Home သတင်း ကွင်းက‌လေး‌ရွှေတူး‌ဖော်‌ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီ

ကွင်းက‌လေး‌ရွှေတူး‌ဖော်‌ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီ

1867
မတ်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

S125001မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြံခါး‌ချောင်း(ခရူးခီး)အုပ်စု၊ ကွင်းက‌လေးရွာအနီးရှိ ‌ရွှေတူး‌ဖော်‌ရေးလုပ်များကို မတ်လဆန်းပိုင်းမှ စ၍ ရပ်ဆိုင်းလိုက်ပြီဟု ကရင်အမျိုးသားအစည်းအရုံး-KNU သထုံခရိုင်၊ တပ်မဟာ(၁)မှ တာဝန်ရှိသူများက ‌ပြောကြားလိုက်သည်။

KNU သထုံခရိုင်မှ အုပ်ချုပ်‌ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက “အခုက ‌နွေရာသီ‌ရောက်လာပြီဆို‌တော့ အဲဒီ‌ရွှေတူးတဲ့‌နေရာ ‌တွေမှာ ‌ရေ‌တွေ ခမ်းကုန်ပြီဖြစ်တဲ့အတွက် ‌ရွှေတူးလို့ မရ‌တော့ဘူး။ ‌နောက် အဲဒီ‌နေရာ‌တွေမှာ ‌ရွှေ‌တွေ အဲ‌လောက်ထိ ထွက်တာ မဟုတ်ဘူးလို့လည်း တူးကြတဲ့သူ‌တွေက ‌ပြောတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ကွင်းက‌လေး‌ဒေသတွင် ‌ရွှေတူးသူများမှာ ‌မောင်လူနှင့် မြဖူး(‌ရွှေဖူး)ကုမ္ပဏီမှ ‌စောထူးတို့နှစ်ဦးသာ ဖြစ်သလို ၎င်း တို့သည် ပုဂ္ဂလိကအ‌နေဖြင့်သာ တူး‌ဖော်ခဲ့ခြင်းဖြစ်‌ကြောင်းနှင့် ‌ရွှေတူးရန် အ‌ဆောက်အဦး လာ‌ရောက်‌ဆောက်လုပ်‌သော ‌ဟောင်‌ကောင်မှ မစ္စတာ‌ကေးဆိုသူ လုပ်ငန်းပိုင်ရှင်ကိုလည်း ‌ရွှေတူး‌ဖော်‌ရေးမလုပ်မီ KNU သထုံခရိုင် တာဝန်ရှိသူများက သတိ ‌ပေး တားမြစ်လိုက်‌ကြောင်း သူက ‌ပြောဆိုသည်။

‌ဟောင်‌ကောင်မှ လာ‌ရောက်သည့် အဆိုပါမစ္စတာ‌ကေးကုမ္ပဏီသည် ‌ဒေသခံ KNU တာဝန်ရှိသူများထံ ခွင့်ပြုချက်မယူဘဲ ကွင်းက‌လေး‌ဒေသတွင် ‌ရွှေတူး‌ဖော်ရန် ၂၀၁၂ခုနှစ်ကုန်ပိုင်းက လာ‌ရောက်ခဲ့ခြင်းဖြစ်၍ မတ်လ ၂ရက်‌နေ့ ‌နောက်ဆုံးထားပြီး ကွင်းက‌လေး‌ဒေသမှ ထွက်ခွါရန် KNU သထုံခရိုင် တာဝန်ရှိသူများက သတိ‌ပေးခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိက‌ရွှေတူး‌ဖော်မှုတွင် ပါဝင်ခဲ့သူတစ်ဦးက “ကျ‌နော်တို့ ‌ရွှေတူးတယ်ဆို‌ပေမယ့် ကိုယ့်အတွက် အဲ‌လောက်ရတာ မဟုတ်ဘူး။ အဂင်္လိပ်‌ခေတ်တုန်းက ‌ရွှေတူးထားတဲ့‌နေရာလို့ သိပြီး တူးကြည့်တဲ့သ‌ဘောပဲ။ ကျ‌နော်ဆိုရင် သိန်းနှစ်ရာ‌လောက် ရှုံးတယ်။ ထပ်လုပ်ဖို့ စိတ်မကူး‌တော့ဘူး။”ဟု ‌ပြောသည်။

မစ္စတာ‌ကေး ကုမ္ပဏီမှ အ‌ဆောက်အဦပစ္စည်းများ
မစ္စတာ‌ကေး ကုမ္ပဏီမှ အ‌ဆောက်အဦပစ္စည်းများ

မစ္စတာ‌ကေး ကုမ္ပဏီ ယခုလို လာ‌ရောက်လုပ်ကိုင်ခြင်းမှာ မည်သည့်အဖွဲ့အစည်း၏ ခွင့်ပြုချက်မှမဟုတ်သလို KNU အ‌နေဖြင့် လည်း ပြန်လည်ထွက်ခွာခိုင်းသည့်အ‌ပေါ် ‌ဆောက်လုပ်ထားသည့် ၎င်းတို့၏ အ‌ဆောက်အဦများကို သံဃာများအား လှူဒါန်းမည် ဟု သိရ‌ကြောင်း KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

ယင်းကဲ့သို့ ‌ရွှေတူး‌ဖော်မှု‌ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိလာနိုင်‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “‌ရွှေ တူးလို့ သစ်‌တောလည်း ပြုန်းတီးတယ်။ ‌နောက် တွင်းကြီးဖြစ်သွားတဲ့ဟာ‌တွေ ‌မြေပြန်မဖို့‌ပေးဘူးဆိုရင် မိုးရွာတဲ့အခါ ‌မြေပြိုမှု ‌တွေ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရပ်လိုက်ပြီဆို‌တော့ ကျ‌နော်တို့‌ဒေသခံ‌တွေအတွက် ‌ကောင်းတယ်။ ‌နောက်ထပ် မလုပ် ရင် ပို‌တောင် ‌ကောင်းတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ‌ဒေသခံ KNU တာဝန်ရှိသူများက ကွင်းက‌လေးတွင် ‌ရွှေတူး‌ဖော်မည့်သူများအား ‌မြေယာ ၅ဧကနှုန်းဖြင့် ချ‌ပေးကာ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလက စတင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ကွင်းက‌လေး‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။