Home လူထုအသံ ပေးစာကဏ္ဍ ဘုရားသုံးဆူမှာ ဘာလုပ်ဖို့ ရဲ‌တွေ ထားလဲ (‌ပေးစာကဏ္ဍ)

ဘုရားသုံးဆူမှာ ဘာလုပ်ဖို့ ရဲ‌တွေ ထားလဲ (‌ပေးစာကဏ္ဍ)

2637

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၂)ပိုင် တပ်ကုန်း‌မြေမှာ ‌နေထိုင်တဲ့ အသက် ၂၁နှစ်အရွယ် မိန်းက ‌လေးတစ်ဦးကို အသက် (၅၀)‌ကျော်အရွယ် ဦးဟန်စိန်ဆိုသူ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့ တစ်အမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်က‌တော့ မတ်လ ၂၇ရက်‌နေ့၊ မနက် ၆နာရီအချိန်က အိမ်ထဲက ‌ခြေ ‌ထောင်ထဲမှာ အိပ်‌နေတဲ့ အဲဒီအမျိုးသမီးငယ်‌လေးကို ဦးဟန်စိန်က အဓမ္မကျင့်ဖို့ ကြိုးစားခဲ့တဲ့ အမှုတစ်ခု ဖြစ်ပွား ခဲ့ ဖြစ်ပါတယ်။ မိန်းက‌လေးက ‌အော်လို့ ပထမမှာ အဘိုးဖြစ်သူ‌ရောက်လာပြီး ‌နောက်ဆုံး အနီးအနားအိမ်က လူ‌တွေ အများကြီး ‌ရောက်လာတဲ့အတွက် မုဒိမ်းမှု‌တော့ အထမ‌မြောက်ခဲ့ပါဘူး။ ဒါ‌ပေမယ့် အဓမ္မကျင့်ကြံတာပါပဲ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်ကွက်က တာဝန်ရှိသူ‌တွေကို အဆင့်ဆင့် တိုင်ကြားခဲ့‌ပေမယ့် အ‌ကြောင်း မထူးခဲ့ပါဘူး။ ‌နောက်ဆုံး‌တော့ အမှုကို ကိုင်တွယ်ဖို့ ဘုရားသုံးဆူမြို့က ရဲစခန်းကို သွား‌ရောက်တိုင်ကြားပြီး အမှုဖွင့်ခဲ့ပါတယ်။ သွားတိုင်တဲ့အချိန်မှာ တာဝန်ကျတဲ့ ရဲက အဆင့်က‌တော့ ကြယ်တပွင့်ပါ။ သူ့ကို ဗိုလ်‌လေး ‌အောင်ဝင်းထိုက်လို့ ‌ခေါ်ကြပါတယ်။ သူ့ကို မိန်းက‌လေးရဲ့ ဖြစ်စဉ်အားလုံးကို မိဘ‌တွေက အကုန်လုံး ရှင်းပြလိုက်ပါတယ်။ သူက လည်း တရားခံကို ‌ခေါ်ပြီးရင် မိန်းခ‌လေးရဲ့မိဘ‌တွေကို ‌ခေါ်ပါ့မယ်ဆိုပြီး ခဏအိမ်ပြန်ခိုင်းလိုက်တယ်။

