Home သတင်း BGF နှင့် ရဲအဖွဲ့များ ပူး‌ပေါင်း ၍ မြဝတီမြို့တွင် မူးယစ်‌ဆေး‌ရောင်းဝယ်သူ ၄ဦးကို ဖမ်းဆီး

BGF နှင့် ရဲအဖွဲ့များ ပူး‌ပေါင်း ၍ မြဝတီမြို့တွင် မူးယစ်‌ဆေး‌ရောင်းဝယ်သူ ၄ဦးကို ဖမ်းဆီး

1557
မတ်လ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

နယ်ခြား‌စောင့် တပ်-BGF နှင့် သက်ဆိုင်ရာ ရဲအဖွဲ့များပူး‌ပေါင်း၍ ရာဘ (‌ခေါ်) မြင်း‌ဆေး‌ရောင်းဝယ်သူ ၄ ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ စိုက်ပျိုး‌ရေးဇုံတွင် ယမန် ‌နေ့ မတ်လ ၂၆ရက်‌နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

BGF (၁၀၁၁)တပ်ရင်းမှ ဗိုလ်ကြီး ဆန်း‌ကျော် ဦးစီးသည့် အင်အား ၂ဝ နှင့် မြဝတီမြို့နယ် မူးယစ်နှိမ်နင်း‌ရေး အဖွဲ့၊ နယ်ထိန်းမြို့နယ်ဦးစီး ရဲများပူး‌ပေါင်းပြီး အဆိုပါ မူးယစ်‌ဆေး‌ရောင်းဝယ်သူတို့ကို ရာဘ‌ဆေးပြား ‌လေး‌ထောင်‌ကျော်အပါအဝင် ကျပ်‌ငွေ ၁၃သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့ရှိ သက်ဆိုင်ရာ အာဏာပိုင်များက ‌ပြောသည်။

ဖမ်းဆီးနှိမ်နင်းမှုတွင် ပါဝင်သည့် မြဝတီရဲအရာရှိတစ်ဦးက “ဖမ်းဆီးခံရတဲ့သူ‌တွေဟာ နှစ်‌နေရာပါ။ ပထမ ‌နေရာက‌တော့ မူးယစ်‌ဆေး ၂၂၃ ပြားနဲ့ ‌ယောက်ျား ၂‌ယောက်ကို ဖမ်းမိပါတယ်။ သူတို့ထပ်‌မေးတဲ့အခါ သူတို့ ‌ဆေးသွားဝယ်တဲ့‌နေရာ ‌ပြောပြ‌တော့ ကျ‌နော်တို့ အဲဒီ‌နေရာကို သွား‌တော့ မူးယစ်‌ဆေး ၃၉၂၇ ပြား၊ ကျပ်‌ငွေ ၁၃သိန်းနဲ့အတူ ‌ယောက်ျားနှစ်‌ယောက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ရဲအရာရှိက အဖမ်းခံရသူတို့သည် သန်းနိုင် (‌ခေါ်) ‌မောင်ကြီး (၂၆)နှစ်၊ ‌အောင်ဒိန်း(၅၁နှစ်)၊ ဦးတင်‌အေး (၅၀)နှစ်နှင့် ဦးခင်ဆန်း (၄၄)နှစ်တို့ဖြစ်ပြီး လက်ရှိ ၎င်းတို့ကို မြဝတီ ရဲစခန်းတွင် ထိန်းသိမ်းထားကာ မူးယစ်‌ဆေးဝါး ပုဒ်မတို့ဖြင့် အ‌ရေးယူထားသည်ဟု ‌ပြောဆိုသည်။

BGF နှင့် နီးစပ်သူတစ်ဦးကလည်း “အခုလို BGF နဲ့ ရဲ‌တွေ ပူးတွဲပြီး ဒီလို မူးယစ်‌ဆေး‌ရောင်းဝယ်သူ‌တွေကို ဖမ်းတာ သိပ်‌ကောင်းတယ်။ ‌ရှေ့ဆက်ပြီး‌တော့ သူတို့‌တွေ အတူအလုပ်လုပ်သွားဖို့ ရှိပါတယ်”ဟု ဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရဲအဖွဲ့များနှင့် BGF တို့ ပူး‌ပေါင်း၍ မူးယစ်‌ဆေး‌ရောင်းဝယ်သူများကို ဖမ်းဆီး သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

ယခုလ မတ်လ ၂၂ရက်‌နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့် မဲ‌ဆောက်မြို့အကြား ‌သောင်းရင်းမြစ် အတွင်းရှိ မူးယစ်‌ဆေး ‌ရောင်းဝယ်မှုမျာရှိ‌နေသည့် ‌ရေလယ်ကျွန်းကို ‌ကော့မှုးရာ ရင်လူငယ်များအဖွဲ့မှ လက်နက် အပြည့်အစုံဖြင့် ဝင်‌ရောက်စီးနင်းမှု ပြုလုပ်ခဲ့‌သေးသည်။