေရှင်း‌ပေး ရန် မရမ်းတစ်ပင် အုပ်ချုပ်‌ရေးမှူး ‌ရှောင်တိမ်း

လယ်ယာမှုခင်းအတွက် ‌ဖြေရှင်း‌ပေး ရန် မရမ်းတစ်ပင် အုပ်ချုပ်‌ရေးမှူး ‌ရှောင်တိမ်း

1901
မတ်လ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

mk 02တွံ‌တေးမြို့နယ် ဘုရားကြီးတိုက်နယ်၊ မရမ်းတစ်ပင်‌ကျေးရွာရှိ အုပ်ချုပ်‌ရေးမှူးသည် ရွာရှိလယ်သမားတစ်ဦး၏ လယ်ယာမှုခင်းပြဿနာအတွက် ‌ဖြေရှင်းရန် မြို့နယ်‌မြေစာရင်းမှ ချိန်းဆို‌သော‌နေ့ တွင် ‌ရှောင်တိမ်းခဲ့သည်ဟု ‌ဒေသခံရွာသားများက ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၆ရက်(ဗုဒ္ဓဟူး)‌နေ့က မြို့နယ်‌မြေစာရင်းမှ အခင်းဖြစ်ရာ မူလ‌မြေပိုင်ရှင် ‌စောဖ‌ဝေး(‌ခေါ်) ဦးသိန်းဝင်းနှင့် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ဦးတင်ဦးတို့အား ‌တွေ့ဆုံ၍ ‌ဆွေး‌နွေးရန်လာ‌ရောက်‌သောအခါ ထိုကဲ့သို့ ပျက်ကွက်ခြင်းဖြစ်ပြီး ယ‌နေ့တိုင် အကျိုးအ‌ကြောင်းတစ်စုံတစ်ရာ မ‌ပြောဆိုဘဲ ‌နေခဲ့သည်ဟု သိရသည်။

‌မြေယာမှုခင်းဖြစ်‌ပေါ်သည့် နှစ်ရှည်ပင်စိုက်ပျိုး‌နေ‌သော ‌စောဖ‌ဝေး ပိုင်လယ်‌မြေများမှာ စုစု‌ပေါင်း ၇.၆ ဧက ရှိပြီး ၎င်းနှင့်ကပ်လျက် ရာဘာပင်စိုက်ပျိုး‌နေ‌သော ဦးမြသိန်းမှာ ‌ရွှေရည်ဝင်း အရက်ချက်စက်ရုံပိုင်ရှင်အား မှားယွင်း၍ ‌ရောင်းချမိခြင်း‌ကြောင့် ဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

မူလပိုင်ရှင် ‌စောဖ‌ဝေးမှ “ကျွန်‌တော် မြို့နယ်‌မြေစာရင်းကို သွားတိုင်‌တော့ ‌မြေစာရင်းက မပူပါနဲ့၊ ‌အေး‌ဆေး ‌နေပါလို့ ‌ပြောပါတယ်။ မှတ်တမ်းလည်း တင်‌ပေးပါ့မယ်လို့ ‌ပြောပါတယ်။ ပြီး‌တော့ ‌လော‌လောဆယ်မှာ ဒီ‌မြေဟာ မှုခင်းဖြစ်‌နေလို့ ဘယ်သူမှ ဝင်လုပ်တာ မျိုးကို မလုပ်ဖို့ စာထုတ်ထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ဝယ်ယူထား‌သော ‌ရွှေရည်ဝင်းအရက်ချက်စက်ရုံပိုင်ရှင်၏ အလုပ်သမားများမှာ တွံ‌တေးမြို့နယ် ‌မြေတိုင်းဌာနမှ ‌မြေတိုင်းစာရင်း ဦး‌ကျော်မျိုး‌အောင်နှင့် ဒုဦးစီးမှုး ဦး‌အောင်မြင့်‌ကျော်တို့က ကွင်းဆင်း ၍ တားမြစ်ထား‌သော်လည်း ရာဘာပင်များ ဆက်လက်စိုက်ပျိုး‌နေ‌ကြောင်း သူက ဆက်‌ပြောသည်။

လယ်သမား များအ‌ရေးအား ကူညီ‌ဆောင်ရွက်‌ပေး‌နေ‌သော ရန်ကုန်‌တောင်ပိုင်းခရိုင် ဥက္ကဌ မန်းအုန်းမြင့်သိန်းက “ဥပ‌ဒေက ‌နေရာတိုင်း အသုံးမဝင်ဘူး ဖြစ်‌နေတယ်။ အခုက ‌မြေတိုင်းနဲ့ အုပ်ချုပ်‌ရေးမှူး‌တွေနဲ့ သူ‌ဌေး‌တွေနဲ့ ‌ပေါင်းပြီး လုပ်စား‌နေကြတာပါ။ မသိနားမလည်ကြ‌တော့ ခံကြရတာပါ။ ‌ရွှေရည်ဝင်းပိုင်ရှင် ဦး‌အေးစိုးဟာလည်း လုပ်စရာရှိတာ လုပ်ပါလို့သာ ‌ပြောတယ်။ လက်‌တွေ့မှာ တားမြစ်ထားတာကို ဆက်လုပ်‌နေတာပါ”ဟု မှတ်ချက် ‌ပေး ‌ပြောဆိုသည်။

ထို့အပြင် မရမ်းတစ်ပင်ရွာတွင် ရွာသား (၄) ဦးပိုင်ဆိုင်‌သော ခြံ‌မြေ ၁ဝ ဧက ‌ကျော်ကိုလည်း ယခင်က ‌ရောင်း စားခံခဲ့ရမှုများရှိခဲ့ပြီး ‌နောက်ဆုံးတွင် ဆုံးရှုံးခဲ့ရသည်အထိ ဖြစ်သွားသည်ဟု ‌ဒေသခံများက ဆိုသည်။

‌စောဖ‌ဝေး (‌ခေါ်)ဦးသိန်းဝင်းသည် ၂၀၀၂ ခုနှစ်ထိတိုင် ဦးပိုင်အမှတ် (၁ဝ /၂)၊ ( ၁၁ /၂ )၊ ( ၁၂ /၃)၊ ( ၉/ ၃) များဖြင့် ‌မြေခွန်‌ပြေစာများ ‌ပေး‌ဆောင်ပြီး နှစ်ရှည်ရာဘာပင်အပြင် ရာသီ‌ပေါ်သီးနှံများကို စိုက်ပျိုးလျှက်ရှိသည်။