Home သတင်း ကရင်ပြည်နယ်တွင်ဘိလပ်‌မြေစက်ရုံ သစ် တည်‌ဆောက်ရန် ကိစ္စပြည် နယ် ဝန်ကြီးများနှင့် လွတ်‌တော်အမတ် များ က‌ဒေသခံ များနှင့် သွား‌ရောက် ‌ဆွေး‌နွေး

ကရင်ပြည်နယ်တွင်ဘိလပ်‌မြေစက်ရုံ သစ် တည်‌ဆောက်ရန် ကိစ္စပြည် နယ် ဝန်ကြီးများနှင့် လွတ်‌တော်အမတ် များ က‌ဒေသခံ များနှင့် သွား‌ရောက် ‌ဆွေး‌နွေး

1783
ဧပြီလ၅ရက်၊၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း၊ (‌ကေအိုင်စီ)

0
ကရင်ပြည်နယ်တွင် ဘိလပ်‌မြေစက်ရုံသစ်တည်‌ဆောက် မည့်ဖားအံမြို့နယ်၊ မိကရင်‌ကျေးရွာအုပ်စုအတွင်း သို့ ‌ဒေသခံများ၏သ‌ဘောထားများကို သိရှိရန်နှင့် ‌ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိသိရှိရန်ပြည်နယ်ဝန်ကြီးများနှင့် လွတ်‌တော်အမတ်များက ကွင်းဆင်း‌လေ့လာမှုများ လုပ်‌ဆောင်ခဲ့ပြီး‌ဒေသခံလူထုများနှင့် သွား‌ရောက်‌တွေ့ဆုံ ခဲ့သည်ဟု သိရသည်။

ထိုသို့ကွင်းဆင်း‌လေ့လာရာတွင်ပြည်နယ် ကွင်းဆင်းစစ်‌ဆေး‌ရေးအဖွဲ့‌ခေါင်း‌ဆောင်ပြည်နယ်သစ်‌တောနှင့် သတ္တုဝန်ကြီးဦး‌စောဆာ‌လောလက ဦး‌ဆောင်ပြီးပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်းကြီးဦး‌စောကြည်လင်း၊ ပြည်နယ်လွတ်‌တော်ကိုယ်စားလှယ် ‌စောမင်း‌အောင်လင်း၊ ပြည်နယ် ‌မြေစာရင်း ဦးစီးဌာနမှူးဦးနိုင်‌အောင်၊ ပြည်နယ်ကျန်းမာ‌ရေး ဦးစီးဌာနမှူး ‌ဒေါက်တာဝင်းနိုင်နှင့်ပြည်နယ်စည်ပင်ညွန်ကြား‌ရေးမှူး ဦးမျိုးကြည်၊ ဘားအံ ခရိုင်အုပ်ချုပ်‌ရေးမှူးဦးရဲနိုင်နှင့် မြို့မိမြို့ဖများကမိကရင် ‌ကျေးရွာသို့ဧပြီလ၂ရက်‌နေ့က မနက်ပိုင်းတွင်သွား‌ရောက်ပြီး‌ဒေသခံများအတွက် အကျိုးသက်‌ရောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများရှိမရှိကို ကွင်းဆင်းစစ်‌ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်‌ဆေး‌ရေးအဖွဲ့ဝင်ပြည်နယ်လွတ်‌တော် ကိုယ်စားလှယ်‌စောမင်း‌အောင်လင်းက“ကျ‌နော်တို့၂-၄-၂၀၁၃မိကရင်ရွာကို သွား‌ရောက် ကွင်းဆင်းတယ်။ ဘိလပ်‌မြေစက်ရုံသစ်တည်‌ဆောက်ဖို့အ‌ကြောင်းကို ‌ဒေသခံ‌တွေရဲ့သ‌ဘောထားများကို ‌ဆွေး‌နွေး‌မေးမြန်းပါတယ်။ ‌ဒေသခံတစ်ချို့က လက်ခံတယ်။ တစ်ချို့က‌တော့ လက်မခံဘူး‌လေ။ ပြီး‌တော့စက်ရုံတည်‌ဆောက်ဖို့ပါသွားတဲ့ လယ်‌မြေများ၊ ဥယျဉ်ခြံများအတွက် ‌လျှော်‌ကြေး‌ငွေ‌တွေလည်း ‌ဆွေး‌နွေး ညျိနှိုင်းကြပါ တယ်။”ဟု‌ကေအိုင်စီ သို့ ‌ပြောသည်။