အဲဒီ‌နေ့ မနက် ၁၁နာရီ‌လောက်မှာ သွားပြန်‌မေးကြည့်တဲ့အခါ ဗိုလ်‌လေး ‌အောင်ဝင်းထိုက်က ဒီကိစ္စဟာ မုဒိမ်းမှု မ‌မြောက်တဲ့အခါကျ‌တော့ လုပ်‌ပေးရမှာ ဂွကျတယ်လို့ ‌ပြောတယ်။ တကယ်ဆိုရင် ဒီကိစ္စကို အ‌ရေးယူဖို့ အိမ် တက်မှုတို့၊ ပိုင်နက်ကျူးလွန်မှုတို့၊ အဓမ္မကျင့်ကြံမှုတို့နဲ့ တရားဥပ‌ဒေမှာ မရှိဘူးလား‌ပေါ့။ ‌နောက်ပြီး‌တော့ ဒီကိစ္စ ကို ထပ်‌ဖြေရှင်းဖို့ မတ်လ ၂၈ရက်‌နေ့မှာ ဘုရားသုံးဆူမြို့နယ်မှူး ဦးတင်‌မောင်နိုင်ကို တပ်ကုန်းတာဝန်ရှိသူ တစ်‌ယောက်က သွားတင်ပြတယ်။ တင်ပြ‌တော့ သူက ဘုရားသုံးဆူမှာဖြစ်တဲ့ ဘယ်အမှုပဲဖြစ်ဖြစ် ကြာအင်းဆိပ် ကြီးရဲက ညွှန်ကြားမှ လုပ်ခွင့်ရှိတယ်လို့ ပြန်‌ပြောတယ်။

ဒါဆိုရင် ဘုရာသုံးဆူမှာ ရဲ‌တွေထားတာ ဘာလုပ်ဖို့လဲ‌ပေါ့။ အခုဖြစ်သွားတဲ့ ကိစ္စအ‌ပေါ်မှာ မိန်းက‌လေး ကိုယ်တိုင်နဲ့ သူ့ရဲ့ မိဘ‌တွေက‌တော့ ဥပ‌ဒေအတိုင်း ‌ဆောင်ရွက်သွားချင်တယ်။

လက်ရှိ အဆိုးဆုံးက‌တော့ ဦးဟန်စိန်ဟာ မိန်းက‌လေးကို အဓမ္မပြုကျင့်ဖို့ ကြိုစားခဲ့တဲ့ အချိန်တုန်းက အဲဒီမိန်းက ‌လေးအိမ်မှာ ကျန်ခဲ့တဲ့ သူ့ရဲ့ ဖိနပ်တစ်ရံ၊ ‌ဆေးလိပ်၊ မီးခြစ်၊ ဆူပါ‌ကော်ဖီနဲ့ ဘာဒီထုတ်‌တွေကို ခုထိ ဘုရားသုံးဆူ ရဲ‌တွေက သွား‌ရောက်စစ်‌ဆေးတာ မရှိ‌သေးဘူး။ ‌နောက်ပြီး လက်ရှိအချိန်မှာ ဦးဟန်စိန်ဟာ သူ့‌နေအိမ်ကို ခုထိ ပြန်မလာ‌သေးဘဲ ‌ရှောင်တိမ်း‌နေပါတယ်။ ဒီကိစ္စဖြစ်သွားတာနဲ့ပတ်သက်ပြီး ဘုရားသုံးဆူ တပ်ကုန်းမှာ‌နေထိုင် တဲ့ လူထု‌တွေရဲ့ မျက်မြင်သက်‌သေ အခိုင်အမာရှိတယ်။ အားလုံးကလည်း ဒီအမှုကို ‌ဖြေရှင်းမ‌ပေးတဲ့အ‌ပေါ် မ‌ကျေနပ်ကြဘူး။ ဒါ‌ကြောင့် တာဝန်သိပြည်သူ တစ်ဦးအ‌နေနဲ့ ဒီကိစ္စကို အများသိ‌အောင် ‌ကေအိုင်စီ သတင်းဌာနက‌နေတဆင့် ကူညီ‌ပေးပါလို့ ကျမ အသိ‌ပေး အ‌ကြောင်းလိုက်ရတာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ အဓမ္မပြုကျင့်ကြိုးစားခံရတဲ့ မိန်းက‌လေးနဲ့ သူ့ရဲ့ မိဘနာမည်‌တွေကို သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ လုံခြုံ‌ရေး‌ကြောင့် ကျမ ထည့်မ‌ဖော်ပြထားပါဘူး။

ဘုရားသုံးဆူ မြို့ခံတစ်ဦး
မတ်လ ၃ဝရက်၊ ၂၀၁၃ခုနှစ်။