Home သတင်း ဖားအံမြို့နယ်အတွင်းဘိလပ်‌မြေ စက်ရုံသစ်များမ‌ဆောက်လုပ်ရန် ‌ဒေ သခံ များဌာနဆိုင်များသို့ တင်ပြမည်

ဖားအံမြို့နယ်အတွင်းဘိလပ်‌မြေ စက်ရုံသစ်များမ‌ဆောက်လုပ်ရန် ‌ဒေ သခံ များဌာနဆိုင်များသို့ တင်ပြမည်

1587
ဧပြီလ၃ရက်၊၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ဖားအံမြို့နယ်အတွင်း ဘိလပ်‌မြေ စက်ရုံသစ်များ တည်‌ဆောက်လာပါက ‌ဒေသခံများ အတွက် စားဝတ်‌နေ‌ရေးအပြင် သဘာဝပတ်ဝန်းကျင် များကို ပါထိခိုက်လာနိုင်သဖြင့် ထပ်မ‌ဆောက်လုပ် ကြရန် ‌ဒေသခံများ အ‌နေဖြင့်သက်ဆိုင်ရာဌာနများသို့ တင်ပြမည်ဟု ‌ဒေသခံများ၏‌ပြောပြချက်အရ သိရသည်။

“အစိုးရဘက်ပိုင်းကတာဝန်ရှိတဲ့သက်ဆိုင်ရာ ဌာနအသီးသီးကိုတင်ပြမှာပါ။ KNU ဘက်ကိုလည်းအကူအညီ‌တောင်းဖို့အတွက် စီစဉ်ထားပါတယ်။ ရှိပြီးသားဘိလပ်‌မြေစက်ရုံ‌တွေကို ရပ်ဆိုင်းဖို့မဟုတ်ပါဘူး။ ဆက်လုပ်ကြပါ။ ဒါ‌ပေမယ့်စက်ရုံသစ်‌တွေ‌တော့ ဆက်မ‌ဆောက်‌စေချင်‌တော့ပါဘူး။”ဟုဘားအံမြို့နယ် ပရင်းကုန်း‌ကျေးရွာ ‌ကျောင်းထိုင် ဆရာ‌တော် ဦးဝီရိယ က ‌ကေအိုင်စီကို မိန့်ကြားသည်။

စိုးနိုင်ထွန်းကုမ္ပဏီကတန်ချိန်၁၀၀၀ဝခန့် ထုတ်နိုင်မည့်ဘိလပ်‌မြေစက်ရုံသစ် တည်‌ဆောက်ရန်အတွက် ဘားအံမြို့နယ်အတွင်းရှိ‌လေထီး‌တောင်နှင့် လှိုင်းတွန့်‌တောင်များကိုကုန်ကြမ်းအဖြစ် အသုံးပြုရန်လျာထားပြီးအဆိုပါ ‌တောင်များ၏အနီးတဝိုက်တွင် ပရင်းကုန်း၊ နတ်ကုန်း၊ ရ‌သေ့ပျံ၊ ‌ကော့ရင်း၊ ပန်းကုန်းစသည့်‌ကျေးရွာများ တည်ရှိရာရွာသူရွာသားအများစုသည် ‌တောင်နှင့်‌တောင်‌ခြေရှိ လယ်‌မြေများကိုအဓိကမှီခိုလုပ်ကိုင် အသက်‌မွေးဝမ်း‌ကြောင်းပြုကြသည်ဟု သိရသည်။

“‌ဒေသခံရွာသား‌တွေဟာ ဒီ‌တောင်‌တွေစားကျက်‌မြေ‌တွေလယ်‌မြေ‌တွေနဲ့ စားဝတ်‌နေ‌ရေးအတွက် မှီခို‌နေကြရတာဖြစ်တယ်။ စက်ရုံ‌တွေလာ‌ဆောက်မယ်ဆိုရင် ‌တောင်‌တွေ‌ပျောက်မယ်။ လယ်‌တွေရှုံးမယ်။ ‌ဒေသခံ‌တွေစားဝတ်‌နေ‌ရေး ခက်ခဲပြီးဒုက္ခ‌ရောက်နိုင်ပါတယ်။”ဟုအဆိုပါဆရာ‌တော်က ဆက်လက်မိန့်ကြားသည်။

စက်ရုံ‌ဟောင်းဖြစ်‌သောအမှတ် (၂) မြိုင်က‌လေးဘိလပ်‌မြေစက်ရုံ တည်‌ဆောက်စဉ်ကလည်း‌ကျေးရွာပိုင် စားကျက်‌မြေများဆုံးရှုံးခဲ့ရသည့်အပြင် စက်ရုံအနီးရှိလှာကာရွာမှ အိမ်များထဲတွင်လည်းဖုန်မှုန့်များ ‌နေ့စဉ်ဝင်‌ရောက်‌နေသဖြင့် ရွာသူရွာသားအချို့တွင်အသက်ရှူလမ်း‌ကြောင်းနှင့် ဆိုင်သည့်‌ရောဂါမျိုးဖြစ်‌နေသည်ကို ‌တွေ့ရှိရ‌ကြောင်းဘားအံမြို့သူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့မှ ဦး‌ဆောင်သူ‌နော်‌လော်သု‌လော်သာက ဆိုသည်။

“လှာကာရွာကလူ‌တွေဆိုရင်လည်း အသက်ရှုလမ်း‌ကြောင်းလို‌ရောဂါမျိုး‌တွေ ‌တွေ့‌နေရပါတယ်။ ‌ရေ‌မြောင်းတစ်ခု တူးထားတာရှိပါ‌သေးတယ်။ စစချင်းတူးတုန်းက ၁၀‌ပေ‌ကျော်‌လောက်ဘဲရှိပါတယ်။ အခုဆို‌ပေ၄ဝနီးပါးရှိ‌နေပါတယ်။ ဒီ‌မြောင်းထဲကိုဘယ်လို‌ရေ‌တေ ွစွန့်ပစ်သလဲ‌တော့မသိပါဘူး။ ‌မြောင်း‌ရေနဲ့ထိမိရင်ယားပြီးအဖု‌တွေ ထွက်လာပါတယ်။ ပညာရှင်‌တွေ လာ‌ရောက်စစ်‌ဆေး‌ပေးရင်‌ကောင်းမယ်။” ဟုသူမက ရှင်းပြသွားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုအလုပ်အမှု‌ဆောင်ဝင် တစ်ဦးဖြစ်‌သော ‌စောသမိန်ထွန်းကထိုကဲ့သို့ ‌ဒေသခံများ၏ ထိခိုက်နစ်နာမှုများနှင့် ပက်သက်၍ KNU ဆက်ဆံ‌ရေးရုံးများသို့ တင်ပြအကူအညီ‌တောင်းခံနိုင်‌ကြောင်း မိမိတို့ဘက်မှ ကူညီ‌ဆောင်ရွက်‌ပေးသွားမည်ဖြစ်‌ကြောင်း ဆိုသည်။

ဘိလပ်‌မြေစက်ရုံသစ် တည်‌ဆောက်ရန်ကိစ္စနှင့် ပတ်သက်၍စိုးနိုင်ထွန်းကုမ္မဏီသို့ ဆက်သွယ်‌မေးမြန်းရာ လက်‌ထောက်မန်‌နေဂျာ ‌ဒေါ်‌ကေသွယ်‌အောင်မှ အထက်လူကြီးများအား ‌မေးမြန်းပြီးမှသာပြန်လည်‌ဖြေကြားမည်ဟု ဆိုသည်။