Home သတင်း ‌သောင်ရင်းမြစ်အတွင်းရှိ ‌ရေလယ် ကျွန်းတွင် မှုးယစ်‌ဆေးဝါးနှင့် လက်နက်ငယ်များ ဖမ်းဆီးမိ

‌သောင်ရင်းမြစ်အတွင်းရှိ ‌ရေလယ် ကျွန်းတွင် မှုးယစ်‌ဆေးဝါးနှင့် လက်နက်ငယ်များ ဖမ်းဆီးမိ

2193
မတ်လ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

DSC09447ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နှင့် မဲ‌ဆောက်မြို့အ ကြား ‌သောင်းရင်းမြစ်အတွင်းရှိ ‌ရေလယ်ကျွန်းကို ‌ကော့မှုးရာ ကရင်လူငယ်များအဖွဲ့မှ အဖွဲ့ဝင်၂၅ ဦးက ယ‌နေ့နံနက် ၆နာရီအချိန်ခန့်တွင် ဝင်‌ရောက်စီးနင်း ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ မူးယစ်‌ဆေး ဝါးများနှင့် လက်နက်ငယ်အချို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ‌ရေလယ်ကျွန်းတွင် မှုးယစ်‌ဆေးဝါးများကို နှစ်နိုင်ငံအတွင်းသို့ ‌ရောင်းဝယ်ဖြန့်ဖြူးရာ ‌နေရာတစ်ခုအဖြစ် လူသိများပြီး ကရင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်‌သော‌ကြောင့် လူငယ်များ၏ အနာဂတ်အတွက် ဝင်‌ရောက်စီးနင်း ဖမ်းဆီမှုမျိုးကို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ကိုယ်တိုင် ဦးစီးဝင်‌ရောက်ရှင်းလင်းခဲ့သူ ‌ကော့မှုးရာကရင်လူငယ်များ အဖွဲ့(အထူး‌ဒေသ)၏ ဥက္ကဌ ‌စောမို‌ရှေး က ‌ကေအိုင်စီသို့ ‌ပြောသည်။

“မှုးယစ်‌ဆေးဝါး ‌ရောင်းဝယ်ဖြန့်ဖြူးတယ်ဆိုတဲ့ သတင်းလည်း ရထားတာကြာပါပြီ။ ‌နောက်ပြီး ဒီမူးယစ်‌ဆေးဝါး ‌ရောင်းဝယ်မှု ကျယ်ပြန့်လာတဲ့အခါကျ‌တော့ လူငယ်‌တွေကို ပျက်စီး‌စေတယ်။ ကျ‌နော်တို့ ကရင်လူငယ်‌တွေကို အနာဂတ်မှာ တန်ဖိုးရှိတဲ့သူ ‌တွေဖြစ်‌အောင် မြှင့်တင်‌ပေးဖို့ဆိုတာ ကျ‌နော်တို့မှာ တာဝန်ရှိလို့ ဒီလိုလုပ်ရတာပါ” ဟု ‌စောမို‌ရှေးက ‌ပြောဆိုသည်။

ထိုသို့ ဝင်‌ရောက်စီးနင်းရာ၌ ကျွန်း‌ပေါ်တွင် မှုးယစ်‌ဆေးဝါး‌ရောင်းဝယ်သည်ဟု ယူဆရသူ မြန်မာနိုင်ငံသား အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၁ဦးကို ဖမ်းဆီးမိထားပြီး ရာဘ(‌ခေါ်) မြင်း‌ဆေး အလုံး‌ပေါင်း ၅,၀၀ဝ (ငါး‌ထောင်)၊ ‌ဆေး‌ခြောက် ၁ပိဿာခွဲ နှင့် M-16 တစ်လက်၊ ကိုးလုံးကျည်‌သေနတ် တစ်လက်၊ လက်လုပ်မိုင်း တစ်လုံးနှင့် လက်နက်ငယ် ၃လက် အပါအဝင် ခဲယမ်းမီး ‌ကျောက်များပါ သိမ်းဆည်းရထား‌ကြောင်း အဆိုပါ ‌ကော့မူးရာ ကရင်လူငယ်အဖွဲ့က ဆိုသည်။

