Home သတင်း လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်‌ကြောင်း KYO ထုတ်ပြန်

လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်‌ကြောင်း KYO ထုတ်ပြန်

2836
မတ်လ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

logo‌ကော်သူ‌လေ-ကရင်လူငယ်အစည်းအရုံး(KYO) သည် အမျိုးသား‌ရေးလုပ်‌ဆောင်ရာတွင် နိုင်ငံ‌ရေး၊ လူမှု‌ရေးလုပ် ငန်းများ လုပ်ကိုင်လျှက်ရှိပြီး လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်‌ကြောင်း ‌ကော်သူး‌လေ KYO က ယခု မတ်လ ၂၅ရက် ‌နေ့က ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၂ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့် မဲ‌ဆောက်မြို့အကြား ‌သောင်းရင်းမြစ်အတွင်းရှိ မူးယစ်‌ဆေး ‌ရောင်းဝယ်မှုမျာရှိ‌နေသည့် ‌ရေလယ်ကျွန်း ကို ‌ကော့မှုးရာ ရင်လူငယ်များအဖွဲ့မှ လက်နက်အပြည့် အစုံဖြင့် ဝင်‌ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီး‌နောက် ‌ကော်သူး‌လေ KYO အ‌နေဖြင့် ယခုလို ‌ကြေညာချက် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

‌ကော်သူး‌လေ KYO တွဲဖက်အတွင်း‌ရေးမှူ(၁) ‌စောဂျက်ပစီက “အဓိက‌တော့ ကျ‌နော်တို့အဖွဲ့ရဲ့ လုပ်‌ဆောင်မှု ‌တွေကို ထင်သာမြင်သာရှိ ‌စေချင်တယ်။ ‌ကော့မှုးရာ ကရင်လူငယ် အဖွဲ့နဲ့ ကျ‌နော်တို့ကို အတူတူထင်သွားမှာ စိုးလို့ပါ။ ‌ရေလယ်ကျွန်းမှာ မူးယစ်‌ဆေးဝါး သွားတုန်းက ‌ကော့မှုးရာက ယူနီ‌ဖောင်း‌တွေနဲ့လက်နက်‌တွေ ပါသွား တယ်။ ကျ‌နော်တို့ ‌ကော်သူး‌လေ KYO က‌တော့ လက်နက်ကိုင်အဖွဲ့ မဟုတ်ပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာတချို့မှာ ‌ကော့မှုးရာ ကရင်လူငယ်အဖွဲ့အစည်းဟု မသုံးစွဲဘဲ ကရင် လူငယ်အဖွဲ့အစည်းဟု ‌ရေးသားသည့်အ‌ပေါ် ‌ဖြေရှင်းသည့်အ‌နေဖြင့် ‌ကော်သူး‌လေ KYO ဘက်မှ ထိုသို့ ‌ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်‌ကြောင်းလည်း ‌စောဂျက်ပစီက ဆက်‌ပြောသည်။

‌ကော်သူး‌လေ KYO သည် စတင်ဖွဲ့စည်းခဲ့ချိန်မှ ယ‌နေ့အထိ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ အစည်းအရုံး၏ အဓိက ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များတွင် လက်နက်ကိုင်‌ဆောင်၍ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရ‌သော လှုပ်ရှား မှုများ လုံးဝမပါရှိ‌ကြောင်းလည်း မတ်လ ၂၅ရက်‌နေ့က ထုတ်ပြန်သည့် ၎င်း‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ကရင်လူငယ်အစည်းအရုံးအတွင်းရှိ အဆင့်ဆင့်‌သောဖွဲ့စည်းတည်‌ဆောက်ပုံ၊အစုအဖွဲ့များ၏ ‌ဆောင် ရွက်လှုပ်ရှာမှုများသည် ကရင်လူငယ်များ၏ အကျင့်စာရိတ္တမြှင့်မား‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ဖွံ့ဖြိုးတိုးတက် ‌ရေး၊ ရိုးရာယဉ်‌ကျေးမှု ရှာ‌ဖွေ‌ဖော်ထုတ်ထိန်းသိမ်းကာကွယ်‌ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက် ‌ရေးနှင့် မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး စသည့်လုပ်ငန်းများကို အခြားအဖွဲ့အစည်းများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်‌နေ ‌ကြောင်းလည်း ‌ကြေညာချက်၌ ထည့်သွင်း‌ရေးသားထားသည်။

‌စောဂျက်ပစီက “ဒီလိုမျိုး ‌ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြင့် ကျ‌နော်တို့က ‌ကော့မှုးရာကရင်လူငယ်အဖွဲ့နဲ့ ပူး‌ပေါင်းလုပ်‌ဆောင်တာ မရှိဘူးဆိုတာမျိုး‌တော့ မဟုတ်ပါဘူး။ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးနဲ့ တခြားပူး‌ပေါင်း လုပ်‌ဆောင်တာ‌တွေ ‌ကောရှိပါတယ်”ဟု ‌ပြောသည်။

‌ကော်သူး‌လေ KYO သည် ကရင်လူင်ထုတစ်ရပ်လုံး၏ လူမှု‌ရေး၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘတ်စုံဖွံ့ဖြိုးတိုးတက် ‌ရေးကို ‌ရှေးရှု၍ ၁၉၈၉ခုနှစ်၊ ‌မေလ ၂၃ရက်‌နေ့က ကရင်ပြည်နယ်အတွင်းတွင် စတင်ဖွဲ့စည်းခဲ့ဖြစ်ပြီး ကရင်အမျိုး သားအစည်းအရုံး-KNU ၏ လက်‌အောက်ခံနိုင်ငံ‌ရေးအဖွဲ့တစ်ခုဖြစ်သည်။