Home သတင်း မြဝတီမြို့နယ် ထင်းရှူး‌တောင်‌ကျေး ရွာ ဘ-ကစာသင်‌ကျောင်း လာမည့်နှစ်အတွက် ပညာ‌ရေးပံ့ပိုးမှု အ‌ရေးတကြီးလိုအပ်

မြဝတီမြို့နယ် ထင်းရှူး‌တောင်‌ကျေး ရွာ ဘ-ကစာသင်‌ကျောင်း လာမည့်နှစ်အတွက် ပညာ‌ရေးပံ့ပိုးမှု အ‌ရေးတကြီးလိုအပ်

2246
မတ်လ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Photo2ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် ၄ ရပ်ကွက်အပိုင် ထင်းရှူး‌တောင်‌ကျေးရွာအတွင်းရှိ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည် ‌ထောင်ထား‌သော ဘ-က (ဘုန်း‌တော်ကြီးသင်ပညာ‌ရေး‌ကျောင်း) မှုလတန်း‌ကျောင်းတွင် လာမည့်ပညာသင်နှစ်အတွက် အကူ အညီများစွာ အ‌ရေးတကြီး လိုအပ်လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါစာသင်‌ကျောင်းကို ထင်းရှူး‌တောင်‌ကျေးရွာ ရန်ကင်း‌အောင် ဘုန်း‌တော်ကြီး‌ကျောင်းအတွင်းရှိ ဓမ္မာရုံတွင် ယာယီ ဖွင့်လှစ် ထားခြင်းဖြစ်ပြီး ‌ကျောင်းသားဦး‌ရေမှာ ယခင်နှစ်ထက် များပြားလာမှု‌ကြောင့် ကူညီပံ့ပိုးမှု လိုအပ်ရခြင်းဖြစ်သည်ဟု ၎င်း‌ကျောင်း အတွက် လိုက်လံ‌ဆောင်ရွက်‌ပေး‌နေသူ ကိုဖိုးကတုံးက ‌ပြောသည်။

“အရင်နှစ်‌တွေက ‌ကျောင်းသားဦး‌ရေ ၂၀‌လောက်ပဲရှိတယ်။ ‌ကျောင်းက‌တော့ ယာယီအမိုး အကာနဲ့ဘဲ၊ မိုးတွင်းဘက် စာသင်လို့ မရဘူး၊ ‌နောက်‌တော့ ဘုန်းကြီး‌ကျောင်းက ဓမ္မာရုံထဲမှာပဲ ဖြစ်သလို သင်‌နေရတယ်။ အခုနှစ်က ၃၅‌ယောက်အထိ တိုးလာ‌တော့ အစစအရာရာ အခက်အခဲ‌တွေ အများကြီးရှိလာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြဝတီမြို့နှင့် ၄မိုင်ခန့်အကွာရှိ ၎င်းထင်းရှူး‌တောင် ဘုန်း‌တော်ကြီး‌ကျောင်းတွင် ပညာသင်ကြား‌နေရ‌သော ‌ကျောင်းသူ‌ကျောင်း သားများ၏ မိဘများမှာ ထင်းခုတ်၊ ဝါးခုတ်၊ ‌တောင်ယာအလုပ်များဖြင့် အသက်‌မွေးဝမ်း‌ကျောင်းပြု‌နေရသူများဖြစ်၍ ၎င်းတို့၏ က‌လေးငယ်များ ‌အေး‌ဆေးစွာ စာသင်ကြားနိုင်ရန်အတွက် စာသင်‌ဆောင်များ၊ စာ‌ရေးကိရိယာပစ္စည်းများ၊ ပရိ‌ဘောဂများ၊ သန့်စင်ခန်းများနှင့် ‌သောက်သုံး‌ရေ စသည့်အကူအညီများ လိုအပ်‌ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ စာသင်နှစ်တွင် ရပ်မိရပ်ဖများ ၊‌ကျောင်းသားမိဘများမှ တိုင်ပင်ကာ ဘ-က‌ကျောင်းအတွက် ဘွဲ့ရဆရာတစ်ဦးနှင့် တက္ကသိုလ်ဝင်တန်း‌အောင် ဆရာမတစ်ဦးကို ခန့်အပ်ထားပြီး ဆရာမတစ်ဦးဖြစ်သူ မနန္ဒာ‌ကျော်က မိမိသင်ကြား‌နေရသည့် အ‌ခြေအ‌နေနှင့် ပတ်သက်၍ သူမဆန္ဒကို ယခုလို ‌ပြောပြသည်။

ထင်းရှူး‌တောင်‌ကျေးရွာမှ အကူအညီလိုအပ်‌နေသည့် ‌ကျောင်းသူ‌ကျောင်းသား‌လေးများ
ထင်းရှူး‌တောင်‌ကျေးရွာမှ အကူအညီလိုအပ်‌နေသည့် ‌ကျောင်းသူ‌ကျောင်းသား‌လေးများ

“‌ငွေ‌ရေး‌ကြေး‌ရေးအရ မတတ်နိုင်ကြ‌ပေမယ့် က‌လေး‌တွေက သင်ရတာ အဆင်‌ပြေတယ်။ သူတို့ကိုယ်တိုင်ကလည်း လိုလိုလား လား ပညာသင်ချင်စိတ် ရှိတဲ့အခါကျ‌တော့ က‌လေး‌တွေကို ပြည့်ပြည့်စုံစုံနဲ့ ပညာသင်‌စေချင်တယ်”ဟု ‌ပြောသည်။

ယင်း‌ကျောင်းသူ‌ကျောင်းသား‌လေးများမှာ မိမိတို့၏ မိသားစု စားဝတ်‌နေ‌ရေး မ‌ပြေလည်ခြင်း၊ အနီးအနားတွင် စာသင်‌ကျောင်း များ မရှိခြင်းနှင့် အခြားစာသင်‌ကျောင်းသို့ သွား‌ရောက်သင်ကြား‌ရေးတွင် မိုးတွင်းဘက် သွားလာ‌ရေးခက်ခဲခြင်းများ‌ကြောင့် ယခင်နှစ်များက အတန်းပညာပြီးဆုံး‌အောင် မသင်ကြားနိုင်ဘဲ ဖြစ်ခဲ့ရသည်။

အဆိုပါ အခက်အခဲများအတွက် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦး‌ဌေးဦးမှ ကမကထပြုပြီး ‌ကျေးရွာသူ‌ကျေးရွာသားများ၏ ဝိုင်းဝန်းပံ့ပိုး မှုဖြင့် က‌လေးငယ်များ၏ ပညာ‌ရေးအတွက် ဘုန်း‌တော်ကြီးသင်‌ကျောင်းကို ၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှ စတင် ဖွင့်လှစ်‌ပေးခဲ့ ခြင်း ဖြစ်သည်။