‌ရေလယ်ကျွန်းကို ဝင်‌ရောက်စီးနင်းပြီး‌နောက် ယ‌နေ့နံနက် ၁ဝနာရီခန့်တွင် ထိုင်းရဲတာဝန်ရှိသူများနှင့်အတူ မြဝတီခရိုင်ရဲမှူးကြီး ဦး‌အောင်မြင့်ကိုယ်တိုင် လာ‌ရောက်ပြီး ဖမ်းဆီးရမိသူများနှင့် သက်‌သေခံပစ္စည်းများကို ရှာ‌ဖွေပုံစံဖြင့် လွဲ‌ပြောင်းသိမ်းဆည်း အ‌ရေးယူသွားမည် ဖြစ်သည်။

အဆိုပါ‌ရေလယ်ကျွန်းကို ဝင်‌ရောက်စီနင်းမှုပြုလုပ်‌နေစဉ် မြန်မာဘက်ခြမ်း မြဝတီမြို့နယ်အတွင်းရှိ နယ်ခြား‌စောင့်တပ်များ၊ ဒုစ ရိုက်နှိမ်နင်း‌ရေး ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့အဖွဲ့နှင့် ပူး‌ပေါင်းလို‌ကြောင်း ‌တောင်းဆိုမှုများရှိခဲ့သလို စီးနင်းရှင်းလင်းမှုအပြီးတွင် KNU/KNLA (ငြိမ်းချမ်း‌ရေး‌ကောင်စီ)တို့မှလည်း သွား‌ရောက်ကြည့်ရှု‌လေ့လာခဲ့သည်ဟု သိရသည်။

မြဝတီမြို့ခံတစ်ဦးက “ဒီ‌နေရာက ထိုင်းဘက်က‌ရော ကျ‌နော်တို့ ဗမာပြည် ဘက်ကပါ သိပ်ဝင်ကြတာ မဟုတ်ဘူး။ ဒီလိုရှင်းလင်း တာ အားလုံးအတွက် ‌ကောင်းတာ‌ပေါ့။ ဒါ‌ပေမဲ့ တနှစ်တခါ ဝင်တဲ့ပုံစံလိုမျိုး မဟုတ်ဘဲ မကြာမကြာ ဝင်ဝင်ရှင်း‌ပေးရင်‌တော့ ပို ‌ကောင်းမယ် ထင်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြဝတီမြို့နယ်ရှိ တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးချုပ်တင်‌မောင်ထွန်းကလည်း ဝင်‌ရောက်စီးနင်းရှာ‌ဖွေမှု ပြုလုပ်သူ ‌ကော့မှုးရာ ကရင်လူငယ် အဖွဲ့ဝင်များအား ‌နေ့လည်ဘက်တွင် အဆိုပါကျွန်းမှ ဖယ်ရှား‌ပေးရန် ညွန်ကြားခဲ့‌ကြောင်း သိရသည်။

အကျယ်အဝန်းအားဖြင့် ၃ဧကဝန်းကျင်ခန့်ရှိ‌သော ၎င်း‌ရေလယ်ကျွန်းကို ထိုင်းနှင့် မြန်မာတို့ သူပိုင်ကိုယ်ပိုင် အငြင်းပွားမှုများ ရှိခဲ့ ပြီး ယခုဖြစ်စဉ်‌နောက်ပိုင်း ထို‌ရေလယ်ကျွန်း‌နေရာကို ထိန်းချုပ်ထားမည်မဟုတ်ဘဲ ဆက်လက် ‌စောင့်ကြည့်ကာ ထိန်းသိမ်းလုပ် ‌ဆောင်သွားမည်ဖြစ်‌ကြောင်း ‌စောမို‌ရှေးက ‌ပြောကြားခဲ့သည်။