Home သတင်း တိုင်းရင်းသား‌ဒေသများအတွင်းရှိ လူထုများအတွက် နီပွန်‌ဖောင်‌ဒေး ရှင်းမှ ဆက်လက်ကူညီသွားမည်

တိုင်းရင်းသား‌ဒေသများအတွင်းရှိ လူထုများအတွက် နီပွန်‌ဖောင်‌ဒေး ရှင်းမှ ဆက်လက်ကူညီသွားမည်

1564
ဧပြီလ ၉ ရက် ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း ( ‌ကေအိုင်စီ)

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား‌ဒေသများတွင် လူထုများအတွက် လိုအပ်‌နေသည့် ကူညီ‌ထောက်ပံ့ မှုများကို ဂျပန်နိုင်ငံရှိ နီပွန်‌ဖောင်‌ဒေးရှင်းမှ ‌ရေရှည်စီမံ ကိန်းအဖြစ် ဆက်လက် ကူညီ‌ပေးသွားရန် သ‌ဘောတူ လိုက်‌ကြောင်း UNFC က ယမန်‌နေ့၌ ‌ကြေညာချက် ထုတ်ပြန်ထားသည်။

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC) မှ ကိုယ်စားလှယ်များသည် နီပွန်‌ဖောင်‌ဒေးရှင်း၏ ဖိတ်ကြားချက်အရ ဧပြီလ ၁ရက်မှစ၍ ဂျပန်နိုင်ငံ တိုဂျိုမြို့သို့ သွား‌ရောက်ခဲ့သည့် ၅ရက်တာ ခရီးစဉ်အတွင်း နီပွန်‌ဖောင် ‌ဒေးရှင်းနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား‌ဒေသများအတွင်း လူထုများအတွက် ဆက်လက် အကူအညီ‌ပေးနိုင်‌ရေး ကို ‌ဆွေး‌နွေးခဲ့ရာ သ‌ဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု UNFC ကိုယ်စားလှယ်အဖြစ် ထိုခရီးစဉ်တွင် ပါဝင်ခဲ့သူ ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဖက်အတွင်း‌ရေးမှူး ပဒို မန်းမန်းက ‌ကေအိုင်စီကို ‌ပြောသည်။

“ဂျပန်နိုင်ငံအ‌နေနဲ့ ‌ရှေ့ဆက်ပြီး အကူအညီ‌ပေးဖို့‌တော့ အလားအလာ ရှိပါတယ်။ ‌ရေရှည်ဆက်ပြီး ကူညီနိုင်ဖို့ က‌တော့ နိုင်ငံ‌ရေး အာမခံချက်နဲ့ ကျ‌တော်တို့ရဲ့ လုပ်ငန်းအ‌ပေါ် စီမံချက်၊ တာဝန်ယူမှု၊ အရည်အချင်းနဲ့ အင်အား‌ပေါ်မှာ မှုတည်ပါ တယ်” ဟု ပဒိုမန်းမန်းက ‌ပြောသည်။

အဆိုပါခရီးစဉ်တွင် UNFC ဥက္ကဌအဖြစ် KIO မှ ဒုတိယဗိုလ်ချုပ်ကြီး အင်ဗန်လ၊ ဒုဥက္ကဌ အဖြစ် KNU မှ ပဒို ‌စော‌ဒေးဗစ်သာက‌ဘော အပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင် ၂၃ဦးသည် နီပွန်‌ဖောင်‌ဒေးရှင်းမှ တာဝန်ရှိသူများ နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအား‌ဘေးအပြင် ဒုဝန်ကြီးချုပ်၊ နိုင်ငံခြား‌ရေးဝန်ကြီးနှင့် ‌တွေ့ဆုံခဲ့သည်။

ဂျပန်အစိုးရနှင့် နီပွန်‌ဖောင်‌ဒေးရှင်းတို့အ‌နေဖြင့် တိုင်းရင်းသား ‌ဒေသများတွင် လှုမှုအ‌ခြေခံအ‌ဆောက်အအုံများ၊ ပြန်လည်ထူ‌ထောင် ‌ရေးလုပ်ငန်း၊ မြန်မာအစိုးရနှင့် နိုင်ငံ‌ရေးအရ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု ဖြစ်‌ပေါ်လာ‌စေရန် နှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုး‌ပေးနိုင်‌ရေး တို့ကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု UNFC ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

“ဒီလူမှု‌ရေးကူညီ‌ထောက်ပံ့မှု ကိစ္စ‌တွေက‌နေတစ်ဆင့် နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲမှု လုပ်ငန်းစဉ်‌တွေအတွက် အ‌ထောက် အကူပြုရမယ်လို့ UNFC ရဲ့ ‌ပေါ်လစီမှာ ချမှတ်ထားတာ ရှိပါတယ်။ အဲဒါ‌ကြောင့် တိုင်းရင်းသား‌တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ‌ရေး စတဲ့ နိုင်ငံ‌ရေးကိစ္စ‌တွေမှာ အခုလို အကူအညီ‌ပေးတဲ့အချိန်မှာကတည်းက တစ်ပြိုင်နက်တည်း ကိုယ့်ရဲ့စီမံခန့်ခွဲပိုင် ခွင့် ရှိနိုင်‌အောင် ညှိနှိုင်းပြီး ကြိုးစား‌ဆောင်ရွက်သွားရအုံးမှာ ဖြစ်ပါတယ်” ဟု ပဒိုမန်းမန်းက ‌ပြောသည်။

ထို့အပြင် ဂျပန်အစိုးရဘက်မှ ဂျပန်ပြည်သူတို့၏ ဆန္ဒအရ ဒုတိယကမ္တာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးသွားခဲ့‌သော ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများကို ပြန်လည် တူး‌ဖော်‌ရေးတွင် UNFC အ‌နေဖြင့် ပူး‌ပေါင်းကူညီ‌ပေးရန် ‌တောင်းဆိုမှုများ ရှိခဲ့သည်ဟု ပဒိုမန်းမန်းကဆက်‌ပြောသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား‌ဒေသများတွင် ယခင်နှစ်အတွင်း လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီအဖြစ် ‌ဒေါ်လာ ၃ သန်းခန့်ရှိ‌သော ကူညီ‌ထောက်ပံ့များ ‌ပေးခဲ့သလို နီပွန်‌ဖောင်‌ဒေးရှင်းအ‌နေဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွင်းရှိ ပြည်တွင်း ဒုက္ခသည် (IDP) များကို စားနပ်ရိက္ခာ နှင့် ‌ဆေးဝါးများ ကူညီ‌ပေးခဲ့ပြီး လွန်ခဲ့သည့် မတ်လအတွင်းတွင်လည်း ကချင်ပြည်နယ်၊ သျှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့အတွက် ‌ဒေါ်လာ ၇သန်း ‌ပေးအပ် ကူညီခဲ့ပြီဖြစ်‌ကြောင်း သိရသည်။