Home သတင်း ခ‌နောက်စိမ်းသန့်စင်စက်ရုံ တည်‌ဆောက်ရန် ထီလုံရွာခံ များနှင့် မြန်မာမဟာဓန ကုမ္ပဏီ ‌ဆွေး‌နွေး

ခ‌နောက်စိမ်းသန့်စင်စက်ရုံ တည်‌ဆောက်ရန် ထီလုံရွာခံ များနှင့် မြန်မာမဟာဓန ကုမ္ပဏီ ‌ဆွေး‌နွေး

2091
မတ်လ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

ကုမ္ပဏီမှ ထီလုံရွာသား များအား လာ‌ရောက်‌ဆွေး‌နွေး‌နေစဉ်
ကုမ္ပဏီမှ ထီလုံရွာသားများအား လာ‌ရောက်‌ဆွေး‌နွေး‌နေစဉ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ထီလုံ‌ကျေးရွာအနီးတွင် မြန်မာမဟာဓနကုမ္ပဏီမှ ခ‌နောက်စိမ်း သန့်စင်စက်ရုံ လာ‌ရောက် တည်‌ဆောက်ရန် ထီလုံရွာသူရွာသားများနှင့် ယမန်‌နေ့က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

ထီလုံ‌ကျေးရွာရှိ ပအိုဝ်းဓမ္မာရုံတွင် မတ်လ ၂၄ရက်‌နေ့တွင် မြန်မာမဟာဓနကုမ္ပဏီမှ ဥက္ကဌ ဦးတင်စိုးသည် ခ‌နောက်စိမ်း သန့်စင် စက်ရုံကို ‌ဒေသခံများ၏ ဆန္ဒသ‌ဘောနှင့်အညီ တည်‌ဆောက်သွားလိုပြီး သဘာဝပတ်ဝန်းကျင် မထိခိုက်‌အောင် ကြိုးပမ်း‌ဆောင် ရွက်သွားမည်ဟု ‌ဒေသခံများအား ‌ဆွေး‌နွေးပွဲတွင် ယခုလို ‌ပြောသည်။

“ခ‌နောက်စိမ်းသန့်စင်စက်ရုံကို သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့နည်းနဲ့ လုပ်‌ဆောင်သွားမယ်။ မီးနဲ့ အပူ‌ပေးတဲ့ နည်းစနစ် မဟုတ်ဘူး။ ဂျပန်နည်းစနစ်ပါ။ အသံ‌တောင် မထွက်ဘူး။ ‌ရေနဲ့ ‌ပေးပွပြီး သန့်စင်သွားမယ်။ စွန့်ပစ်ပစ္စည်းကို‌တော့ ကျ‌နော်တို့ အုတ်‌တွေ ပြန်လုပ်မယ်။ သုံးမယ့်‌ရေ‌တွေက‌တော့ ကန်ကြီး‌တွေနဲ့ ထားပြီး၊ သုံးပြီးတဲ့‌ရေ‌တွေကို ပြန်လည်သန့်စင်ပြီး အဲဒီ‌ရေ‌တွေ နဲ့ပဲ ပြန်အသုံးပြုမယ်”ဟု ဦးတင်စိုးက ‌ပြောသည်။

ထို့အပြင် ‌ဒေသခံအကျိုးစီပွားများ မထိခိုက်‌အောင် လုပ်‌ဆောင်သွားမည်ဖြစ်သလို ‌ဒေသခံများအတွက် အလုပ်အကိုင်များ ဖန် တီး‌ပေးမည့်အပြင် လျှပ်စစ်မီး၊ လမ်း၊ စာသင်‌ကျောင်းနှင့် ‌ဆေး‌ပေးခန်းများ စသည်တို့ကို အခမဲ့ ‌ဆောက်လုပ်‌ပေးသွားမည်ဟု ဦးတင်စိုးက ‌ပြောဆိုသွားခဲ့သည်။

သို့‌သော် ခ‌နောက်စိမ်းသန့်စင်စက်ရုံ တည်‌ဆောက်ခြင်းကိစ္စနှင့် ပတ်သက်၍ ‌ဒေသခံများက ၎င်းတို့အချင်းချင်းအကြား ပြန်လည် ‌ဆွေး‌နွေးရဦးမည်ဖြစ်‌ကြောင်းနှင့် ‌ဘေးထွက် ဆိုးကျိုးများ မရှိပါက ခွင့်ပြုသွားနိုင်‌ကြောင်း ကုမ္ပဏီ ဥက္ကဌနှင့် ‌ဒေသခံကိုယ်စား လက်ခံ‌တွေ့ဆုံခဲ့သူ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၏ ဥပ‌ဒေအကြံ‌ပေး ‌စောမင်း‌အောင်လင်း တို့အား တုံ့ပြန်‌ပြောဆိုသွားခဲ့သည်။

“ကျ‌နော်က‌တော့ ‌ဒေသခံ‌တွေ ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ‌ဒေသခံ‌တွေရဲ့ ဆန္ဒသ‌ဘောထား‌တွေကို လာပြီးနား‌ထောင်တာ ပါ။ ဒီစက်ရုံ‌ဆောက်ဖို့ ‌ဒေသခံ ခွင့်မပြုရင် ‌ဆောက်လို့မရဘူး။ ကျ‌နော့်အ‌နေနဲ့ ‌ဒေသခံ‌တွေရဲ့ အကျိုးစီးပွား မထိခိုက်‌အောင် ကုမ္ပ ဏီနဲ့ ‌ဒေသခံအကြား ဥပ‌ဒေအရ သ‌ဘောတူညီမှုစာချုပ် ချုပ်ဆို‌စေချင်တယ်”ဟု ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆန္ဒအမှတ် (၁)မှ လွှတ်‌တော်အမတ်လည်းဖြစ်သူ ‌စောမင်း‌အောင်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ခ‌နောက်စိမ်းသန့်စင်စက်ရုံတည်‌ဆောက်မည့် မြန်မာမဟာဓနကုမ္ပဏီသည် ဂျပန်နှင့် ထိုင်း နှစ်နိုင်ငံ ဖက်စပ်ကုမ္ပဏီကြီးဖြစ်ပြီး လက်ရှိ ပြည်နယ်အစိုးရထံသို့ ‌မြေဧက (၄၀) လုပ်ကိုင်ခွင့် ‌လျှောက်ထား‌ကြောင်း ‌စောမင်း‌အောင်လင်းက ‌ပြောသည်။