Home သတင်း ရွာ‌ပြောင်း‌ရွှေ့‌ရေးကိစ္စ ညှိနှိုင်းမှု မရှိပါက ချာခန်း‌ဒေသခံများ လက်မခံနိုင်

ရွာ‌ပြောင်း‌ရွှေ့‌ရေးကိစ္စ ညှိနှိုင်းမှု မရှိပါက ချာခန်း‌ဒေသခံများ လက်မခံနိုင်

1710
မတ်လ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ‌ရေဖြူမြို့နယ် ထိန်ကြီး‌ကျေးရွာအုပ်စု အတွင်းရှိ ထားဝယ်‌ရေနက်ဆိပ်ကမ်းစီမံကိန်း နယ်‌မြေ တွင် ပါဝင်‌နေသည့် ချာခန်း‌ဒေသကို ‌ပြောင်း‌ရွှေ့‌ပေးရန် သက်ဆိုင်ရာမှ ဖိအား‌ပေး ခိုင်း‌စေ‌နေ‌သော်လည်း ‌စေ့စပ် ညှိနှိုင်းမှု မရှိပါက ‌ပြောင်း‌ရွှေ့‌ပေးမည် မဟုတ်‌ကြောင်း ချာခန်း‌ဒေသခံများက ‌ပြောသည်။

ချာခန်း‌ဒေသသို့ သွား‌ရောက်‌လေ့လာခဲ့သည့် ထားဝယ်အမျိုးသမီးသမဂ္ဂမှ မလွင်လွင်က “အရင်တ‌ခေါက်တုန်းက ချာခန်းက လူတချို့ကို ၁ဝသိန်းနဲ့ ဆန်တစ်အိတ်စီ ‌လျှော်‌ကြေး‌ပေးလိုက်လို့ ‌ပြောင်းသွားတဲ့သူ‌တွေက‌တော့ ‌ပြောင်းသွားပြီ။ အခုအ‌ယောက် ၃၀‌လောက်က ကျန်‌နေ‌သေးတယ်။ သက်ဆိုင်ရာက သူတို့အ‌ပေါ် တန်ရာတန်‌ကြေး‌ပေးပြီး ညှိနှိုင်းမှ လက်ခံမယ်လို့‌တော့ ‌ပြော တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကျန်ရှိ‌နေ‌သေးသည့် ချာခန်း‌ဒေသခံများကို သက်ဆိုင်ရာများက ‌ပြောင်း‌ရွှေ့‌ပေးရန်သာ ဖိအား‌ပေး ခိုင်း‌စေ‌နေ‌သော် လည်း ယခုအချိန်အထိ ‌ဒေသခံများအား တစုံတရာ သွား‌ရောက်ညှိနှိုင်းခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

ထို့အပြင် ချာခန်း‌ဒေသခံများအ‌နေဖြင့် ‌နေရာမှ မဖယ်‌ပေးပါက ‌ကျေးရွာအက်ဥပ‌ဒေပုဒ်မ (၁၈)အရ ခွင့်ပြုချက်မရဘဲ ‌ကျေးရွာ သစ် (သို့မဟုတ်) အိမ်အစု အသစ်ဖွဲ့စည်း ‌ဆောက်လုပ်‌နေထိုင်ခြင်းများအား တားမြစ်ခြင်း၊ ပုဒ်မ (၁၉)အရ ရွာအပြင်တွင် အိမ် ‌ဆောက်‌နေထိုင်သူများအား အဆိုပါအိမ်များ ဖျက်သိမ်းရန် ညွှန်ကြားခွင့်ရှိသည်၊ မလိုက်နာသူကို ‌ကျေးရွာအက်ဥပ‌ဒေအရ တရားစွဲဆိုခွင့်ရှိသည် စသည့်ဥပ‌ဒေပုဒ်မများဖြင့် အ‌ရေးယူမည်ဟု ထိန်ကြီး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးလက်မှတ်ဖြင့် ယခုလ ၂ဝ ရက်‌နေ့က အမိန့်စာ ထုတ်ပြန်ထားသည်။

