Home သတင်း မီး‌လောင်မှုဖြစ်ပွား၍ ကရင်နီ ဒုက္ခသည် ၄ဝဦး‌ကျော်‌သေ၊ ၂၀၀‌ကျော် ဒဏ်ရာရ

မီး‌လောင်မှုဖြစ်ပွား၍ ကရင်နီ ဒုက္ခသည် ၄ဝဦး‌ကျော်‌သေ၊ ၂၀၀‌ကျော် ဒဏ်ရာရ

1454
မတ်လ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

Karenni-Camp-after-burnt-Photo-TBCထိုင်း-မြန်မာနယ်စပ် မဲ‌ဟောင်‌ဆောင်ခရိုင်အတွင်းရှိ ကရင်နီ အမှတ်(၂)ဒုက္ခသည်စခန်းတွင် ယမန်‌နေ့ မွန်းလွဲ ၃နာရီ‌ကျော်မှ ည‌နေ ၅နာရီခွဲအထိ မီး‌လောင်မှုဖြစ်ပွား၍ လူ ၄၅ဦး ‌သေဆုံးပြီး ၂၀၀‌ကျော်ဒဏ်ရာရရှိကာ ‌ပျောက် ဆုံးသူများလည်း ရှိ‌နေသည်။

စတင် တည်‌တောင်လာသည့်အချိန်မှစ၍ ယခုအချိန်ထိ ဆိုးရွားသည့် အလားတူ မီး‌လောင်မှုမျိုး မဖြစ်ဖူးခဲ့သည့် ကရင်နီစခန်းသည် ယခုလို မီး‌လောင်မှု‌ကြောင့် ဒုက္ခသည် ၂၀၀၀‌ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရသလို ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ဒုက္ခသည် စခန်းများတွင် ဆယ်စုနှစ် ၂ခုအတွင်း လူ‌သေဆုံးမှု အများဆုံး မီး‌လောင်မှု ဖြစ်သည်။

မီး‌လောင်မှုသည် အမှတ်(၂) ကရင်နီဒုက္ခသည်စခန်း၏ ရပ်ကွက်(၁)တွင် ထမင်းချက်ရာမှ စတင် ‌လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းကြပြီး စခန်းတွင်းရှိ ရပ်ကွက်(၄)ခုစလုံးမှ အိမ်‌ခြေ ၄၂ဝ မီး‌လောင်သွားခဲ့သည်ဟု အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်သွား ‌ရောက်ခဲ့သူ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP မှ အတွင်း‌ရေးမှူး-၂ ဦး‌အောင်ဆန်းမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“မီး‌လောင်တာ‌တော့ ရပ်ကွက်(၁)က ထမင်းချက်ရာက‌နေ ‌လောင်တာလို့ ‌လော‌လောဆယ် သိရပါတယ်။ မီး‌လောင်တာ ‌ကျော် ကူးတဲ့အခါကျ‌တော့ သုံး‌လေး‌နေရာ‌လောက် ‌လောင်သွားတာ။ အိမ်‌တွေဟာ တစ်လုံးနဲ့တစ်လုံး ကပ်လျှက်ဖြစ်‌နေ‌တော့ မီး ‌လောင်တာ ‌တော်‌တော်မြန်တယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် မီး‌ဘေး‌ကြောင့် လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအား ၎င်းအမှတ်(၂)စခန်းအနီးရှိ မဲစရင်း ‌ချောင်းကမ်းပါးတွင် ယာယီ ‌နေရာချထားပြီး အ‌ရေး‌ပေါ် ကူညီမှုများအတွက် ထိုင်းအာဏာပိုင်များ အပါအဝင် ဒုက္ခသည်များကို ကူညီ‌ပေး‌နေ‌သောအဖွဲ့များ ဖြစ်သည့် TBBC, IRC နှင့် IOM တို့မှ လိုက်လံ‌ဆောင်ရွက်‌ပေးလျှက်ရှိသည်ဟု သိရသည်။

ဆက်လက်၍ ဦး‌အောင်ဆန်းမြင့်က “‌လော‌လောဆယ် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ‌တွေကို အ‌ရေး‌ပေါ် ကူညီမှု‌တွေ လုပ်‌ပေး‌နေပါ တယ်။ ဒဏ်ရာရတဲ့သူ‌တွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့ သုံး‌ယောက်ကို‌တော့ မဲ‌ဟောင်‌ဆောင်‌ဆေးရုံကို ပို့ထားပါတယ်”ဟု ဖြည့် စွက်‌ပြောဆိုသည်။

ကရင်နီအမှတ်(၂) ဒုက္ခသည်စခန်းကို ၁၉၉၂ခုနှစ်က စတင် တည်‌တောင်ခဲ့ပြီး လက်ရှိ ရပ်ကွက်‌ပေါင်း ၄ခုရှိကာ လူဦး‌ရေ ၃,၄၀ဝ (သုံး‌ထောင်‌လေးရာ)‌ကျော် အ‌ခြေချ‌နေထိုင်လျှက်ရှိကာ ၂၀၁၁ခုနှစ် မိုးရာသီအတွင်းက ‌တောင်ကမ်းပါးပြိုကျ၍ အိမ်‌ခြေပျက်စီးမှု များလည်း ရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၌လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင် အလား တူ မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်‌ခြေတစ်‌ထောင် မီးထဲပါသွားခဲ့သည်။

အဆိုပါ ‌လောင်ကျွမ်းသည့်မီးမှာ ယ‌နေ့မနက်ကျမှသာ ငြိမ်းသွားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ‌ပျောက်ဆုံးသူများကို ဆက်လက် ရှာ‌ဖွေ‌နေဆဲဖြစ်ရာ ‌သေဆုံးသူဦး‌ရေမှာ ထပ်မံ တိုးပွားလာဖွယ်ရှိသည်ဟု ‌စောင့်ကြည့်ကူညီသူများက ‌ပြောဆို‌နေကြသည်။