Home သတင်း ဘုရားသုံးဆူရှိ တပ်ကုန်း‌နေ လူထုများ ‌နေရာမှထွက်‌ပေးရန် သတိ‌ပေးခံရ

ဘုရားသုံးဆူရှိ တပ်ကုန်း‌နေ လူထုများ ‌နေရာမှထွက်‌ပေးရန် သတိ‌ပေးခံရ

1532
မတ်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရစစ်တပ်ပိုင် တပ်ကုန်းတွင် အ‌ခြေချ ‌နေထိုင်ကြသူများကို လက်ရှိ‌နေရာမှ ထွက်ခွာသွား ကြရန် အ‌ရှေ့‌တောင်တိုင်းဗျူဟာနှင့် မြို့ခံအာဏာပိုင်များက သတိ‌ပေးခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

မတ်လ ၁၇ရက်‌နေ့က တပ်ကုန်းရှိ လူထုအားလုံး၏ ကိုယ်စား ဦးစိုင်းယု၊ မခင်မျိုးဝင်းနှင့် မမြင့်သန်းတို့ကို ည‌နေ ၄နာရီ‌ကျော်မှ ၅နာရီခွဲအထိ ဘုရားသုံးဆူမြို့၊ (မရက)ရုံးတွင် အဆိုပါ တာဝန်ရှိသူများမှ ‌ခေါ်ယူကာ သတိ‌ပေးခဲ့ခြင်းဖြစ်သည်ဟု တပ်ကုန်းတွင် အ‌ခြေချ‌နေထိုင်သူ ‌စော‌သော်ယူက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “‌ခေါ်‌တွေ့ခံရတဲ့သူ‌တွေက ၄‌ယောက်‌ပေါ့။ တစ်‌ယောက်က ခရီးလွန်လို့ မသွားနိုင်ဘူး။ သွားတဲ့သူ‌တွေ ကျ‌နော်တို့ကို ပြန် လာ‌ပြောတာက‌တော့ တပ်ကုန်းဟာ တပ်ပိုင်‌မြေဖြစ်တဲ့အတွက် ထွက်ဖို့ အားလုံး ပြင်ဆင်ထားတဲ့။ ဘယ်‌တော့ ထွက်ရမလဲ‌တော့ မ‌ပြောဘူး။ ဒါ‌ပေမယ့် ဒီလို ‌ပြောတဲ့အခါကျ‌တော့ ကျ‌နော်တို့‌တွေ စိုးရိမ်‌သောကဖြစ်ရတယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် အ‌ရှေ့‌တောင်တိုင်းဗျူဟာမှ တာဝန်ရှိသူများက ယမန်‌နေ့ မတ်လ ၁၈ရက် မွန်းလွဲ ၁နာရီတွင် တပ်ကုန်းရှိ လူထုများကို ‌တွေ့ဆုံရန် ချိန်းထား‌သော်လည်း နံနက် ၇နာရီတွင် ဘုရားသုံးဆူမြို့မှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သူက ဆက်‌ပြောသည်။

အဆိုပါတပ်ကုန်းရှိ လူထုမှာ ၎င်းတို့အိမ်တည်‌ဆောက်ရန် ‌မြေကွက်များကို တပ်ကုန်းစခန်းတွင် လာ‌ရောက်တာဝန် ထမ်း‌ဆောင် သည့် အစိုးရတပ်ရင်းများထံမှ ဘတ်‌ငွေ သုံး‌ထောင်၊ ငါး‌ထောင်မှ တစ်‌သောင်းအထိ ဝယ်ယူခဲ့ရသလို မြိုခံရပ်ကွက်(၂)နှင့် (၃)ရှိ အာဏာပိုင်များကိုလည်း ယခုအချိန်အထိ လစဉ် ဘတ်‌ငွေ ၁၀ဝ အခွန်‌ပေး‌ဆောင်ရသည့်အပြင် ကင်း‌ကြေး‌ငွေဘတ် ၄ဝမှ ၅ဝအ ထိ ပုံမှန် ‌ပေး‌ဆောင်‌နေရသည်ဟု တပ်ကုန်း‌ဒေသခံများက ‌ပြောသည်။

အစိုးရအာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက “တပ်ကုန်းဟာ စစ်တပ်က ပိုင်တဲ့အတွက် တချိန်ချိန်မှာ‌တော့ ပြန်သိမ်းယူမှာပဲ။ ကျူး‌ကျော်‌မြေအဖြစ် ‌နေထိုင်တဲ့သူကလည်း ထွက်‌ပေးရမှာ ဖြစ်တယ်”ဟု ‌ကေအိုင်စီ၏ ‌မေးမြန်းချက်ကို ပြန်လည် ‌ပြောဆိုသည်။

သို့‌သော် တပ်ကုန်း‌နေ လူထုများ ထွက်ခွာမည်ဆိုပါက ဘုရားသုံးဆူမြို့ရှိ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ-USDP မှ ထို‌နေရာတဝိုက်တွင် ‌ရွှေ့‌ပြောင်းအ‌ခြေချ‌နေထိုင်ရန် အိမ်‌ခြေ ၃ဝခန့်ဆံ့သည့် ‌မြေ‌နေရာတစ်ခု စီစဉ်ထားပြီး ‌ပေ ၃၀-၄ဝ ပတ်လည်ရှိ ‌မြေတစ်ကွက်ကို ဘတ်‌ငွေ ၇,၅၀ဝမှ ၃၀,၀၀ဝအထိ ‌ရောင်းချရန်ရှိ‌သော်လည်း ‌တောင်ကမ်းပါး‌နေရာဖြစ်‌နေ၍ ‌နေထိုင်ချင်သူမရှိ‌ကြောင်း ‌စော‌သော်ယူက ဖြည့်စွက် ‌ပြောဆိုသည်။

အမည်မ‌ဖော်လိုသူ တပ်ကုန်း‌ဒေသခံတစ်ဦးကလည်း “ဒီ‌နေရာဟာ အစိုးရ စစ်တပ်ဘက်က တပ်‌မြေလို့ ‌ပြော‌ပေမယ့် တပ်ကပဲ ‌ရောင်းတယ်။ ‌နောက် ပိုက်ဆံနဲ့ ဝယ်ထားရတာ‌တောင် ကျူး‌ကျော်‌မြေမှာ ‌နေတယ်လို့လည်း အ‌ပြောခံရတယ်။ ကျမတို့ကလည်း ဒီမှာ‌နေလာတာ ၁ဝနှစ်‌ကျော်ပြီဆို‌တော့ ထွက်ခိုင်းမယ်ဆိုရင် အခက်အခဲ အများကြီး ရှိမှာဖြစ်လို့ ထွက်မ‌ပေးနိုင်ဘူး”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

မွန်၊ မြန်မာနှင့် ကရင်လူမျိုးများ ‌နေထိုင်ကာ အိမ်‌ခြေ ၁၀၂ရှိ‌သော တပ်ကုန်းမှာ အစိုးရစစ်တပ်ကုန်းစခန်း ခြံဝင်းအပြင်ဘက်၌ တည်ရှိပြီး ထို‌နေရာကို ပြီးခဲ့သည့် ၁ဝနှစ်‌ကျော်က ချုံ‌တော ထူထပ်ကာ ‌မြေလွတ်‌မြေရိုင်းများ‌သော‌ကြောင့် တပ်ကုန်းစခန်းတွင် လာ‌ရောက်အမှုထမ်း‌သော အစိုးရတပ်ရင်းများက ‌မြေကွက်ချ‌ပေးကာ ‌ရောင်းချခဲ့ခြင်းဖြစ်သည်။