သို့‌သော် ချာခန်း‌ဒေသခံများက လက်ရှိ‌နေရာတွင် နှစ်‌ပေါင်း ၂ဝမှ ၃ဝအထိ လာ‌ရောက်‌နေထိုင်ခဲ့ကာ ဆားချက်လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများဖြင့် အသက်‌မွေး ဝမ်း‌ကြောင်းပြုကာ ရပ်တည်‌နေထိုင်နိုင်ကြပြီး ထို‌နေရာမှ ထွက်ခွာမည်ဆိုပါက များစွာ ဒုက္ခ‌ရောက်ကြမည်ဖြစ်‌ကြောင်း ‌ပြောသည်။

“‌ဒေသခံ‌တွေအ‌နေနဲ့က လုံးဝ မ‌ပြောင်း‌ပေးဘူးဆိုပြီး သ‌ဘောထားတာ‌တော့ မဟုတ်ဘူး။ သူတို့အ‌နေနဲ့ နစ်နာ‌ကြေး ကျပ်သိန်း ၂၀‌လောက်ရပြီး စီမံကိန်းနယ်‌မြေက‌နေ ဖယ်‌ပေးလိုက်ရတဲ့သူ‌တွေအတွက် ‌နေရာ‌ပေးတဲ့ ဘဝါမြို့သစ်မှာ အိမ်တစ်လုံး‌ပေးရင် ‌ကျေနပ်တယ် ဆိုတာမျိုးပါပဲ။ ဒါ‌ပေမယ့် သက်ဆိုင်ရာက ဖယ်‌ပေးရမယ်လို့သာ အမိန့်ထုတ်ပြန်ပြီး သူတို့နဲ့ သွားမညှိဘူး‌လေ”ဟု မလွင်လွင်က ဆက်လက်၍ ‌ပြောဆိုသည်။

ယခုနှစ် ဇန်နဝါရီလက တနသင်္ာရီတိုင်း၊ ‌ရေဖြူမြို့နယ်အတွင်းရှိ ‌ရေနက်ဆိပ်ကမ်း စီမံကိန်းနယ်‌မြေအတွင်း ပါဝင်‌နေသည့် ချာခန်း‌ကျေးရွာ၏ ‌ဒေသခံ‌နေအိမ်များကို အီတာလျံ-ထိုင်းဖွံ့ဖြိုးတိုးတက်မှု(ITD)ကုမ္ပဏီမှ ‌မြေထိုးစက်ကြီးများဖြင့် ထိုးလိုက်‌သော ‌ကြောင့် အိမ်‌ခြေ ၁၅အိမ်ဝန်းကျင်သာ ကျန်ရှိခဲ့ခြင်းဖြစ်သည်။

ထားဝယ်‌ရေနက်ဆိပ်ကမ်းတွင် (ITD) ကုမ္ပဏီက ထုတ်လုပ်မည့် မဂ္ဂါဝပ် ၃,၀၀ဝရှိ ‌ကျောက်မီး‌သွေး လျှပ်စစ်စွမ်းအင်စီမံကိန်း တွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင်ထုတ်လုပ်သည့် PTT ကုမ္ပဏီမှ အ‌မေရိကန်‌ဒေါ်လာ ၄သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်‌ကြောင်း သိရသည်။

၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၃ရက်‌နေ့တွင် ထိုင်းနိုင်ငံကို စတင် လည်ပတ်‌ရောက်ရှိသွားသည့် မြန်မာသမ္မတ ဦးသိန်းစိန်သည် ထိုင်း ဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာ ဝပ်နှင့် ‌တွေ့ဆုံကာ ထားဝယ်‌ရေနက် စီမံကိန်း အမြန်ပြီးစီး ‌အောင်မြင်နိုင်‌ရေးအတွက် တွန်းအား ‌ပေး ‌ဆောင်ရွက်သွားကြရန် နှစ်ဘက်သ‌ဘောတူညီမှု ရရှိခဲ့ပြီး‌နောက်ပိုင်းမှစ၍ ယခုအချိန်ထိ စီမံကိန်းကို အရှိန်မြှင့် လုပ်‌ဆောင် လာခဲ့သည်။