ပြည်နယ်တာဝန်ရှိသူများအ‌နေဖြင့် ယခုကွင်းဆင်း‌လေ့လာမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီးအဆိုပါကိစ္စနှင့် ပတ်သတ်ပြီး‌ဒေသခံများနှင့် ‌နောက်ထပ်‌တွေ့ဆုံ‌ဆွေး‌နွေး ရဦးမည်ဟု ‌စောမင်း‌အောင်လင်းက ထပ်မံ‌ပြောဆိုသည်။

ထို့အပြင်ပြီးခဲ့‌သောဧပြီလ၁ရက်‌နေ့တွင်လည်း ပြည်သူလွတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်း‌စေအွာကမိကရင်‌ကျေးရွာလူထုများနှင့် သွား‌ရောက်‌တွေ့ဆုံကာ ၎င်းကဘိလပ်‌မြေစက်ရုံအသစ်ကို မိကရင်ရွာတဝိုက်ရှိ‌ကော့ဖျန်‌တောင်အနီးတွင် ‌ဆောက်လုပ်မည်ဖြစ်‌ကြောင်း၊ ထိုစက်ရုံလာ‌ရောက်တည်‌ဆောက်ခြင်းနှင့် ပတ်သက်၍‌ဒေသခံများ၏ဆန္ဒအ‌ပေါ်မှာ မူတည်ပါ‌ကြောင်း၊ ‌ဒေသခံများအ‌နေဖြင့်‌သေချာစွာ စဉ်းစားဆုံးဖြတ်‌စေချင်ပါ‌ကြောင်း ‌ဒေါ်နန်း‌စေးအွာက မိကရင်‌ကျေးရွာ‌ဒေသခံများကို ‌ပြောသည်ဟုသိရသည်။

အမည်မ‌ဖော်လိုသူ မိကရင်‌ကျေးရွာသားတစ်ဦးက“ပြည်နယ်ကွင်းဆင်းစစ်‌ဆေး‌ရေအဖွဲ့ မ‌ရောက်လာခင်မှာ ‌ဒေါ်နန်း‌စေးအွာက အရင်တစ်ရက် ကြို‌ရောက်လာတယ်‌လေ။ ‌ဒေါ်နန်း‌စေအွာရွာအထိ လာ‌ရောက်‌ပြောဆိုအသိ‌ပေးတာ ‌ကျေးဇူးအထူးတင်တယ်။ အခုလိုသိသွား‌တော့ ကျ‌နော်တို့ ‌ဒေသခံ‌တွေပြန်လည်‌ဆွေး‌နွေးသုံးသပ်လို့ အချိန်ရတယ်။ ဒီကိစ္စကအ‌တော်အ‌ရေးကြီးတဲ့ကိစ္စပဲ‌လေ။ ကွင်းဆင်းစစ်‌ဆေး‌ရေးအဖွဲ့‌ရောက်လာ‌တော့ ကျ‌နော်တို့က‌တော့‌နောက်တစ်ကြိမ် ပြန်လာပါလို့‌ပြောတယ်။ အခုချက်ချင်း‌တော့ကျ‌နော်တို့ အ‌ဖြေ‌ပေးဖို့မလွယ်‌သေးဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံများ၏‌ပြောပြချက်အရ ယခုတည်‌ဆောက်မည့်ဘိလပ်‌မြေစက်ရုံသစ်ကို Myanmar Cement and Mineral Production ကုမ္ပဏီကတာဝန်ယူ ‌ဆောက်လုပ် မည်ဖြစ်ပြီးတစ်ရက်လျှင် ဘိလပ်‌မြေတန် (၁၀၀၀၀) နှုန်းဖြင့် ထုန်လုပ်နိုင်မည်ဟုသိရသည်။