Home သတင်း လက်ပံ‌တောင်း‌တောင်သပိတ် စခန်း အကြမ်းဖက်ဖြိုခွဲခံခဲ့ရမှု ၄လပြည့် ရန်ကုန်တွင် ဆန္ဒပြ

လက်ပံ‌တောင်း‌တောင်သပိတ် စခန်း အကြမ်းဖက်ဖြိုခွဲခံခဲ့ရမှု ၄လပြည့် ရန်ကုန်တွင် ဆန္ဒပြ

1744
မတ်လ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

IMG_6106မြန်မာနိုင်ငံတွင် တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် လက်ပံ‌တောင်း‌တောင်‌ကြေးနီစီမံကိန်း ဖြိုခွဲခံခဲ့ရမှု ၄လပြည့်သည့် ယ‌နေ့တွင် အကြမ်းဖက်ဖြိုခွဲခဲ့သူအား အစိုးရမှ အမြန်ဆုံးအ‌ရေးယူ‌ပေးရန် ပြည်တွင်းလူမှုအဖွဲ့ အစည်းများ စု‌ပေါင်းပြီး ရန်ကုန်မြို့တွင် ဆန္ဒထုတ်‌ဖော် ခဲ့ကြသည်။

သံဃာ‌တော်များ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများ၊ ရန်ကုန်မြို့ခံများစသည့် လူဦး‌ရေ ၃ဝခန့်က ရန်ကုန်တိုင်း ‌ဒေသကြီး၊ ဆူး‌လေဘုရားအနီးရှိ မဟာဗန္ဓုလပန်းခြံ‌ရှေ့တွင် စု‌ဝေးကြပြီး ည‌နေ ၄နာရီအချိန်မှစ၍ ဆူး‌လေ ဘုရားကို ‌လေးပတ်ပတ်ကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်းဖြစ်ပြီး ည‌နေ ၆နာရီအချိန်တွင် ပြီးဆုံးသွားခဲ့‌ကြောင်း သိရသည်။

ယ‌နေ့ဆန္ဒထုတ်‌ဖော်မှုတွင် ပါဝင်သည့် ငြိမ်းချမ်း‌ရေးကွန်ရတ်မှ ကိုမိုး‌သွေးက “လက်ပံ‌တောင်း‌တောင်သပိတ် စခန်းမှာ ဆန္ဒပြခဲ့ကြတဲ့ပြည်သူ‌တွေနဲ့ သံဃာ‌တော်‌တွေကို အစိုးရတာဝန်ရှိတဲ့သူ‌တွေက မီး‌လောင်ဗုံး‌တွေသုံးပြီး ‌တော့ ရက်ရက်စက်စက်ဖြိုခွင်းခဲ့တာဒီ‌နေ့မှာ ၄လတိတိပြည့်ခဲ့ပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး‌တော့ အကြမ်းဖက်ဖြိုခွဲခဲ့ တဲ့ ကိစ္စမှာ တာဝန်ရှိတဲ့ ပုဂိ္ဂုလ်ကို အမြန်ဆုံး‌ဖော်ထုတ်အ‌ရေးယူ‌ပေးဖို့ လက်ရှိအစိုးရနဲ့ သမ္မတကို ဆန္ဒပြ‌တောင်းဆို‌နေကြတာ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်‌နေ့က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပန်း‌တောင်း‌တောင် ‌ကြေးနီ စီမံကိန်းရပ်ဆိုင်း‌ရေးအတွက် ဖွင့်လှစ်ထားသည့် သပိတ်စခန်းများကို အစိုးရရဲတပ်ဖွဲ့မှ အကြမ်းဖက်တိုက်ခိုက်ခဲ့ မှု‌ကြောင့် ရဟန်းသံဃာ‌တော်များအပါအဝင် လူ‌ပေါင်းရာနှင့် ချီထိခိုက်ဒဏ် ရာရရှိခဲ့ကြသည်။